20.11.15

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အဖွဲ့ မလေးရှား နိုင်ငံသို့ထွက်ခွာ


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ မူဟာမက် နာဂျစ်တွန် အဗ္ဗဒူလ်ရာဇာတ်၏ ဖိတ်ကြားချက် အရ ယနေ့ နံနက် က နေပြည်တော် မှ မလေးရှားနိုင်ငံသို့ ထွက်ခွာ သွားကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး နှင့် ဆက်စပ် ထိပ်သီးအစည်း အဝေးများ တက်ရောက် ရန်အတွက် မလေးရှားနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် ဖြစ်သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ က လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြောင်းသိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment