20.3.13

ဝေးလ် အသင်းပွဲစဉ်အား အကောင်းဆုံး ထိန်းချုပ်မည့် စကော့တလန် အသင်း

ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင် စကော့တလန် အသင်း လက်ထောက် နည်းပြ မက်ဂီးက သောကြာနေ့မှာ ရင်ဆိုင်ရမည့် ဝေးလ်အသင်းနှင့် ပွဲစဉ်အတွက် ဂါရတ်ဘေးလ်အား ထိန်းချုပ်နိုင်ရန် ပြင်ဆင်ထားေ ကြာင်း ပြောခဲ့သည်။ သူက ဝေးလ် အသင်းနှင့် ရင်ဆိုင်ရန် ယုံကြည်မှု အပြည့်အ၀ ရှိနေပြီး ဝေးလ်အသင်းမှ တောင်ပံကစားသမား ဂါရတ်ဘေးလ်အားထိမ်းချုပ်နိုင် မည်ဟု ယုံကြည်နေသည်။စကော့တလန်အသင်းနှင့် ဝေးလ်အသင်းတို့သည်

ဥရောပဇုန် အုပ်စု (A) မှာ ကျရောက်နေခဲ့ပြီး ၂ သင်းစလုံးဟာ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေသည့် အသင်းများဖြစ်သည်။ စကော့တလန် အသင်းသည် ဝေးလ် အသင်းနှင့် မတ်လ ၂၆ ရက်နေ့မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ထိုပွဲစဉ်မှာ ဟူးစီးတီး တိုက်စစ်မှူး ဂျော့ဘွိုင်းနှင့် ဒန်ဒီး အသင်းတိုက်စစ်မှူး မက်ကေး စတီဗင်တို့ စကော့တလန် အသင်းမှာ ပါဝင်နိုင်မည် ဖြစ်သည်။ ဂျော့ဘွိုင်းကလည်း မိမိတို့သည် ဝေးလ် အသင်းအား အကောင်းဆုံး ခြိမ်းခြောက် သွားရမည်ဟု ပြောခဲ့သည်။

0 comments:

Post a Comment