20.3.13

ကမ္ဘာ့အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

အဘူဒါဘီ မြို့တော် အနီးရှိ သဲကန္တာရအတွင်း တည်ရှိသော ဓာတ်အားပေးစက်ရုံသည် ဆိုလာပြားများကို တစ်နေရာထဲတွင် အကြီးမားဆုံး ဖြန့်ကျက်တည်ဆောက်ထားသည့် စက်ရုံလည်း ဖြစ်သည်။ စက်ရုံ၏ အကျယ်သည် (၂.၅)စတုရန်း ကီလိုမီတာရှိသည်။ ကမ္ဘာ့အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ် UAE နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို

စတင်ဖွင့်လှစ်လိုက်ပြီ ဟု သိရှိရသည်။ အရှေ့အလယ်ပိုင်း ဒေသ ရှိ နေရောင်ခြည် ပူပြင်းကောင်းမွန်စွာ ကျရောက်ရာ နိုင်ငံ၏ သမ္မတဖြစ်သော ရှိတ်စော်ဘွား ခါလီဖာ ဘင်ဇာယက်ဒ် အယ်လ်ညာဟန်သည် အဆိုပါ ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်မှု အခမ်းအနားကို တနင်္ဂနွေနေ့က ကိုယ်တိုင်တက်ရောက်ခဲ့သည်။ Shams 1 အမည်ရှိ စက်ရုံသည် မဂ္ဂါဝပ်(၁၀၀) ရှိ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်မည် ဖြစ်သည်။

0 comments:

Post a Comment