18.11.14

တရုတ်နှင့် သြစတြေးလျတို့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုး

တရုတ်နဲ့ သြစတြေးလျတို့ဟာ ဆယ်စုနှစ်တခုကျော်အတွင်း အထင်ကရ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု ကြေညာချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒါဟာ သြစတြေးလျနိုင်ငံတွင်း အမေရိကန်ဒေါ်လာ ဘီလျံချီတန်တဲ့ ဈေးကွက်တွေ ဖွင့်မှုနဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးမှု ဖြစ်ပါတယ်။

သြစတြေးလျ လယ်ယာပြည်ပတင်ပို့ကုန်တွေအတွက် တရုတ်ဈေးကွက်ကို ဖွင့်ပေးမှာ ဖြစ်သလို သယံဇာတကြွယ်ဝတဲ့ သြစတြေးလျနိုင်ငံတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ဖြေလျော့ပေးဖို့ လမ်းစအတွက် ဒီသဘောတူညီချက်က ဖွင့်ပေးလိုက်ပါတယ်။ လက်မှတ်ထိုးပွဲ အပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲကိုလည်း ၂ နိုင်ငံခေါင်းဆောင်တွေ တက်ရောက် ပြောကြားပါတယ်။

တရုတ်ဟာ မဟာမိတ်တွေ၊ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုကျယ်တဲ့ ကမ္ဘာတို့နဲ့အတူ အခြေခံ ကျင့်ဝတ်ဆိုင်ရာ ချဉ်းကပ်မှုကို ယူဖို့ ဆန္ဒရှိခဲ့တယ်လို့ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ပြောပါတယ်။

သြစတြေးလျဟာ ကျောက်မီးသွေးနဲ့ သံရိုင်းသတ္တုတွင်းထွက်တွေကို ပြည်ပတင်ပို့မှုအပေါ် အားထားနေရမှုကနေ အာရှရဲ့ ကြီးထွားလာတဲ့ လူလတ်တန်းစား အလွှာအတွက် စားသောက်ကုန်နဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ တင်ပို့ရာမှာ တိုးချဲ့ ပြောင်းလဲဖို့ ကြိုးစားနေတာပါ။

တရုတ်ဟာ သြစတြေးလျရဲ့ ထိပ်တန်းကုန်သွယ်ရေး မဟာမိတ် ဖြစ်ပြီး အပြန်အလှန် ကုန်သွယ်ရေး ၂၀၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံတန်ဖိုး ရှိခဲ့ပါတယ်။

တရုတ်သမ္မတဟာ ဂျီ ၂၀ ထိပ်သီးညီလာခံကို တက်ရောက်အပြီး ကင်ဘာရာမှာ သြစတြေးလျဝန်ကြီးချုပ်နဲ့ တွေ့ဆုံတာပါ။

ဆစ်ဒနီနဲ့ တက်စ်မေးနီးယားနိုင်ငံမြို့တော် ဟိုဘာ့တ်တို့ကိုလဲ ဆက်လက်သွားရောက်ဖို့ စီစဉ်ထားပါတယ်။

DVB

0 comments:

Post a Comment