20.11.15

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဘုရားများတွင် အလှူပွဲများ ပြုလုပ်မည်



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က တန်ဆောင်တိုင် ပွဲတော်ကာလအတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မန္တလေးရှိ မဟာမြတ်မုနိဘုရားနှင့် ပြည်ရွှေဆံတော်ဘုရား တို့တွင် အလှူပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြည်ရွှေဆံတော်ဘုရား ဗုဒ္ဓမြတ်စွယ်တော်ဘုရား ပွဲ၌ ကျပ်သိန်း ၂၀ နှင့် ဘုရားလှည့်ရာတွင် အလှဆင်ရန် အတွက် ကျပ် ၁၈ သိန်း လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၆ ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့တော်ရှိ ရွှေတိဂုံစေတီနှင့် မန္တလေးမြို့တော်ရှိ မဟာမြတ်မုနိဘုရားကြီး တို့တွင် ဆီမီးပူဇော်သွားမည် ဖြစ်သည့်အပြင် ထိုနေ့တွင် လာရောက်ကြသည့် ဘုရားဖူးများကိုလည်း ဖယောင်းတိုင်နှင့် ယောဂီတဘက်များ လက်ဆောင်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

Credit To >>> The Voice News 

0 comments:

Post a Comment