ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.11.15

အာဆီယံ အသိုက်အမြုံ ထူထောင်မှုကြောင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းမှု ပိုကောင်းမည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် ပြောကြား


အာဆီယံ အသိုက်အမြုံ (Asean Community) ထူထောင်မှုကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းမှု ပိုကောင်းမည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် လီလောင်မင်းက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တွေ့ဆုံပြီး အချက်ငါးချက်ပါ ပူးတွဲကြေညာချက် ထုတ်ပြန်


ဒေါ်အောင်ဆန်းစု ကြည်နှင့် ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းတို့ နိုဝင်ဘာ ၁၉ ရက်က တစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုအပြီး လွှတ် တော်လုပ်ငန်းများလွှဲပြောင်းရေး အပါအဝင် အချက်ငါးချက်ပါဝင် သည့် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဘုရားများတွင် အလှူပွဲများ ပြုလုပ်မည်



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က တန်ဆောင်တိုင် ပွဲတော်ကာလအတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မန္တလေးရှိ မဟာမြတ်မုနိဘုရားနှင့် ပြည်ရွှေဆံတော်ဘုရား တို့တွင် အလှူပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

မိုးညှင်းတွင် ၆ ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် အနီးတွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ ၆ ရက်မြောက်နေ့အဖြစ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။

ဓာတုလက်နက် ဇီဝလက်နက်များဖြင့် ပြင်သစ်ကို တိုက်ခိုက်လာနိုင်ဟု ဝန်ကြီးချုပ် သတိပေး



  
   ပါရီတိုက်ခိုက်မှုများဖြစ်ပြီးနောက် အရေးပေါ်အခြေအနေအတွက် လွှတ်တော်အမတ်များ ဆွေးနွေးကြရာတွင် ပြင်သစ်ဝန်ကြီးချုပ် မန်နျူရယ်ဗဲလ်က အစွန်းရောက်အကြမ်းဖက်များက ပြင်သစ်ကို ဓာတုလက်နက်သို့မဟုတ် ဇီဝလက်နက်တို့ဖြင့် တိုက်ခိုက်လာနိုင်သည်ဟု သတိပေးသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အဖွဲ့ မလေးရှား နိုင်ငံသို့ထွက်ခွာ


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ မူဟာမက် နာဂျစ်တွန် အဗ္ဗဒူလ်ရာဇာတ်၏ ဖိတ်ကြားချက် အရ ယနေ့ နံနက် က နေပြည်တော် မှ မလေးရှားနိုင်ငံသို့ ထွက်ခွာ သွားကြောင်း သိရသည်။

မိုးညှင်းတိုက်ပွဲတွင် တပ်မတော်က ကေအိုင်အေ တပ်မဟာ (၈) လှုပ်ရှားရာနယ်မြေကို သိမ်းယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ရေးအရာရှိ ပြောကြား

  ကချင်ပြည်နယ် မိုးညှင်း အရှေ့တောင်ကြောပေါ်တွင် နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာတွင် တပ်မတော်က ကေအိုင်အေ တပ်မဟာ (၈) ဌာနချုပ်ကို သိမ်းယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ရေးအရာရှိက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ အစိုးရနှင့် SSPP/SSA ကိုယ်စားလှယ်တို့ နေပြည်တော်၌ ယနေ့ ဆွေးနွေးမည်

အစိုးရ တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA) တို့အကြား ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှ ယခု နိုဝင်ဘာလအလယ်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ထိုသို့ တိုက်ပွဲ ဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ်နှင့် SSPP/SSA ကိုယ်စားလှယ်တို့ နိုဝင်ဘာ ၂၀ ရက် (ယနေ့) တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရမ်းချဉ်သီးအခွံကိုစားခြင်းကြောင့် လေဖြတ်နိုင်ခြေ လျော့ကျနိုင်


ခရမ်း ချဉ်သီး အခွံကို စားခြင်း ကြောင့် လေဖြတ် နိုင်ခြေ လျော့ကျနိုင် အဟ်လေ့ဘိုက်(အ.စ)
သတင်း ဌာန ၊ အဗ်နာခရမ်း ချဉ်သီး အခွံမှာ တွေ့ရှ နိုင်တဲ့ လိုင်ကို ပင်းပါ ဝင်တဲ့ ဆေးပြားတွေ ကိုမှီဝဲရင် လေဖြတ် နိုင်ခြေ ကို လျှော့ချ နိုင်ပြီး ကင်ဆာကြီး ထွားမှုကို တားမြစ် နိုင်တယ် လို့ လေ့လာ မှုအရ တွေ့ရှိထား ပါတယ်။

အသက် လေးလအရွယ် ကလေးငယ်များကို ဒီဇင်ဘာတွင် ပိုလီယိုကာကွယ်ဆေးသစ် ထိုးပေးမည်



တစ်နိုင်ငံလုံးရှိ အသက်(၄)လအရွယ် ကလေးများငယ်များအား လာမည့် ဒီဇင်ဘာလ၌ ပိုလီယို ကာကွယ်ဆေးအသစ် ထည့်သွင်းထိုးနှံမည်ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ သိရသည်။
ကျန်းမာရေး ၀န်ကြီးဌာနသည် ကလေးများကို ပိုလီယိုရောဂါ ကာကွယ်ရန်အတွက် ပုံမှန်တိုက် ဆေး အပြင်လာမည့် ဒီဇင်ဘာအတွင်း ပိုလီယိုကာကွယ်ဆေးအသစ် ထိုးသွင်းခြင်း အစီအစဉ်ပါ ပါဝင် မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူ ဒေါက်တာ လှလှတင့်က ပြောသည်။

ရွေးကောက်ပွဲအလွန်အခြေအနေများ သံတမန်များ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေး



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းဆုကြည်မှ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား သံရုံးများမှ သံတမန် ၅၅ဦး နှင့် နိုဝင်ဘာ ၁၉ရက် ညနေ ၃နာရီက နေပြည်တော် လွှတ်တော်ဝန်းရှိ တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရေးရာ အဆောင်အတွင်း အချိန်(၂)နာရီခွဲခန့် တွေ့ဆုံဆွေးနွေးခဲ့သည်။