20.3.13

မျှော်ရစ်ကမ်းခြေတွင် ဝေလငါးတစ်ကောင် သောင်တင်

ထားဝယ်-မတ်၁၉ ထားဝယ် ခရိုင်၊ လောင်းလုံး မြို့နယ်၊ မျှော်ရစ် ကမ်းခြေ (ကမ်းပနီ)တွင် မတ် ၁၆ ရက်နေ့က ဝေလငါး အမျိုး အစား ငါးအသေ ကောင်တစ်ကောင် လာရောက် သောင်တင် နေကြောင်း သိရသည်။ အဆိုပါ ဝေလငါးသည် ခေါင်းဖျားမှ အမြီးဖျား အထိ (၄၂) ပေခန့် ရှည်ပြီး အချို့ အသားများ ပဲ့ကြွေ နေပြီဖြစ်ရာ လွန်ခဲ့သော တစ်လ နီးပါး ခန့်ကပင် သေဆုံး ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံ ရေလုပ်သား ကဆိုသည်။
၂၀၀၅ ခုနှစ် အတွင်း ကလည်း (၃၆) ပေရှည် ဝေလငါး တစ်ကောင်သည် မောင်းမကန် အနီးရှိ သဘော ဆိပ်ကမ်းခြေ တွင် လာရောက် သောင်တင် ခဲ့ပြီး၊ ၄င်းငါး၏ အရိုးစုကို ထားဝယ် တက္ကသိုလ်တွင် ပြသထားကြောင်း သိရသည်။ အခြား ဝေလငါး တစ်ကောင်မှာလည်း ၂၀၀၇ ခုနှစ်ခန့်က တီစစ်၊ စမ်းလှမ်း ကမ်းခြေတွင် လာတင်ခဲ့ ဖူးရာ အရိုးရရန် အတွက် မြေမြှုပ် ထားရှိကြောင်း သိရသည်

0 comments:

Post a Comment