20.3.13

အီတလီ နည်းပြ ပရင်ဒယ်လီ တော့တီအား ပြန်ခေါ်လို

အီတလီ အသင်းနည်းပြ ပရင်ဒယ်လီက ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ တော့တီအား ကြံ့ခိုင်မှု ပြည့်ဝနေ ပါက ခေါ်ယူသွားမည်ဟု ပြောခဲ့သည်။ သူက တော့တီ၏ ခြေစွမ်း အား ကျေနပ်နေ ပြီး လာမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပချိန်ထိ တော့တီ၏ ကြံ့ခိုင်မှု ပြည့်ဝကောင်းမွန်ရန် မျှော်လင့်နေသည်။ ရိုးမား အသင်း၏ ဂန္တ၀င် ကစားသမားဖြစ်သူ တော့တီသည် ၂၀၀၇ မှာ လက်ရွေးစင် ကစားသမား ဘ၀မှ အနားယူခဲ့ပြီး ကလပ် အသင်းအတွက်သာ ကစားနေသူ ဖြစ်သည်။

သို့သော် လက်ရှိ အီတလီ နည်းပြ ဖြစ်သူ ပရင်ဒယ်လီက တော့တီ အား ပြန်လည်ခေါ်ယူရန် စဉ်းစားနေကြောင်း ၀န်ခံခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ တော့တီ၏ ကြံ့ခိုင်မှုပေါ်မှာ မူတည်သည်ဟု သူက ပြောခဲ့သည်။ အီတလီ အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန်၏ အုပ်စု (B) မှာကျရောက်နေတာဖြစ်ပြီး လာမည့် ၂၆ ရက်နေ့မှာ မော်လ်တာ အသင်းနှင့် ယှဉ်ပြိုင်ရ မှာ ဖြစ်သည်။ တော့တီသည် အီတလီ အသင်းအတွက် ၅၈ ပွဲကစားပေးထားသူ ဖြစ်သည်။

0 comments:

Post a Comment