18.11.14

ဂရိကျောင်းသားတော်လှန်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြ

ဂရိနိုင်ငံရဲ့မြို့တော် အေသင်မှာ ထောင်သောင်းချီနေတဲ့ ဆန္ဒပြသူတွေဟာ ခြိုးခြံ ချွေတာရေး မူဝါဒကို ဆန့်ကျင်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့က ချီတက်ဆန္ဒပြကြပါတယ်။

athensစစ်အာဏာရှင်ကိုတော်လှန်တဲ့ ၁၉၇၃ သွေးစွန်းတဲ့ ကျောင်းသားတော်လှန်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ် ချီတက်ကြတာ ဖြစ်ပါတယ်။ နှစ်ပတ်လည်ဆန္ဒပြပွဲဟာ အစိုးရ ရဲ့ မူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြဖို့ ဂရိတွေအတွက် ဆုံချက်ဖြစ်လာခဲ့တာပါ။

လတ်တလောနှစ်တွေမှာ အီးယူနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့က အာမခံထားတဲ့ ယူရိုငွေ ၂၄၀ ဘီလီယံအတွက် ပင်စင်နဲ့ လုပ်ခလစာ လျော့ချဖြတ်တောက်မှုကို ဒေါသ ထွက်နေကြပါတယ်။

ဒါကြောင့် ဒီနှစ်တွေအတွင်း အကြီးဆုံး နှစ်ပတ်လည်ဆန္ဒပြမှုအဖြစ် ကျောင်းသားတွေ လုပ်သားတွေနဲ့ ပင်စင်စားတွေဟာ အလံတွေကို ကိုင်ဆောင် ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း အမေရိကန်သံရုံးဆီကို ချီတက်ခဲ့ကြပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေးရဲအရာရှိတွေက လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေကို သုံးခဲ့လို့ ချီတက်ပွဲအဆုံးမှာ ရုန့်ရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ၁၉၆၇ – ၇၄ စစ်အာဏာရှင်တွေကို အမေရိကန်က ကျောထောက် နောက်ခံ ပေးခဲ့တယ်လို့ စွပ်စွဲပါတယ်။

ချီတက်မှုကို ကင်းလှည့်ဖို့ မြို့တော်တွင်း ရဲအရာရှိ အယောက် ၇ ထောင်ကို တာဝန်ချထားပြီး မြို့တွင်းဌာန အများအပြားကိုလည်း ပိတ်ထားပါတယ်။

DVB

0 comments:

Post a Comment