ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.11.14

တရုတ်နှင့် သြစတြေးလျတို့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုး

တရုတ်နဲ့ သြစတြေးလျတို့ဟာ ဆယ်စုနှစ်တခုကျော်အတွင်း အထင်ကရ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု ကြေညာချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒါဟာ သြစတြေးလျနိုင်ငံတွင်း အမေရိကန်ဒေါ်လာ ဘီလျံချီတန်တဲ့ ဈေးကွက်တွေ ဖွင့်မှုနဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးမှု ဖြစ်ပါတယ်။

သြစတြေးလျ လယ်ယာပြည်ပတင်ပို့ကုန်တွေအတွက် တရုတ်ဈေးကွက်ကို ဖွင့်ပေးမှာ ဖြစ်သလို သယံဇာတကြွယ်ဝတဲ့ သြစတြေးလျနိုင်ငံတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ဖြေလျော့ပေးဖို့ လမ်းစအတွက် ဒီသဘောတူညီချက်က ဖွင့်ပေးလိုက်ပါတယ်။ လက်မှတ်ထိုးပွဲ အပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲကိုလည်း ၂ နိုင်ငံခေါင်းဆောင်တွေ တက်ရောက် ပြောကြားပါတယ်။

တရုတ်ဟာ မဟာမိတ်တွေ၊ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုကျယ်တဲ့ ကမ္ဘာတို့နဲ့အတူ အခြေခံ ကျင့်ဝတ်ဆိုင်ရာ ချဉ်းကပ်မှုကို ယူဖို့ ဆန္ဒရှိခဲ့တယ်လို့ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ပြောပါတယ်။

သြစတြေးလျဟာ ကျောက်မီးသွေးနဲ့ သံရိုင်းသတ္တုတွင်းထွက်တွေကို ပြည်ပတင်ပို့မှုအပေါ် အားထားနေရမှုကနေ အာရှရဲ့ ကြီးထွားလာတဲ့ လူလတ်တန်းစား အလွှာအတွက် စားသောက်ကုန်နဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ တင်ပို့ရာမှာ တိုးချဲ့ ပြောင်းလဲဖို့ ကြိုးစားနေတာပါ။

တရုတ်ဟာ သြစတြေးလျရဲ့ ထိပ်တန်းကုန်သွယ်ရေး မဟာမိတ် ဖြစ်ပြီး အပြန်အလှန် ကုန်သွယ်ရေး ၂၀၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံတန်ဖိုး ရှိခဲ့ပါတယ်။

တရုတ်သမ္မတဟာ ဂျီ ၂၀ ထိပ်သီးညီလာခံကို တက်ရောက်အပြီး ကင်ဘာရာမှာ သြစတြေးလျဝန်ကြီးချုပ်နဲ့ တွေ့ဆုံတာပါ။

ဆစ်ဒနီနဲ့ တက်စ်မေးနီးယားနိုင်ငံမြို့တော် ဟိုဘာ့တ်တို့ကိုလဲ ဆက်လက်သွားရောက်ဖို့ စီစဉ်ထားပါတယ်။

DVB

ဂျေရုဆလင် ဘုရားကျောင်း တစ်ခုတွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အစ္စရေးလေးဦး သေဆုံး


အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့ရှိ ဂျူးဘုရားကျောင်း တစ်ခုတွင် ပုဆိန်နှင့် ဓားများ ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား နှစ်ဦး၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး အစ္စရေးလေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။


ရဲတပ်ဖွဲ့က အဆိုပါလူနှစ်ဦးကို ဘုရားကျောင်းထဲတွင်ပင် အသေပစ်ခတ်ခဲ့ကြောင်း ပြောကြားပြီး ယခုတိုက်ခိုက်မှုသည် အကြမ်းဖက်မှု တစ်ရပ်အဖြစ် ပြစ်တင်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း ဝတ်ပြုရန် ရောက်ရှိနေသည့် အစ္စရေးလေးဦး သေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ပါလက်စတိုင်းနှင့် တင်းမာမှုများ ရှိနေသလို ဘာသာရေးအရ မြင့်မြတ်သော အထိမ်းအမှတ် နေရာများ ပိုင်ဆိုင်ခွင့်အတွက် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။ ထို့အပြင် အပြန်အလှန် တိုက်ခိုက်မှုနှင့် ပြန်ပေးဆွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဂျေရုဆလင်တွင် အခြေအနေ တင်းမာမှုများ ပိုမိုဆိုးရွားလာခဲ့သည်။

ဂျေရုဆလင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မစ်ကီရိုဆန်ဖဲလ်က ဘုရားကျောင်းထဲတွင် ဝတ်ပြုနေသူများ စည်ကားနေချိန်ကို အချိန်ကိုက် ရွေးချယ်ပြီး ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားခြင်းဟု မှတ်ချက်ပြုခဲ့သည်။ ဒဏ်ရာရသူများကို ဂျေရုဆလင် ဆေးရုံသို့ တင်ပို့ထားကြောင်းလည်း ၎င်းက ဆိုသည်။

ပါလက်စတိုင်းတို့သည် (၁၉၆၇)ခုနှစ် ကတည်းက အစ္စရေး ထိန်းချုပ်ထားသည့် ဂျေရုဆလင် အရှေ့ပိုင်းကို တောင်းဆိုနေပြီး ၎င်းတို့၏ အနာဂတ် ပါလက်စတိုင်း နိုင်ငံအတွက် မြို့တော်အဖြစ် သတ်မှတ်ရန် လိုလားနေသည်။ လတ်တလော ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများအတွက် အစ္စရေးနှင့် ပါလက်စတိုင်း အာဏာပိုင်များက အပြန်အလှန် အပြစ်ဖို့လျက် ရှိကြသည်။

_Ref: BBC

အစ္စလာမ္မစ် စစ်သွေးကြွများ ကျူးကျော်ဝင်ရောက်မှုကြောင့် ဆီရီးယားရှိ အကြီးဆုံးရေနံမြေ ပိတ်လုနီးပါးဖြစ်

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကို အစ္စလာမ္မစ် စစ်သွေးကြွတွေ ကျူးကျော် ၀င်ရောက်လာလို့ နိုင်ငံရဲ့ အကြီးဆုံးရေနံမြေကို ပိတ်ချရလုနီးပါး ဖြစ်နေပါတယ်။

အယ်လ်ရူမီလန်ရေနံမြေဟာ ကာ့ဒစ်ရှ်ပြည်သူ့ကာကွယ်ရေးတပ်(၀ိုင်လ်ပီဂျီ) ပြည်သူ့စစ်တွေ ထိန်းချုပ်လည်ပတ်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြေလို့ တဖတ်သတ် ကြေ ညာထားတဲ့ ခရိုင်နားမှာ ရှိပါတယ်။ ဒါပေမယ့် ဒီရေနံမြေကို ထိန်းချုပ်ရလို့ အများထင်သလို စီးပွား ဖြစ်တာတော့ မဟုတ်ပါဘူး။

ရေနံမြေဟာ အကြမ်းဖက်မှုတွေ များတဲ့ အီရတ်နဲ့ မငြိမ်သက်တဲ့ တူရကီတို့ကြားမှာ ပိတ်မိနေလို့ ဆီးရီးယားအစိုးရနဲ့ ကာ့ဒ်တွေက ဒီနေရာကနေထုတ်တဲ့ ရေနံအတွက် ဈေးကွက် သိပ်မရှိဘူးလို့ ယူဆထားပါတယ်။

ဒီရေနံမြေကို အိုင်အက်စ်အဖွဲ့က သိမ်းပြီးကတည်းက ရေနံကို ဘယ်သူမှ မဝယ်တော့ဘူး လို့ အက်စ်ပီစီ ဆီးရီးယားရေနံကုမ္ပဏီ အင်ဂျင်နီယာတွေက ပြောပါတယ်။

အိုင်အက်စ်အဖွဲ့တွေနဲ့ သူပုန်တွေက တူရကီက ညှိနှိုင်းသူတွေကနေ တဆင့် ဥရောပသမဂ္ဂကို ရောင်းဖို့ ဈေးကွက်ကို စိတ်ဝင်စားနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဒဏ်ခတ်မှုတွေနဲ့ စီးပွားရေးလုပ်ငန်း ကင်းမဲ့မှု တွေကြောင့် ရေနံချက်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ မသွင်းနိုင် ဖြစ်နေတယ်လို့လဲ ပြောပါတယ်။

အရင်က ဒီရေနံမြေကနေ ၁ ရက်ကို ရေနံစည် ၁ သိန်း ၆ သောင်း ၅ ထောင် ထုတ်ပေမယ့် ခုတော့ ဒေသတွင်းသုံးဖို့ စည် ၃ သောင်းပဲ ထုတ်နိုင်ပါတော့တယ်။

DVB

နယူးယောက်ရှိ ဘရွတ်ကလင်းတံတားပေါ် တွယ်တက်ခဲ့သည့် ပြင်သစ်ခရီးသည်ကို တရားရုံးတင်


အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်က ဘရွတ်ကလင်းတံတားကို တွယ်တက်ခဲ့တဲ့ ပြင်သစ်ခရီးသည်တယောက်ကို နိုဝင်ဘာလ ၁၆ ရက်နေ့က တရားရုံးတင်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ အေးနောင်းဒ်မြို့က ယောနသန် ဆူအိဟာ ဓာတ်ပုံတွေ ရိုက်ဖို့ လူသွားလမ်း ခြံစည်းရိုးကို ကျော်တက်ခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ် ပြင်သစ်ခရီးသည်က တံတားရဲ့မန်ဟတ်တန်ဘက် မျှော်စင်နဲ့ ချိတ်ထားတဲ့ ကေဘယ်ကြိုးတွေဆီကို ရောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

သူ ကို ရာဇဝတ်မှုမြောက်တဲ့ ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အန္တရာယ် ဖြစ်လောက်အောင် မဆင်မခြင် လုပ်မှုတွေနဲ့ တရားစွဲထားတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။

DVB

အိုင်အက်စ် စစ်သွေးကြွများကို လေကြောင်းတိုက်ခိုက်မှု ထပ်မံဆင်နွှဲ




ဆီးရီးယားနဲ့ တူရကီနယ်စပ်နားက ခိုဘာနီမြို့ဝန်းကျင်မှာ နိုဝင်ဘာ ၁၇ ရက်နေ့က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကို အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ပြီး ဆင်နွှဲခဲ့ပါတယ်။

ကျယ်လောင်တဲ့ပေါက်ကွဲသံတွေကို တူရကီဘက်ခြမ်း နယ်စပ်ကနေ ကြားနေရတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

ခိုဘာနီမြို့ကို ဆွန်နီမွတ်စလင်တွေ ဖြစ်တဲ့ အိုင်အက်စ်သူပုန်တွေက ဝိုင်းထားတာ ရက်ပေါင်း ၅၀ ကျော်ပါပြီ။

အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက ခြေကုပ်ကို မထိုးဖောက်နိုင်ပဲ မြို့ထဲမှာ ပိတ်မိနေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေကတော့ အမေရိကန်က ကြိုဆိုတဲ့ ပဲ့ရှ်မာဂါတပ်တွေအရောက်ကို မျှော်နေတာပါ။

ခိုဘာနီတိုက်ပွဲကတော့ အိုင်အက်စ်တွေရဲ့ ထိုးစစ်ကို အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက တားနိုင်စွမ်းရှိ၊ မရှိ စမ်းသပ်ပွဲ ဖြစ်လာနေပါတယ်။

DVB

အစ္စလာမ်ဘာသာသို့ ပြောင်းခဲ့သူ အမေရိကန် စေတနာ့ဝန်ထမ်းကို IS အုပ်စု ရက်စက်စွာ သတ်ဖြတ်မှု မိစ္ဆာလုပ်ရပ်ဟု အိုဘားမား ပြစ်တင်ရှုတ်ချ

ဆီးရီးယားနိုင်ငံရှိ IS အစွန်းရောက် အုပ်စုတို့၏ ဖမ်းဆီးခြင်းခံခဲ့ရသူ အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်း တစ်ဦးဖြစ်သူ အဘူရာမန်ကာဆစ် သတ်ဖြတ်ခံရမှုကို သမ္မတအိုဘားမားက “စစ်မှန်တဲ့ မိစ္ဆာလုပ်ရပ်” အဖြစ် သတ်မှတ်ပြောဆိုပြီး ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန် စေတနာ့ဝန်ထမ်း ရာမန်ကာဆစ်ကို IS တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ရက်စက်စွာ ခေါင်းဖြတ် သတ်ဖြတ်ခံလိုက်ရမှုကို အတည်ပြုနိုင်ခဲ့ပြီးနောက် သမ္မတအိုဘားမားက ယင်းသို့ ကြေညာချက် ထုတ်ပြန်ကာ ဝေဖန်ရှုတ်ချလိုက်ခြင်း ဖြစ်သည်။
သမ္မတ အိုဘားမားသည် သြစတြေးလျနိုင်ငံ၌ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ Air Force One ဖြင့် အပြန်လမ်းတွင် အဆိုပါ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ပြီး သေဆုံးသွားသူ အမေရိကန်ဓားစာခံ ရာမန်ကာဆစ်၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ ပေးပို့သည်။
ထို့ပြင် အိုဘားမားက IS အုပ်စုသည် မွတ်ဆလင်များ အပါအဝင် အပြစ်ကင်းသူများကို ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည့် မရဏဝါဒီ အဖျက်သမား အုပ်စုသာ ဖြစ်ကြောင်း စွပ်စွဲပြောဆိုသည်။
IS အုပ်စုက ထုတ်ပြခဲ့သော ဗီဒီယိုခွေတွင် ၎င်းတို့ ခေါင်းဖြတ်သတ်ခဲ့သည့် ဆီးရီးယား စစ်သားများ၏ ဦးခေါင်းများသာမက အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်း ကာဆစ်လည်း ပါဝင်သည်ဟု အတည်ပြုကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။
အဆိုပါ ဗီဒီယိုထဲတွင် မျက်နှာဖုံး စွပ်ထားသူ အကြမ်းဖက်သမားတစ်ဦးက အမေရိကန် လိုလားသူတစ်ဦး၏ ရုပ်အလောင်းကို ဆီးရီးယားမြောက်ပိုင်း ဒေသ ဒါဘစ်မြို့တွင် မြှုပ်နှံမည် ဖြစ်ကြောင်း ဗြိတိသျှ လေယူလေသိမ်းဖြင့် ပြောဆိုပြီး အခြားအမေရိကန် စစ်သားများလည်း အဆိုပါပုဂ္ဂိုလ်၏ ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း သတိပေးသည်။
အလားတူ ထွက်ပေါ်လာသော အခြားဗီဒီယိုထဲတွင်လည်း ဆီးရီးယား စစ်တပ်မှ တပ်သား ၁၈ ဦးအား ခေါင်းဖြတ် သတ်ဖြတ်နေမှုများ ပါဝင်သည်။
ယခု သတ်ဖြတ်ခံလိုက်ရသော အမေရိကန်နိုင်ငံသား ကာဆစ်သည် အမေရိကန် ကြည်းတပ်မှ ရိန်ဂျာတစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် ၁၃ လခန့်က စတင်ကာ ပြည်တွင်းစစ်နှင့် အခြားတိုက်ပွဲများကြောင့် ပြားပြားဝပ်ခဲ့ရသော ဆီးရီးယားသို့ သွားရောက်ကာ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးခဲ့သည်။
၎င်း၏ မိသားစု အဆိုအရ ကာဆစ်သည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့သူတစ်ဦး ဖြစ်ပြီး ၎င်း၏ ရှေ့နာမည် ပီတာကို အပ္ပဒူရာမန်အဖြစ် ပြောင်းလဲခဲ့သည်။
ယခု ကာဆစ် သတ်ဖြတ်ခံရမှု အပါအဝင် IS အစွန်းရောက်အုပ်စုသည် အနောက်နိုင်ငံသား ငါးဦးကို ကွပ်မျက် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

The Voice Weekly

ဂရိကျောင်းသားတော်လှန်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြ

ဂရိနိုင်ငံရဲ့မြို့တော် အေသင်မှာ ထောင်သောင်းချီနေတဲ့ ဆန္ဒပြသူတွေဟာ ခြိုးခြံ ချွေတာရေး မူဝါဒကို ဆန့်ကျင်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့က ချီတက်ဆန္ဒပြကြပါတယ်။

athensစစ်အာဏာရှင်ကိုတော်လှန်တဲ့ ၁၉၇၃ သွေးစွန်းတဲ့ ကျောင်းသားတော်လှန်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ် ချီတက်ကြတာ ဖြစ်ပါတယ်။ နှစ်ပတ်လည်ဆန္ဒပြပွဲဟာ အစိုးရ ရဲ့ မူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြဖို့ ဂရိတွေအတွက် ဆုံချက်ဖြစ်လာခဲ့တာပါ။

လတ်တလောနှစ်တွေမှာ အီးယူနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့က အာမခံထားတဲ့ ယူရိုငွေ ၂၄၀ ဘီလီယံအတွက် ပင်စင်နဲ့ လုပ်ခလစာ လျော့ချဖြတ်တောက်မှုကို ဒေါသ ထွက်နေကြပါတယ်။

ဒါကြောင့် ဒီနှစ်တွေအတွင်း အကြီးဆုံး နှစ်ပတ်လည်ဆန္ဒပြမှုအဖြစ် ကျောင်းသားတွေ လုပ်သားတွေနဲ့ ပင်စင်စားတွေဟာ အလံတွေကို ကိုင်ဆောင် ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း အမေရိကန်သံရုံးဆီကို ချီတက်ခဲ့ကြပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေးရဲအရာရှိတွေက လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေကို သုံးခဲ့လို့ ချီတက်ပွဲအဆုံးမှာ ရုန့်ရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ၁၉၆၇ – ၇၄ စစ်အာဏာရှင်တွေကို အမေရိကန်က ကျောထောက် နောက်ခံ ပေးခဲ့တယ်လို့ စွပ်စွဲပါတယ်။

ချီတက်မှုကို ကင်းလှည့်ဖို့ မြို့တော်တွင်း ရဲအရာရှိ အယောက် ၇ ထောင်ကို တာဝန်ချထားပြီး မြို့တွင်းဌာန အများအပြားကိုလည်း ပိတ်ထားပါတယ်။

DVB

နိုင်ဂျီးရီးယား အမျိုးသမီးတဦး အသေခံဗုံးခွဲမှုကြောင့် လူ ၂၁ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ ဘောင်ချီပြည်နယ် အဇာရေမြို့က လက်ကိုင်ဖုန်းရောင်းတဲ့ဈေးထဲမှာ အမျိုးသမီးတယောက်က  အသေခံဗုံးခွဲခဲ့လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က လူ ၁၂ ယောက် သေဆုံးပါတယ်။

ဒီပေါက်ကွဲမှုကို ဘယ်သူမှ ချက်ချင်းတာဝန်မခံသေးပေမယ့် အရင် ၂ ပတ်က အကြမ်းဖက်မှုတွေအတွက် ဘိုကိုဟာရမ် သူပုန်တွေကို သံသယရှိထားပါတယ်။

ဘိုကိုဟာရမ်အဖွဲ့ဟာ နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ အစ္စလာမ်မဟ်နိုင်ငံတည်ထောင်ရေး အတွက် ၅ နှစ်ကြာ သွေးချောင်းစီး ပုန်ကန်နေခဲ့တာပါ။

နိုဝင်ဘာ ၇ ရက်နေ့ကလဲ အဇာရေမြို့ရဲ့ပထမဆုံး နိုင်ဂျီးရီးယားဘဏ်ခွဲအပြင်ဘက်မှာ ပေါက်ကွဲမှုတခု ကြောင့် လူ ၇ယောက် သေဆုံးပါတယ်။

အဇာရေနဲ့ ကီလိုမီတာ ၁၀၀ ကွာဝေးတဲ့ ပိုတစ်ခမ်မြို့မှာလဲ အသေခံဗုံးခွဲသမား ၁ ယောက်က ကျောင်းတကျောင်းမှာ ဖောက်ခွဲခဲ့လို့ ကျောင်းသား ၄၈ ယောက် သေဆုံးပါတယ်။

နိုင်ဂျီးရီးယားသမ္မတ ဂွဒ်လဒ်ဂျိုနသန်ဟာ ၂၀၁၅ ဖေဖော်ဝါရီ ရွေးကောက်ပွဲကို ဒုတိယ အကြိမ် သမ္မတသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပြီး အစ္စလာမ်မစ် စစ်သွေးကြွတွေကို နှိမ်နင်းမယ်လို့ ကတိပြုထားပါတယ်။

အနောက်တိုင်းပညာရေးက အပြစ်ရှိတယ်လို့ အဓိပ္ပာယ်ရတဲ့ ဘိုကိုဟာရမ် စစ်သွေးကြွတွေဟာ ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခဲ့ပြီး ရာနဲ့ချီတဲ့ ကျောင်းသားတွေကို ပြန်ပေးဆွဲတာနဲ့ ထောင်နဲ့ ချီတဲ့လူတွေကို သတ်ဖြတ်တာတွေ လုပ်ခဲ့ပြီးပါပြီ။

DVB

ပုပ်ရဟန်းမင်းကြီး Francis ၂၀၁၅ မှာ အမေရိကန်ကို လာမည်

ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ ရှေ့လာမယ့်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုကို အလည်အပတ် လာရောက်ဖို့ရှိတယ်လို့ ကြေညာလိုက်ပါတယ်။ Philadelphia မြို့မှာ ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ မိသားစုညီလာခံကို ပုပ်ရဟန်းမင်းကြီး တက်ရောက်မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ သူရဲ့သက်တမ်း လပေါင်း ၂၀ အတွင်း အရှေ့ဥရောပ၊ အာရှ၊ တောင်အမေရိကားနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေကို သွားရောက်ခဲ့ပြီးပါပြီ။ အမေရိကန်ပြည်ထောင်စုခရီးစဉ်ကို ပုပ်ရဟန်းမင်းကြီးရုံးက တနင်္လာနေ့မှာ အတည်ပြုခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုက ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ နယူးယောက်နဲ့ ကုလသမဂ္ဂ ဌာနချုပ် အပါအ၀င် ၀ါရှင်တန်ဒီစီမြို့တော်ကိုသွားရောက်ဖို့ အလားအလာရှိတယ်လို့ ပြောနေကြပေမယ့် ဗာတီကန်မှာရှိတဲ့ ပုပ်ရဟန်းမင်းကြီးရုံးကတော့ Philadelphia ခရီးစဉ်တခုကိုပဲ အတည်ပြုပြောဆိုခဲ့တာပါ။

Philadelphia ဘုန်းတော်ကြီး Charles Chaput ကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြည်နယ်ခရီးစဉ်ကြောင့် အလွန်အင်မတန်မှ ပျော်ရွှင်ကြည်နူးမိကြောင်း မိန့်ကြားခဲ့ပါတယ်။

ကမ္ဘာရဲ့ ၁.၂ ဘီလီယံရှိတဲ့ ရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး Francis ဟာ ၁၉၆၅ ခုနှစ်က နယူးရောက်မြို့ကို ပုပ်ရဟန်းမင်းကြီး ဆဌမမြောက် ဂျွန်ပေါလ်လာရောက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုကိုလာရောက်တဲ့ စတုတ္တမြောက် ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။

VOA

ခေါင်းဖြတ်သတ် IS ဗွီဒီယိုမှာ ပြင်သစ်တစ်ဦး ပါကြောင်း အစိုးရအတည်ပြု


အမေရိကန် အကူအညီပေးရေးဝန်ထမ်း Abdul-Rahman Kassig ကို ခေါင်းဖြတ်သတ်လိုက်ကြောင်း ကြေညာတဲ့ ဗီဒီယိုမှာ တွေ့ရတဲ့ IS စစ်သွေးကြွတွေထဲမှာ ပြင်သစ်နိုင်ငံသားတယောက်လည်း ပါဝင်တယ်လို့ ပြင်သစ်တာဝန်ရှိသူ တွေက ပြောဆိုလိုက်ပါတယ်။

အဲဒီ ပြင်သစ်နိုင်ငံသားဟာ အသက် ၂၂ အရွယ် Maxime Hauchard ဖြစ်ပြီး သူဟာ Mauritania မှာ ခေတ္တနေထိုင်ခဲ့ပြီးနောက် ဆီးရီးယားကို ရောက်သွားတာ တနှစ်ကျော်ရှိခဲ့ပြီလို့ တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve က ပြောဆိုပါတယ်။

Kassig ရဲ့ခေါင်းပြတ်နဲ့ နောက်ထပ် အနည်းဆုံး ဆီးရီးယား စစ်သားအနည်းဆုံး ၁၈ ဦးခေါင်းဖြတ်ခံရတဲ့ ဗီဒီယိုထဲမှာတွေ့ရတဲ့ ဂျီဟဒ်ဒစ်စ် အစွန်းရောက် ၁၆ ဦးထဲမှာ နောက်ထပ် ပြင်သစ်နိုင်ငံသားတဦး ပါဝင်မှုရှိမရှိဆိုတာကို ကြိုးစားစုံစမ်းနေဆဲဖြစ်တယ်လို့ ပြင်သစ်အစိုးရအရာရှိတွေက ပြောပါတယ်။

ဇွန်လကုန်ပိုင်းကစပြီး ဆီးရီးယားနိုင်ငံအတွင်းမှာ လူပေါင်း ၁၄၀၀ ကျော်ကို IS စစ်သွေးကြွတွေက ကွတ်မျက်ခဲ့ပြီး ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား Abdul-Rahman Kassig ဟာ စစ်ဘေးဒဏ်သင့်နေတဲ့ ဆီးရီးယားနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ ဆောင်ရွက်ရင်း လွန်ခဲ့တဲ့ ၁၃ လက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘရက်အိုဘားမားကတော့ ခုလိုခေါင်းဖြတ်သတ်မှုဟာ IS စစ်သွေးကြွတွေရဲ့ မိစ္ဆာတို့ရဲ့ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

VOA

ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျ၊ ၉ ဦး သေဆုံး


ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စစ်ရဟတ်ယာဉ်တစီး ပျက်ကျခဲ့လို့ လိုက်ပါလာသူ စစ်တပ် အရာရှိကြီးတွေအပါအ၀င် ရဟတ်ယာဉ်ပေါ်ပါသူ ၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။
အင်ဂျင် ၂ လုံးတပ် Bell 212 စစ်ရဟတ်ယာဉ်ဟာ ဖာရိုခရိုင်ထဲကမှာ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဖာရိုခရိုင် စစ်တပ် အခြေစိုက်စခန်းကနေ ပျံတက်အပြီး ၁၀ မိနစ်အတွင်း ပျက်ကျခဲ့တာလို့ စစ်တပ်ရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ရဟတ်ယာဉ် ပျက်ကျလို့ သေဆုံးသွားတဲ့အထဲမှာ အမှတ် ၃ ထိုင်းစစ်တပ်က တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးချုပ်တဦးလည်း လိုက်ပါသွားခဲ့ပါတယ်။ ပျက်ကျရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ် ရဟတ်ယာဉ်တွေ ပျက်ကျဖူးတဲ့ အစဉ်အလာ ရှိနေပြီး ၂၀၁၁ ခုနှစ်တုန်းက ၃ ကြိမ် ပျက်ကျခဲ့လို့ လူ ၁၇ ဦး သေဆုံးခဲ့ဖူးပါတယ်။
ဒီဖြစ်စဉ်ကြောင့် စစ်တပ်ရဲ့ Bell212 ရဟတ်ယာဉ်အုပ်စုကို မြေချ စစ်ဆေးခဲ့ရဖူးပါတယ်။

DVB