20.3.13

ဥရောပ ဘောလုံးလောကသို့ ပြောင်းရန် စိတ်ဝင်စားနေသော နေမာ

ဆန်းတို့စ် တိုက်စစ်မှူး နေမာသည် ဥရောပ ဘောလုံး လောကသို့ ပြောင်းရန် စိတ်ဝင်စားနေကြောင်း သိရသည်။ အဆိုပါ ဘရာဇီး တိုက်စစ်မှူးသည် ဘာစီိလိုနာ၊ ရီးရဲလ် သို့မဟုတ် ချဲလ်ဆီး စသည့် ဥရောပ ကလပ် အသင်းများနှင့် ရေပန်းစားနေသလို မန်စီးတီး အသင်းကလည်း သူ့ကို စောင့်ကြည့်နေသည်။ ဆန်းတို့စ် အသင်းသည် နေမာကို စာချုပ်သက်တမ်း တိုးရန် မျှော်လင့်နေသော်လည်း ကစားသမား ကိုယ်တိုင်က ဥရောပသို့ ပြောင်းလိုနေခြင်း ဖြစ်သည်။

နေမာက မိမိမှာ ဘာစီလိုနာ၊ ရီးရဲလ်နှင့် ချဲလ်ဆီးတို့လို ထိပ်တန်း အသင်းကြီးမှာ ကစားရန်အတွက် ဥရောပသို့ သွားရန် ရည်မှန်း ထားကြောင်း၊ မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့နှင့် တွဲကစားရန် အိပ်မက် မမက်နိုင်သော သူရှိမည်ပင် မဟုတ်ကြောင်း၊ သူတို့မှာ ကစားသမားကောင်းများ ဖြစ်ကြောင်း၊ အနာဂတ်မှာ ဘာစီလိုနာလို အသင်းမျိုးကို ရောက်ဖြစ်မှာလား ဆိုတာတော့ မသိနိုင်ကြောင်း၊ သို့သော် လက်ရှိ ဆန်းတို့စ် အသင်းမှာ မိမိ အနေဖြင့် ပျော်နေကြောင်း ဆိုသည်။

0 comments:

Post a Comment