18.11.14

အစ္စလာမ္မစ် စစ်သွေးကြွများ ကျူးကျော်ဝင်ရောက်မှုကြောင့် ဆီရီးယားရှိ အကြီးဆုံးရေနံမြေ ပိတ်လုနီးပါးဖြစ်

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကို အစ္စလာမ္မစ် စစ်သွေးကြွတွေ ကျူးကျော် ၀င်ရောက်လာလို့ နိုင်ငံရဲ့ အကြီးဆုံးရေနံမြေကို ပိတ်ချရလုနီးပါး ဖြစ်နေပါတယ်။

အယ်လ်ရူမီလန်ရေနံမြေဟာ ကာ့ဒစ်ရှ်ပြည်သူ့ကာကွယ်ရေးတပ်(၀ိုင်လ်ပီဂျီ) ပြည်သူ့စစ်တွေ ထိန်းချုပ်လည်ပတ်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြေလို့ တဖတ်သတ် ကြေ ညာထားတဲ့ ခရိုင်နားမှာ ရှိပါတယ်။ ဒါပေမယ့် ဒီရေနံမြေကို ထိန်းချုပ်ရလို့ အများထင်သလို စီးပွား ဖြစ်တာတော့ မဟုတ်ပါဘူး။

ရေနံမြေဟာ အကြမ်းဖက်မှုတွေ များတဲ့ အီရတ်နဲ့ မငြိမ်သက်တဲ့ တူရကီတို့ကြားမှာ ပိတ်မိနေလို့ ဆီးရီးယားအစိုးရနဲ့ ကာ့ဒ်တွေက ဒီနေရာကနေထုတ်တဲ့ ရေနံအတွက် ဈေးကွက် သိပ်မရှိဘူးလို့ ယူဆထားပါတယ်။

ဒီရေနံမြေကို အိုင်အက်စ်အဖွဲ့က သိမ်းပြီးကတည်းက ရေနံကို ဘယ်သူမှ မဝယ်တော့ဘူး လို့ အက်စ်ပီစီ ဆီးရီးယားရေနံကုမ္ပဏီ အင်ဂျင်နီယာတွေက ပြောပါတယ်။

အိုင်အက်စ်အဖွဲ့တွေနဲ့ သူပုန်တွေက တူရကီက ညှိနှိုင်းသူတွေကနေ တဆင့် ဥရောပသမဂ္ဂကို ရောင်းဖို့ ဈေးကွက်ကို စိတ်ဝင်စားနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဒဏ်ခတ်မှုတွေနဲ့ စီးပွားရေးလုပ်ငန်း ကင်းမဲ့မှု တွေကြောင့် ရေနံချက်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ မသွင်းနိုင် ဖြစ်နေတယ်လို့လဲ ပြောပါတယ်။

အရင်က ဒီရေနံမြေကနေ ၁ ရက်ကို ရေနံစည် ၁ သိန်း ၆ သောင်း ၅ ထောင် ထုတ်ပေမယ့် ခုတော့ ဒေသတွင်းသုံးဖို့ စည် ၃ သောင်းပဲ ထုတ်နိုင်ပါတော့တယ်။

DVB

0 comments:

Post a Comment