20.3.13

တိုးတက်လာသော အာဖဂန်နစ္စတန်

FIFA မှ နောက်ဆုံး ထုတ်ပြန်ခဲ့သော နိုင်ငံအလိုက် အဆင့် သတ်မှတ်ချက်တွင် အာဖဂန်နစ္စတန် အသင်းမှာ အထူးခြားဆုံး အဖြစ် အဆင့် ၄၈ ဆင့် ခုန်တက်လာခဲ့ပြီ ဖြစ်သည်။ AFC Challenge Cup 2014 ပြိုင်ပွဲ အတွက် ခြေစစ်ပွဲဝင်ခဲ့သော အာဖဂန် အသင်းမှာ သီရိလင်္ကာ ၊ မွန်ဂိုးလီးယားတို့ကို ၁းဝ စီဖြင့် အနိုင်ရခဲ့ပြီး အိမ်ရှင် လာအိုနှင့် ၁ ဂိုးစီ သရေကျခဲ့ကာ အုပ်စု စီတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။

၁ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ဖြင့် ခြေစစ်ပွဲအောင်ခဲ့ခြင်းကြောင့် FIFA အဆင့် သတ်မှတ်ချက်တွင် အဆင့် ၁၈၉ မှ ၁၄၁ သို့ရောက်ရှိလာခဲ့သည်။

ယင်း AFC Challenge Cup ခြေစစ်ပွဲများတွင် ခြေစစ်ပွဲအောင်ခဲ့ပြီး ဖြစ်သော ပါလက်စတိုင်းမှာလည်း ၁၅၃ မှ ၁၅၀ သို့ ၎င်း ၊ မြန်မာမှာ ၁၆၄ မှ ၁၅၅ သို့ ၎င်း အသီးသီး တက်လာခဲ့ကြသည်။ ယင်း ပြိုင်ပွဲအတွက် ခြေစစ်ပွဲ ကစားရန် အုပ်စု ၂ ခု ကျန်ရှိနေသေးပြီး အုပ်စု အားလုံးမှ အုပ်စုဗိုလ် ၅ သင်း ၊ အကောင်းဆုံး ဒုတိယ ၂ သင်းတို့သည် အိမ်ရှင် မော်လဒိုက် နှင့် အတူ နောက်ဆုံး အဆင့် ပွဲစဉ် များမှာ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး ဗိုလ်စွဲသော အသင်းများမှာ ၂၀၁၅ တွင် သြစတြေးလျတွင် ကျင်းပမည့် AFC အာရှဖလားပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ရရှိမည် ဖြစ်သည်။

0 comments:

Post a Comment