20.3.13

ကြံ့ခိုင်မှုပြဿနာကြောင့် အင်္ဂလန်အသင်းမှ ဖာဒီနန်နုတ်ထွက်

မန်ယူနောက်ခံလူ ဖာဒီနန်မှာ ဆန်မာရီနို၊ မွန်တီနီဂရိုးတို့နှင့် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် အင်္ဂလန် လက်ရွေးစင်အသင်းမှ နုတ်ထွက်ခဲ့သည်။ ၎င်းမှာ ကြံ့ ခိုင်မှုမပြည့်ဝသောကြောင့် ပွဲဆက်များသည့် ဒဏ် ခံနိုင်မည်မဟုတ်ဟု ဆေးမှတ်တမ်းများက ဖော်ပြခဲ့သည်။ ဖာဒီနန်မှာ နည်းပြ ရွိုင်းဟော့ဆန်နှင့် တွေ့ဆုံ ခဲ့ပြီး နောက် ယခုကဲ့သို့ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ “အသင်းမှာ ဖာဒီနန်ကို မထည့်သွင်း နိုင်ခဲ့လို့ စိတ်ပျက်မိပေမယ့်

ဆေးမှတ်တမ်းတွေအရ သူ့ကို ခေါ်ယူဖို့မဖြစ်နိုင်ခဲ့ပါဘူး။ ဖာဒီနန်ဟာ အင်္ဂလန်ကို ကိုယ်စားပြုပါဝင် ချင်တဲ့သူဖြစ်ပြီး သူ့ရဲ့လက်ရွေးစင် အနာဂတ်လည်း အဆုံးသတ်ပြီလို့ မပြောနိုင်သေးပါဘူး”ဟု ရွိုင်းဟော့ ဆန်က ဆိုခဲ့သည်။ ဖာဒီနန် နုတ်ထွက် ခဲ့ခြင်းကြောင့် ၎င်း၏နေရာတွင် ယူ-၂၁အသင်းမှ စပါးနောက်ခံလူ ကော်လ်ကာကို အစားထိုးခေါ်ယူခဲ့သည်။

လက်ရွေးစင်အသင်းမှ နုတ်ထွက်ခဲ့ ခြင်းကြောင့် ဖာဒီနန်ကို လက်ရွေးစင် ကစားသမားဟောင်းများက တွစ်တာမှ တစ်ဆင့် ဝေဖန်ခဲ့ကြသည်။ ဖာဒီနန်မှာ ၁၉၉၇ခုနှစ် ကင်မရွန်းနှင့် ပွဲစဉ်တွင် အင်္ဂလန်အတွက် စတင်ပွဲထွက်ခဲ့ပြီး လက်ရွေးစင်ပွဲပေါင်း ၈၁ပွဲ ကစားထား ခဲ့သူလည်းဖြစ်သည်။ သို့သော် ၎င်းမှာ ပြီးခဲ့သော ယူရိုပြိုင်ပွဲတွင် အင်္ဂလန် အတွက် ရွေးချယ်ခံရခြင်း မရှိပေ။

0 comments:

Post a Comment