18.11.14

နိုင်ဂျီးရီးယား အမျိုးသမီးတဦး အသေခံဗုံးခွဲမှုကြောင့် လူ ၂၁ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ ဘောင်ချီပြည်နယ် အဇာရေမြို့က လက်ကိုင်ဖုန်းရောင်းတဲ့ဈေးထဲမှာ အမျိုးသမီးတယောက်က  အသေခံဗုံးခွဲခဲ့လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က လူ ၁၂ ယောက် သေဆုံးပါတယ်။

ဒီပေါက်ကွဲမှုကို ဘယ်သူမှ ချက်ချင်းတာဝန်မခံသေးပေမယ့် အရင် ၂ ပတ်က အကြမ်းဖက်မှုတွေအတွက် ဘိုကိုဟာရမ် သူပုန်တွေကို သံသယရှိထားပါတယ်။

ဘိုကိုဟာရမ်အဖွဲ့ဟာ နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ အစ္စလာမ်မဟ်နိုင်ငံတည်ထောင်ရေး အတွက် ၅ နှစ်ကြာ သွေးချောင်းစီး ပုန်ကန်နေခဲ့တာပါ။

နိုဝင်ဘာ ၇ ရက်နေ့ကလဲ အဇာရေမြို့ရဲ့ပထမဆုံး နိုင်ဂျီးရီးယားဘဏ်ခွဲအပြင်ဘက်မှာ ပေါက်ကွဲမှုတခု ကြောင့် လူ ၇ယောက် သေဆုံးပါတယ်။

အဇာရေနဲ့ ကီလိုမီတာ ၁၀၀ ကွာဝေးတဲ့ ပိုတစ်ခမ်မြို့မှာလဲ အသေခံဗုံးခွဲသမား ၁ ယောက်က ကျောင်းတကျောင်းမှာ ဖောက်ခွဲခဲ့လို့ ကျောင်းသား ၄၈ ယောက် သေဆုံးပါတယ်။

နိုင်ဂျီးရီးယားသမ္မတ ဂွဒ်လဒ်ဂျိုနသန်ဟာ ၂၀၁၅ ဖေဖော်ဝါရီ ရွေးကောက်ပွဲကို ဒုတိယ အကြိမ် သမ္မတသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပြီး အစ္စလာမ်မစ် စစ်သွေးကြွတွေကို နှိမ်နင်းမယ်လို့ ကတိပြုထားပါတယ်။

အနောက်တိုင်းပညာရေးက အပြစ်ရှိတယ်လို့ အဓိပ္ပာယ်ရတဲ့ ဘိုကိုဟာရမ် စစ်သွေးကြွတွေဟာ ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခဲ့ပြီး ရာနဲ့ချီတဲ့ ကျောင်းသားတွေကို ပြန်ပေးဆွဲတာနဲ့ ထောင်နဲ့ ချီတဲ့လူတွေကို သတ်ဖြတ်တာတွေ လုပ်ခဲ့ပြီးပါပြီ။

DVB

0 comments:

Post a Comment