18.11.14

နယူးယောက်ရှိ ဘရွတ်ကလင်းတံတားပေါ် တွယ်တက်ခဲ့သည့် ပြင်သစ်ခရီးသည်ကို တရားရုံးတင်


အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်က ဘရွတ်ကလင်းတံတားကို တွယ်တက်ခဲ့တဲ့ ပြင်သစ်ခရီးသည်တယောက်ကို နိုဝင်ဘာလ ၁၆ ရက်နေ့က တရားရုံးတင်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ အေးနောင်းဒ်မြို့က ယောနသန် ဆူအိဟာ ဓာတ်ပုံတွေ ရိုက်ဖို့ လူသွားလမ်း ခြံစည်းရိုးကို ကျော်တက်ခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ် ပြင်သစ်ခရီးသည်က တံတားရဲ့မန်ဟတ်တန်ဘက် မျှော်စင်နဲ့ ချိတ်ထားတဲ့ ကေဘယ်ကြိုးတွေဆီကို ရောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

သူ ကို ရာဇဝတ်မှုမြောက်တဲ့ ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အန္တရာယ် ဖြစ်လောက်အောင် မဆင်မခြင် လုပ်မှုတွေနဲ့ တရားစွဲထားတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။

DVB

0 comments:

Post a Comment