ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

2.7.13

၁၁ နှစ်သမီး အရွယ် မိခင်

 
ဘယ်လ်ဂျီယမ်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေး တစ်ယောက်မှာ သမီး တစ်ယောက် မွေးဖွား ခဲ့ပါတယ် ။ သူမဟာ လက် ထပ်ပွဲ ဒုတိယ ရက်မှာ နီးစပ်ရာ ဆေးရုံကို သွားရောက်ပြီး မွေးဖွား ခဲ့ရခြင်းဖြစ်ပါတယ် ။

အသက် ၁၁ နှစ်အရွယ် ဒီဘယ်လ်ဂျီယမ် သူဟာ ကစားကွင်းမှာ တခြားသူတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျတာ ခံနေရတုန်း အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ် ။ ဒီအမျိုးသားကတော့ ဒီကောင် မလေးကို စစတွေ့ခြင်း အသက် ၁၅ နှစ်လောက်ရှိပြီလို့ ထင်ခဲ့ပါတယ်လို့ ၀န်ခံခဲ့ပါတယ် ။ သူတို့ ချိန်းတွေ့ပြီး တစ်ပတ်လောက်အကြာမှာ ဒီမိန်းကလေးမှာ ကိုယ်ဝန်ရှိလာခဲ့တယ် ။

သူမမှာ ကိုယ်ဝန်ရှိနေပြီ ဆိုတာ သိလိုက်ရတဲ့အခါ သူဟာ ဒါယောင်္ကျား တစ်ယောက်ရဲ့ တာဝန်ပဲ ဆိုပြီး ကောင်မလေးကို လက်ထပ်ယူဖို့ ဆုံးဖြတ် ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဒီအမျိုးသားဟာ အရွယ် မရောက်သေးသူနဲ့ ကာမ ဆက်ဆံခဲ့တဲ့ အတွက် ထောင် ၆ နှစ်ထိ ကျခဲ့ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရ ပါတယ် ။

ဒီ ၁၁ နှစ်အရွယ် မိန်းကလေးကတော့ ကျောင်းမတက် ချင်တော့ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ သူမဟာ အခု မိခင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့အတွက် လို့ပြောခဲ့ပါတယ် ။ သူမနောက်ဆုံးပြောခဲ့ တာကတော့ “ ကျွန်မ အရုပ်တွေနဲ့ နောက်ထပ် မကစားချင်တော့ပါဘူး ကျွန်မမှာ အရုပ်သစ်တစ်ရုပ် ရနေပြီလေ ” တဲ့ ။ အော် လော ကကြီးလည်း ဘာတွေဖြစ်နေပါလိမ့် ။

Ref: todaymyanmar.net

ကွန်ပျူတာက မသိတဲ့ဖိုင်တစ်မျိုးဖြစ်အောင် ပြုလုပ်ပြီး မိမိရဲ့ဒေတာတွေကို လျှို့ဝှက်မယ် မျှဝေမယ်

  






      ဒီနေ့တော့ .mp3 .mp4 .avi .jpg .pdf .flv .rar .zip .exe စသဖြင့် ဖိုင်လေးတွေ အကြောင်းနဲနဲပါးပါး ဘာညာလေးရေးပေးမယ်.။ ကွန်ပျူတာသမားအတော်များများဟာ ခုနပြောသွားတဲ့ file format အကြောင်း သိပြီးသားလို့ ယူဆမယ်နော် မသိသေးရင်လည်း သိမ်းဆည်းထားတဲ့ ဖိုင်လေးတွေ mp3 mp4 dat flv jpg pdf rar zip exe စသဖြင့် များစွာကြိုက်နှစ် သက်တာတွေ သိုမှီသိမ်းဆည်း ထားကြပါတယ် ဖိုင်နာမည်များ ကိုလည်း မြန်မာလိုရော အင်္ဂလိပ်လိုရော အမျိုးမျိုးပေးထားကြပါတယ်။ အဲဒီမှာတစ်ခု သတိထားရမှာက Icon လေးတွေမြင်လို့ သိတာထက်နဲနဲသာတဲ့ ပညာလေးပေါ့ဗျာ။ ဟာဒီဖိုင်က ဘာဖိုင်ဆိုတာကို Microsoft ကုမ္မဏီက အဲဒါလေးကိုအရှင်လုပ်ထားတယ်။အဲဒါလေးကို ပြန်ပြင်လိုက်ရင်တော့ သြော်ဒါ mp3 ဖိုင် mp4 jpg စသဖြင့် သိနိုင်ပါပြီ။ အဲဒီနည်းဟာ မသိသေးတဲ့ ကလေးငယ်တွေကို ကိုယ်မကြည့်စေချင်တဲ့ဖိုင်တွေ ဥ ပမာ mp4 တို့ pdf စသဖြင့်ပေါ့ဗျာ.။ အဲဒါလေးကို ဒီနည်းလေးနဲ့ လုပ်ထားမယ်ဆိုရင် ဘယ်လောက်ပင် ဖွင့် ဖွင့် ပွင့်မှာမဟုတ်ပါဘူး မူရင်း mp4 pdf ဖိုင်အတိုင်းပွင့်မှာ မဟုတ်ပါဘူး.။ ဘာကြောင့်လည်းဆိုတော့ ကွန် ပျူတာက ဒါဘာဖိုင်ဆိုတာ မခွဲခြားတတ်တော့ လို့ပါ.။ အမျိုးအမည်မသိတဲ့ဖိုင်လေးပေါ့.။ ဒါကလည်း ခက် လို့တော့မဟုတ်ပါဘူး တစ်ခုလေးပြောင်းပေးရုံနဲ့ နာမည်လေးရဲ့နောက်က .mp3 .mp4 .avi .jpg .pdf .flv .rar .zip .exe စသဖြင့်ဖိုင်နာမည်လေးတွေကို ဖျက်ပေးရုံလေးပါ.။ ဒီနည်းပညာလေးကကိုယ့်ကွန်ပျူမှာ က လိလို့ဖြစ်သွားတာ သီချင်းဖိုင်တွေ dat ဖိုင်တွေကို နာမည်ပြောင်းတော့.dat ဆိုတာလေး   ရောပါ ဖျက် လိုက်မိလို့ တိုင်ပတ်ခဲ့တဲ့ နည်းပညာလေးပေါ့.။ ခုတော့ မသိသေးတဲ့ ကိုယ့်မိတ်ဆွေများအတွက် ပို့စ်တစ်ခု အနေနဲ့ ဖြစ်ပေါ်လာအောင် ရေးလိုက်ပါတယ်.။
   ကဲခုနပြောခဲ့တဲ့ နည်းပညာလေးက ခုမှ စပါပြီး MyComputer ကိုနှစ်ချက်တောက်ဖွင့်ပါ.ဘယ်ကဖွင့်ဖွင့် အဓိကတော့ ပွင့်လာဖို့ရေးကြီးတယ်.ပွင့်လာပြီဆိုလို့ရှိရင် folder option ကိုသွားမယ်.သွားမယ်ဆိုမှ ဘယ် ကသွားရမှန်းမသိသေးရင် ဘယ်ဘက်ခြမ်း၊က Organize>>floder and search options ကိုနှိပ်ပါ ။ ပေါ် လာတဲ့ဘောက်လေးမှာView ကိုနှိပ်ပါ ဖိုင် hidden show ပြုလုပ်တာ နှစ်ခုရဲ့အောက်ကတစ်ကြောင်းကျော် က ( Hide empty drives in the Computer folder) ရဲ့အောက်က ခုရေးပြတဲ့အကြောင်းလေးမှာ Hide extensions for known file types ဆိုတာလေးကို အမှန်ခြစ်ဖြုတ်လိုက်ရင် ကွန်ပျူတာထဲမှာရှိတဲ့သီချင်း၊ ရုပ်ရှင်တွေ၊ ဘာဘာညာညာတွေ .mp3၊.mp4၊.avi၊.jpg၊.pdf၊.flv၊.rar၊၊.zip၊.exe ဆိုတာလေးတွေကိုမြင် ရတွေ့ရပါလိမ့်မယ် ။ ကဲနာမည်ပြောင်းကြည့်မယ်.။ ဥပမာ mp3 ဖိုင်ဆိုလို့ရှိရင်( ဇော်ဝင်းထွဋ်.mp3 Myogyi.mp3) ဆိုပြီးမြင်ရမယ် ဇော်ဝင်းထွဋ်နောက်က .mp3 ဆိုတဲ့ စာသားလေးကို ဖျက်လိုက်ရင် ကွန် ပျူတာက အမျိုးအမည်မသိတဲ့ ဖိုင်လေးဖြစ်သွားပါပြီ.။ ဒီလိုဖြစ်သွားရင် ဘယ်Player နဲ့ဖွင့်ဖွင့် ခုနကနာမည် .ပြောင်းထားတဲ့ဖိုင်ဟာ ဘယ်တော့မှ မပွင့်တော့ဘူး အသံမမည်တော့ဘူး သီချင်းမဟုတ်တော့သလိုဖြစ်နေ ပြီ.။ တစ်ကယ်လို့ mp3 ဖြစ်ချင်တယ်ဆိုလို့ရှိရင် နာမည်နောက်မှာ .mp3 ဆိုတာလေးထည့်ပေးပါ.။ ဒီနည်း ကို အတုယူပြီး အခြားသော avi mp4 flv rar zip စသဖြင့်ဖိုင်တွေကိုလည်း ဒီနည်းအတိုင်းပြုလုပ်ပါလေ။ mp4 ဆိုရင်လည်း .mp4 ဖျက် .mp4 လို့ပြန်ရိုက်ထည့်ပါ.ဒါမှ ပြန်ဖွင့်ကြည့်လို့ရမည်။ .mp4 ဖိုင်တစ်ခုကို .mp3 ပြောင်းလို့ မရပါ အသံမည်မှာ မဟုတ်ပါဘူး.ဒီလောက်ဆို သိလောက်ရောပေါ့ ကဲမရှင်းရင် အပေါ်မှာ ပုံလေးတွေနဲ့ ပြမယ်.။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အများမျှော်မှန်း ထားသလောက် ဖြစ်လာနိုင်ဖွယ် မရှိဟု သူရဦးအောင်ကို ပြောကြား

 
လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်သော်လည်း အများမျှော်မှန်းထား သလောက် ဖြစ်လာနိုင်ဖွယ် မရှိဟု သူရဦးအောင်ကိုက သုံးသပ်ပြောကြားခဲ့သည်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မ ၄၅၇ ခုရှိသည့်အနက် ပုဒ်မပေါင်း ၉၀ ခန့်မှာ ပြင်ဆင်၍ မရအောင် ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

''အားလုံးမျှော်မှန်း ထားသလောက်တော့ ဥပဒေပုဒ်မတွေ ပြင်လို့ရချင်မှရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွဲထားတာကိုက ပုဒ်မပေါင်း ၄၅၇ ခုရှိတယ်။ ပုဒ်မ ၉၀ လောက်က ပြင်လို့ကို မရအောင် ဆွဲထားတာ။ ၁၄ နှစ်ကြီးတောင် အချိန်ယူပြီး ဆွဲထားတာပဲ။ ဒါပေမဲ့ လောကပါလ နတ်မင်းကြီးတွေ စောင့်ရှောက်မှာပါ။ သူ့ဟာသူတော့ အဆင်ပြေသွားမှာပါ။ ခလုတ်တိုက်ပြီးပဲ အဆင်ပြေမလား၊ ချောမွေ့ပြီးပဲ အဆင်ပြေမလား။ ဒါပဲကွာမှာပါ'' ဟု ကန်ပက်လက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။ယခုကျင်းပလျက်ရှိသည့် လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မရှင်ကို တင်သွင်းမည် ဖြစ်ကြောင်းနှင့် ယင်းကော်မရှင်၏ လေ့လာသုံးသပ်ချက်များ အပေါ် ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။

ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မရှင်နှင့် ပတ်သက်၍ သူရဦးအောင်ကိုက အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြုခဲ့သည်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၆ တွင် (က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ အခန်း (၄)ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅)ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆)ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ (ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြား ပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြပါရှိသည်။ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ပြင်ဆင်ရမည့် အချက်များအနက် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၏ အရည်အချင်းများ ပါဝင်သည်။

Ref: EMG

Samsung Device ကို Remote controls လေး on ပြီး အင်တာနက်က ထိန်းချုပ်ကြည့်မယ်

  

 ပထမဆုံး samsung account လေးဖုန်းမှာ sing in ၀င်ထားပါ။ပြီးရင် setting >> More >> Security .အောက်က Remote controls ကို ဖွင့်ပြီး password ပေးလိုက်ပါ။ ပြီးရင်တော့ ဖုန်းပျောက်ရင်ရှာတဲ့ဆိုက် http://findmymobile.samsung.com/ ကိုသွားပြီးတော့ မိမိဖုန်းကိုထိန်းချုပ်လို့ရပါတယ် ကောက်ရတဲ့သူ ဘယ်တွေများခေါ်ထားလဲ။ ringtune နဲ့ သတိလမ်းပေးတာတို့ မိမိဖုန်းကို lock လှမ်းလုပ်တာတို့လုပ်နိုင်ပါ တယ်ခင်ဗျာ။ အဲဒီမှာတစ်ခါတည်း ဖုန်းက ဘယ်ဆီကိုမင်းရောက်နေတာလဲဆိုပြီး ရှာကြည့်နိုင်ပါတယ်။ စမ်း သပ် အသုံးပြုချင်တဲ့သူငယ်ချင်းများအတွက်နဲ့ ခဏခဏ ဖုန်းမေ့ကျန်တတ်တဲ့ သူငယ်ချင်းများအတွက်ပြန် လည်မျှဝေပေးတာပါ။ အပေါ်မှာပုံလေးတွေနဲ့လဲပြပေးထားပါတယ်။
Ref..pyayblogger

ချစ်စရာအလှနဲ့စံရတီမိုးမြင့်




Ref: celebritiesgirl

တရုတ်မော်ဒယ်သရုပ်ဆောင်လေး Viann Zhang ရဲ့စွဲမက်ဖွယ်အလှပုံလေးတွေပါ




သူလေးလဲ ဘောချစ်တယ်ထင်တယ်နော်  :)
Ref: celebritiesgirl

အဓမ္မကျင့်မှုတွေ တိုးများလာနေခြင်းအပေါ် ဗိုလ်တထောင်ဒေသခံများ ဆန္ဒပြ


မြန်မာနိုင်ငံအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် အဓမ္မပြုကျင့်မှုတွေ တိုးပွားလာနေတာကို သတိပြုမိစေဖို့အတွက် ဗိုလ်တထောင်မြို့နယ်အတွင်း ဒေသခံ၃ဝခန့်ဟာ ဇူလိုင်လ ၁ရက်နေ့မှာ ဆန္ဒထုတ်ဖော်လိုက်ပါတယ်။

Ref: kamayut media

ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ



   ဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့အမည်ပေးထားပါ တယ်။ ၁၉၉၂ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ၅ထပ်၊ ၆ထပ်၊ ၇ထပ် စတဲ့အထပ်သုံးထပ်ကိုဟိုင်းဝေး ကားလမ်း ဖောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရင် ယင်းအထပ်တွေကိုရပ်မှမဟုတ်ပဲ အလိုအလျောက်ကျော်သွားပါတယ်။ ခေါင်မိုးမှာရဟတ်ယာဉ်ကွင်းကိုလည်း ထားရှိထားပါတယ်။ ဟိုင်းဝေး လမ်းကြောင့် တိုက်တုန်ခါမှု၊ အသံဆူညံမှု မဖြစ်အောင် အထပ်ပေါင်း များစွာ ခံထားပါတယ်။ ပြီးတော့ တိုက် တစ်ခုလုံးကိုလည်း double core -နှစ်ထပ် ပြုလုပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အစကတည်းကပင် ယင်းနေရာမှာ ဟိုင်းဝေးလမ်း ဖြစ်ပြီး Suezawa Sangyo Co. Ltd မှ အစိုးရထံ ခွင့်ပြုချက်တောင်းလို့ ကြိုး စားတည် ဆောက်ခဲ့တာဖြစ်ပါတယ်။ တည်ဆောက်ပေးတဲ့ ကုမ္မဏီကတော့ Sato Kogyo Co. Ltd. ဖြစ် ပါ တယ်။ ယခုချိန်မှာတော့ Gate Tower မှာ ပုဂ္ဂလိကရုံးနဲ့ ကုမ္မဏီအချို့ အခြေဆိုက်ပြီး ဂျပန်နိုင်ငံရဲ ပထမဆုံး ဟိုင်းဝေးလမ်းဖောက် တာဝါအဖြစ် မှတ်တမ်း တင်ခဲ့ကြောင်း သိရပါတယ်။
---
Ref: wiki
International news for myanmar

တောင်ကိုရီးယားနိုင်ငံမှ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးမည်

တောင်ကိုရီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ၂၀၁၃ ခုနှစ် မှ ၂၀၁၇ ခုနှစ်ကာလအတွင်း အမေရိကန် ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးသွားမည် ဖြစ်ကြောင်း မကြာခင်က နေပြည်တော်တွင် ကျင်းပခဲ့သော စိးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် ထုတ်ပြန် ကြေညာလိုက်ကြောင်း သတင်းရရှိသည်။အဆိုပါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် စီမံကိန်း ၃၉ ခု ပါဝင်သော နယ်ပယ်ရှစ်ခုတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး ယင်းတို့အထဲတွင် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ၀န်ဆောင်မှုလုပ်ငန်း မြှင့်တင်ရေးနှင့် အားကစား ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း သိရှိရသည်။

တောင်ကိုရီးယား နိုင်ငံသည် အာဆီယံ အပေါင်းသုံးနိုင်ငံတွင် ပါဝင်သော ဒေသတွင်း နိုင်ငံများနှင့် ပိုမိုချိတ်ဆက်လာသော နိုင်ငံဖြစ်ကာ မြန်မာနိုင်ငံနှင့် ယခင်ကာလကပင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ချိတ်ဆက် လုပ်ကိုင်နေသော နိုင်ငံဖြစ်သည်။၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၅၇၃ သန်း ရှိကြောင်းနှင့် ယင်းအနက် မြန်မာနိုင်ငံမှ တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၃၇ သန်း ရှိပြီး မြန်မာနိုင်ငံက ကိုရီးယားနိုင်ငံမှ ပြန်လည်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၃၃၅ သန်း ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၂- ၂၀၁၂ ဘဏ္ဍာရေး နှစ်တွင်မူ နှစ်နိုင်ငံ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၉၇၀ ရှိပြီး ယင်းအနက် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရှိပြီး မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ တင်ပို့မှု အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၀၀ သာ ရှိကြောင်း သိရှိရသည်။တောင်ကိုရီးယား အနေဖြင့် မြန်မာနိုင်ငံမှ အ၀တ်အထည်၊ သစ်တောထွက်ပစ္စည်း၊ စိုက်ပျိုးရေး ထွက်ကုန်၊ ရေထွက်ကုန်များ တင်သွင်းနေပြီး မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ စက်ပစ္စည်း၊ အီလက်ထရောနစ် ပစ္စည်းများအပြင် သံနှင့် စက်ပစ္စည်းများ တင်သွင်းနေကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုတွင်မူ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော ဒေ၀ူးကုမ္ပဏီ အနေဖြင့် ၂၀၀၀ ပြည့်နှစ်လောက်မှစ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ လုပ်ကွက်တွင် ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် ဒေ၀ူးကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဒသမ၂ ဘီလျံ ရှိကြောင်း သိရှိရသည်။
Ref: first-11

Phone Bill မကုန်အောင် Internet သုံးကြမယ်


ဒီနည်းလေးးကတော့ ဆိုက်တဆိုက်ကနေတွေ့လို့ ကျနော်ပြန်ရှယ်ပေးလိုက်တာပါ...။
ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါတစ်ယောက်ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက်ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေးချင်ပါတယ်။ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့
အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။
1. 3G အင်တာနက်ဖွင့်ထားသော Sim Card (မှတ်ချက်...GSM လဲရပါတယ်)

2. ကိုယ်ရဲ့ဖုန်းလုံခြုံးရေအတွက် စိုးရိမ်တယ်ဆိုရင် IMEI ကို Fake လုပ်ထားရပါမယ်
(ဒါကတော့ လိုအပ်ချက်မဟုတ်ပါဘူး ကျွန်တော်ကတော့ မလုပ်ဘူးအေးရော India ကဆိုရင်တော့လိုမယ်)

3. လုပ်နည်းကတော့ APN setting ချိန်းတာပါ အောက်မှာဖော်ပြထားပါတယ်။
(မှတ်ချက် ကျွန်တော်ကတော့ Samsung Galaxy Ace (GT-S5830i) andriod version 2.3.6 Root လုပ်ထားပါတယ်။ အဲဒီ Device စမ်းသပ်ထားတာဖြစ်လို့Galaxy APN ချိန်းနည်းအတိုင်းတင်ပြပါမယ်) 
Kali Linux-Gnome (32bit) ပါ ဖုန်းကနေ USB Tethering လုပ်လိုက်တာနဲ့ auto ချိတ်ပါတယ်။ ဘာမှလုပ်ပေးစရာမလိုပါဘူး တကယ်လို အဲလိုမရဘူးဆိုရင် Backtrack Myanmar Group ကိုသွားပြီးမေးကြည့်ပါ။
Setting >>>Wireless and networks>>>Mobile networks>>>Acess Point Names
ကိုအဆင့်ဆင့်သွားပါ ပြီးရင် Menu key ကိုနှိပ်ပြီး New APN ကိုရွေးပါ ပြီးရင်

---Name နေရာမှာ 3G free (any) Type 1 WAP လို့ဖြည့်လိုက်ပါ
---APN နေရာမှာ wapwest.cellone.in လို့ရေးပေးပါ
---Proxy နေရာမှာ 110.100.3.2 လို့ရေးပါ
---Port နေရာမှာ 9209 လို့ရးပါ
---User name နေရာမှာ ppp လို့ထည့်ပါ
---Password နေရာမှာ ppp123 လို့ရေးပါ
---Server နေရာမှာ 110.100.3.2:9209 လို့ထည့်ပါ
---MCC တော့ 414 ပါပဲ
---MNC တော့ 01 ပါ
---Authentication type မှာ CHAP ကိုရွေးပါ
---APN type မှာ Internet ကိုရွေးပါ


ပြီးရင် Save လုပ်ပြီး ခုလုပ်ထားတဲ့ APN ကို ON ခဲ့ပါ။

ပြီးရင် အင်တာနက်ကို On လိုက်ပါ သိုမဟုတ် Use packet data ကို အမှန်ခြစ်လိုက်ပါဟုတ်ကဲ့ အင်တာနက် မရသေးပါဘူး ရအောင်လုပ်ရပါအုံးမယ်။ဘယ်လိုလုပ်ရမလဲဆိုတော့ Kali Linux OS တင်ထားတဲ့ computer မှာ usb tethering ကို on လိုက်ရပါမယ်။ အင်တာနက်တက်ပြီးဆိုတာနဲ့ *124# ကို ဖုန်းက Check လုပ်လိုက်ပါ။တတ်နိုင်ရင် ဖုန်းထဲက background data တို့ sync တို့ကို ပိတ်ထားလိုက်ပါ ပြီးရင်သုံးလို့ ရပါပြီ။

*_အရေးကြီးဆုံးတစ်ခုက ကွန်ပျုတာမပိတ်မှီ သို့မဟုတ် tethering ကိုမဖြုတ်မှီ ဖုန်းကအင်တာနက်ကို အရင် ပိတ်ရပါမည်။ ဒီလိုမှမဟုတ်ရင်ပိုက်ပိုက်ဖြတ်ပါတယ်_*

MPT က မပိတ်သရွေ့တော့ရနေပါလိမ့်မယ်။ ပိတ်သွားရင် တားတားလဲမတတ်နိုင်ပု ဟိဟိ။

ဖြည့်စွက်ချက် ။ လိုအပ်ချက် တစ်ခုရှိသွားတယ်ဗျ kali မှာသုံးမှ မဖြတ်တာ ကျန်တာတွေမှာဖြတ်တယ်နော် ပြီးတော့ ကွန်ပျူတာမပိတ်ခင် အင်တာနက်အရင်ပိတ်ရတယ်။ မနေ့က kali OS (Gnome) နဲ့ သုံးတာ မဖြတ်လို့ ဒီနေ့ backtrakနဲ့သုံးတော့ ဖြတ်သွားတယ် မကျေနပ်လို့ kali နဲ့ ပြန်သုံးတာ မဖြတ်ဘူး kali ကိုနဲ့အဆက်သွယ်မဖြတ်ခင် အင်တာနက်ကိုအရင်ပိတ်ဖို့မမေ့နဲ့အုံးဗျ။
http://www.bluenavyblog.blogspot.com/2013/06/phone-bill-free.html မူရင်းလင့်ကလေးပါ.
အဆင်ပြေနိုင်ကြပါစေဗျာ..

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1337769&xgs=1&xg_source=msg_share_post

မဟာရန်ကုန် ရွှေမြို့တော်ကြီးက အကောင်းဆုံး အစားအသောက် စာရင်း ၁၀၁"

၁. တရုတ်တန်း ကိုကိုညီညီ ထမင်းကြော်ဆိုင်က ဝက်သားကြော်နဲ့ ချဉ်ပေါင်ကြော်
၂. ၁၅လမ်းထိပ် ကိုဆယ်သန်းဆိုင်က ဝက်သားလုံးယိုးဒယားဟင်းချို
၃. ဆင်မလိုက်လမ်းဆုံက ဝက်သားစပယ်ရှယ်ထမင်းကြော်
၎. လှည်းတန်းဗဟိုလမ်းက ပြည် ဒေါ်ဥထမင်းသုပ်နဲ့ ဆိတ်သားကြော် ဆိတ်သားလုံးကြော်
၅. ဝက်လယ်သမားဟင်း သဘောင်္သီးထောင်း@ ပန်းစွယ်တော် Thai Express
၆. မင်းလမ်းမုန့်တီ က ရေချိုပုဇွန်မီးဖုတ်သုပ် နဲ့ ငရုပ်သီးငါးပိဖျော်....
၇. မြေနီကုန်း ရှမ်းကုန်းလမ်း သီရိဝဏ်းတား က ယိုးဒယားဝက်သားသုပ်
၈. ဆာ့ခုမ် အမဲလျှာနဲ့အမဲခြောက်ထောင်း
၉. Green Curry Seafood Spaghetti @ Coffee Circle
၁၀. တောင်ဥက္ကလာ အောင်ရတနာဆေးခန်းနားက လရောင် အသုပ်စုံ
၁၁. Signature သီးစုံပျားရည် ဒိန်ချဉ်
၁၂. အင်းယားလမ်း KKS အသားကင်
၁၃. 369 က ပြည်လုံးချမ်းသာ ဝက်နံရိုးကြော်
၁၄. ရွှေဂုံတိုင် မအင်ဟုန် ကတ်ကြေးကိုက်
၁၅. ၁၂ လမ်း မောင်မြင့် အူပေါင်း
၁၆. ဗန်မော်ငါးမျှစ်ချဉ်ခေါက်ဆွဲကောင်းမှကောင်း @ မလိခူး
၁၇. ကန်လမ်း လျှာဂျွမ်းပြန် ကော်ရည် ဆီချက် ငါးပိထောင်း
၁၈. Sushi @ Samurai
၁၉. ယူဂျီးနီးယား ရေခဲမုန့်ကြော်
၂၀. Keco ပုစွန်ဟွာ ဟော့ပေါ့
၂၁. နှစ်ယောက်တစ်ပွဲမှ ပိုအရသာရှိတဲ့ ရွှေထူးမိုးပျံခေါက်ဆွဲ
၂၂. မြေနီကုန်း ဒေါ်တင်ရီ ဘဲဥမွှေကြော်
၂၃. Tokyo Fried chicken
၂၄. လမ်း၂၀ ဆန်ပြုတ် ဘဲခြေသုပ် အသဲမြစ်သုပ်
၂၅. ဗိုလ်မြတ်ထွန်းလမ်း မြစ်ကြီးနား ဆန်စီးခေါက်ဆွဲ
၂၆. Pepper Beef steak
၂၇. ရွှေမန်းရုံ အောက် အဘိုးကြီးဝက်သားတုတ်ထိုး
၂၈. Shake လက်ဖက်ကြက်ဥ ကော်ရည်
၂၉. ၅၁လမ်း မော်တော်ပီကယ်ရုံးဘေးက အမဲနှပ်နဲ့ ထမင်းကြော်
၃၀. သံဈေးငွေသိန်းက နက်စ်အော်စွန်း
၃၁. အိမ်ကြီးလမ်းရေကျော်ဈေးက အစ်ကိုကြီးချက်တဲ့ ရွှေလက်ရာမုန့်ဟင်းခါး
၃၂. ကျောက်မြောင်းက ....မန္တလေး..... ရှောက်သီးသုပ်နဲ့ကြာဇံချက်
၃၃. ဗိုလ်ရာညွန့်လမ်း စကော့ဈေးကုန်းတံတားအဆင်းက သာခွေယိုင်
၃၄. နှီးခွက်လေးနဲ့ငါးပေါင်း အရမ်းကောင်းတဲ့ the ritz
၃၅. ပုစွန်ပေါင်မုန့်ကပ်ကြော် ဝက်ကချင်ချက် @ space bar
၃၆. စကော့ဈေးကုန်းတံတားအောက် အကျိဆိုင်က ဝက်အူစုံ ဘဲဥ ခေါက်ဆွဲ
၃၇. စကော့ဈေး စားသောက်တန်း ဦးကြွိဆီချက် နဲ့သံပုရာရည်
၃၈. စကားဝါ ကြေးအိုး
၃၉. ရွှေတောင်တန်းလမ်း ဒေါ်ချွန်း ကော်ပြန့်စိမ်း
၄၀. မနက် ၉း၀၀ နာရီအပြောင်ရှင်းတဲ့ ယုဇနပလာဇာနားက အဘွားကြီးအစုံသုပ်
၄၁. ကျိုက်ထီးရိုးဘုရားလေးလမ်း ဘဲသားမုန့် ကော်ပြန့် 
၄၂. ၁၂း၀၀ နဲ့ ၄း၀၀ နာရီအတွင်းပဲရတဲ့ ၁၆၅ လမ်းထိပ်က အသုပ်စုံ အာပူလျှာပူ ကြာဇံချက်
၄၃. ရန်ကင်း ဝဆန်းသီး ချစ်တီးထမင်းဆိုင်ကြက်ကြော်
၄၄.လေးထောင့်ကန်လမ်း ILBC နားက ဟင်းရည် ကပ်စီးနည်းတဲ့ မုန့်ဟင်းခါး
၄၅. သီရိမင်္ဂလာဈေး အီကြာကွေး ပဲပြုတ်အစာသွပ်
၄၆. ရေကျော်မောင်အေး စမူဆာ
၄၇. စိတ်တိုင်းကျ ဆိတ်စွပ်
၄၈. လပ်ကီးဆဲဗင်း နံရိုးပေါင်းမန်ထို
၄၉. ချယ်ရီမန်း ဆိတ်ကင်
၅၀. လမ်း၂၀ ဂဏန်းကော်ကြော်
၅၁.စိန့်ဩဂတ်စတင်းကျောင်း ရှေ့ စစ်တပ်ဝင်း အကြော်ဆိုင်က အာလူးကတ်တလိပ်ကြော်
၅၂. တောင်လုံးပြန် ကမ်းနားက ပဲကြော်
၅၃. TTC ကျောင်းဆင်းရောင်းတဲ့ ဖက်ထုပ်ကြော်
၅၄. မြေနီကုန်း ကြက်တန်း ဒီဇင်ဘာ ကုလားလက်ဖက်ရည်ဆိုင်က ပဲဟင်းအာလူးပူရီ
၅၅. Sport Bar ပုစွန်အစိမ်းသုပ်
၅၆. မေးလို့မသိရင် ရေကျော်သားမစစ်တဲ့ ဒေါ်မြလေးမုန့်ဟင်းခါး
၅၇. တာမွေ ဦးချစ်မောင်လမ်းက ရှီမို ဝက်အူစုံ
၅၈. စပါးရှားလမ်း အာလူး ဇကာကွက်ကြော်
၅၉. ရွှေမြို့တော်က ဆိတ်ဦးနှောက်
၆၀. ကန်တော်ကြီးက ပုံးလေးနဲ့ရောင်းတဲ့ ယိုးဒယားရေခဲချောင်း
၆၁. ရွှေလီ မာလာငါး
၆၂. ကြက်လျှာစွန်း ဒံပေါက်
၆၃. ယူနန်အသားကင်ဆိုင်က ငါးခဲပတ်ကင်
၆၄. ဝင်္ကဘာလမ်း မိုးကုတ်ဒေါ်ရှန် နန်းပြားသုပ် ငါးထမင်းနယ်
၆၅. Legacy ယိုးဒယားဂဏန်းချက်
၆၆. ကန်ရိပ်သာလမ်း ချစ်တီးထမင်းဆိုင်
၆၇. ကြည့်မြင်တိုင် ကျောင်းကြီးလမ်းထောင့် ဝက်သားကြော် ရခိုင်မုန့်တီ
၆၈. အနော်ရထာနဲ့ပန်းဆိုးတန်းထောင့်ကငါးဖယ်အစာသွပ်
၆၉. ၁၀၀တန် ဆူးလေကျောက်ကျော
၇၀. တိုကျိုဒိုးနပ်မျက်နှာချင်းဆိုင်က အသုပ်စုံ
၇၁. ပုစွန်တောင် ကာဆင်ဘိုင်ကြက်သားသုပ်
၇၂. ရွှေဘဲ ခေါက်ဆွဲကြော်
၇၃. western park ဂျုံပြားနဲ့ဘဲကင် ကြာညို့ငရုပ်ချဉ် ကြက်သွန်မိတ်
၇၄. မေတ္တာညွန့်ဇာတိဂုဏ်လမ်းက အရမ်းညစ်ပတ်တဲ့ အပျိုကြီး ရခိုင်မုန့်တီငါးဖယ်အစာသွပ်
၇၅. စမ်းချောင်းသူဌေးမင်း ပဲပလာတာ
၇၆. ၄၉လမ်း အပေါ်လမ်းထိပ်က သကြားပလာတာ
၇၇. ၁၃လမ်းထိပ်က သီးစုံUSA
၇၈. မိန်းထဲက ဦးငယ်လေး ပဲပြုတ်ထမင်းကြော် ငရံ့ခြောက်ဖုတ် ဆတ်သားခြောက်ဖုတ် FOC ချဉ်စပ်ဟင်းရည်
၇၉. ၃၆လမ်း မွန်မွန် မုန့်ဟင်းခါး
၈၀. အင်းယားလမ်းထိပ် friendship က ဂုံးသုပ် ဆိတ်ပေါင်းစပ်ပေါင်မုန့်
၈၁. ရွှေမြို့တော် ကူဖီးရေခဲချောင်း
၈၂. မနက်အစောကြီးရောင်းတဲ့ ရွှေပလောင် လက်ဖက်ရည်ဆိုင်ဘေးက အရမ်းသဘောကောင်းတဲ့ အဘွားကြီးရောင်း ကောက်ညင်းပေါင်း ငချိပ်ပေါင်း ဆီထမင်း
၈၃. သိမ်တော်ကြီးဓမ္မာရုံမျက်စောင်းထိုး က မနက် ၃း၃၀ စရောင်းတဲ့ တရုတ်ကြီးထမင်းကြော်ဆိုင် ဝက်သားဟင်း
၈၄. လှည်းတန်းဈေးက ကြက်ကင်
၈၅. signature က စက်နဲ့ရောင်းတဲ့ ရေခဲမုန့်
၈၆. မြေနီကုန်း မူလလက်ဟောင်း ဦးကျော်ထမင်းပေါင်း
၈၇. ဖျာပုံလမ်းအောက်ဘက်ထိပ်က အခေါက်ကင်သုပ်
၈၈.frolick ဒိန်ချဉ် ရေခဲမုန့်
၈၉. အင်းယားလမ်း Sakura Residence က the best burger in town
၉၀. YKKO အာလူးထောင်း
၉၁. မြောက်ဥက္ကလာ မယ်လမုဘုရားနားက ရွှေအိမ်စည် အခေါက်ကင် နံကင် ဆေးဘဲဥသုပ်
၉၂. တရုတ်တန်း ၁၈လမ်းထိပ်က ဆွေသဟာခေါက်ဆွဲပြုတ်ကြော်
၉၃. သိမ်ဖြူလမ်းနဲ့အနော်ရထာလမ်းထောင့်က ဆလပ်ရွက်တွေတောင်လိုပုံထားတဲ့ ဘူးသီးကြော်ဆိုင်
၉၄. 77cheese cake
၉၅. လမ်း၂၀ ထိပ် ဝက်သားပေါင်း
၉၆. Sharky အမဲသားကင်
၉၇.Thai Kitchen တုံယမ်းနို့ စိမ်းဟင်းချို သင်္ဘောသီးကြော်သုပ်
၉၈. ၃၇ အောက်လမ်းက မောင်ငွေ ထမင်းပေါင်း
၉၉. Oriental House Dim Sum နံရိုးဟင်း နိုင်လွန်ပုစွန် ဘဲဥငံ ဝက်သားပေါင်း
၁၀၀. ၁၉လမ်း နို့ဆီခွက်ကြက်ဥပေါင်း
၁၀၁. ၃၈ လမ်းထိပ် အနော်ရထာလမ်းမက ဝက်အူစုံကြာဇံ

ဘယ်နေရာကိုအကြိုက်ဆုံးလဲ...တခြားနေရာတွေသိရင်လည်းပြောခဲ့ဦးနော်...

Ref: Kachin Daily News

မြန်မာအမျိုးသမီးလေးများ၏ ဖက်ရှင်







Ref: burmeseclassic

အမျိုးသမီးများအတွက် ခေတ်မီ underwear styles









Ref: burmeseclassic

ပီရူးနိုင်ငံတွင် နှစ်ပေါင်း ၁၂၀၀ကျော် သက်တမ်းရှိသည့် ရှေးဟောင်းသင်္ချိုင်းတစ်ခု တူးဖော်တွေ့ရှိခဲ့

 
  ပီရူး ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂၀၀ ၀န်းကျင်ခန့် ရှိတယ် လို့ယူဆရတဲ့ တော်ဝင်သင်္ချိုင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါတော်ဝင်သင်္ချိုင်းကို နိုင် ငံမြောက်ပိုင်း Ancash ဒေသ၊ Lima မြို့မြောက်ပိုင်း ၂၈၀ကီလိုမီတာအကွာမှာ တူးဖော်တွေ့ရှိခဲ့ကြတာဖြစ် ပြီး၊ ဒါဟာ Inca Empire နှောင်း ပိုင်းကာလက တော်ဝင်သင်္ချိုင်း ဖြစ်နိုင်ကြောင်း ပီရူးနဲ့ပိုလန်မှ သုတေ သီတွေက ယူဆခဲ့ကြပါတယ်။ သင်္ချိုင်းဝင်ပေါက်ကိုတော့ မီးခိုးရောင် ကျောက်တွေနဲ့ ဖန်တီးပြုလုပ်ထားပြီး သင်္ချိုင်းအတွင်းရှိ ခန်းမအတွင်းမှာတော့ တော်ဝင်မျိုးနွယ်ဝင်အမျိုးသမီးတစ်ဦးရဲ့ မမ်မီရုပ်လောင်းတစ်ခုကို .တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် မြေမြှုပ်ထားတဲ့ ရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာအပါအ၀င် ငွေဖလားအစ ရှိတဲ့ လက်ဝတ်ရတနာပစ္စည်း စုစုပေါင်း ၁၂၀၀ ခန့်ကိုလည်း တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒါဟာ Wari empir -e ခေတ်ကာလက တော်ဝင်သင်္ချိုင်း ဖြစ်နိုင်တယ်လို့ သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။ ယခုလိုတူးဖော် .တွေ့ရှိခဲ့တဲ့ ရှေးဟောင်းဂူသင်္ချိုင်းဟာ Inca empire လက်ထက်က အရေးကြီးတဲ့ သမိုင်းကြောင်း ဆိုင်ရာ အချက်အလက်တွေကိုလေ့လာရာမှာ များစွာအထောက်အကူရရှိနိုင်မှာပဲလို့ သုတေသီတွေက မျှော်မှန်း ထားကြောင်း သိရပါတယ်။
Ref..MRTV-4

Nokia ဖုန်းများ နေရောင်ခြည်ဖြင့်အားသွင်းနိုင်မည်

 
ကြိုးမဲ့ အားသွင်းစနစ်၊ ကင်မရာ Megapixel 44 အဆင့် အစရှိသဖြင့် ကမ္ဘာ့ ဦးဦးဖျားဖျား နည်းပညာများ ဖော်ထုတ်ဖန်တီးပေးမယ့် Nokia ဟာ ဖုန်းတိုင်းကို နေရောင်ခြည်နဲ့ အားသွင်းလို့ရအောင် ဖန်တီးတော့မယ်လို့ သိရပါတယ်။

အရင်ကတည်းက နေရောင်ခြည်နဲ့ အားသွင်းရတဲ့ ဖုန်းများ ရှိပါတယ်။ တောင်တက်ခရီးသွားသူများ၊ ပင်လယ်ခရီးသွားသူများ သုံးဖို့ ဆိုပြီး နိုကီယာတင်မကပဲ အခြားသော ကုမ္မဏီများကလည်း ထုတ်ပါတယ်။ သို့ပေမယ့် အဆင့်မြင့် Function ပါတဲ့ဖုန်းများ မဟုတ်ပါဘူး။ Nokia ကိုယ်တိုင် ကလည်း ဒီဂျစ်တယ်ဖုန်း အဆင့်မှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ အဆင့်မြင့် နည်းပညာသုံး Nokia ဖုန်းတိုင်းမှာ ဆိုလာစွမ်းအင် ဆုပ်ယူမယ့် နည်းပညာ ပေါင်းစပ်ဖို့ ဖြစ်ပါတယ်။

အလွှာလေး တစ်ခုထည့်ရုံပါပဲ။ သို့ပေမယ့် ယင်းအလွှာဟာ ဖုန်းမှာပါတယ်လို့တောင် မသိရလောက်အောင်ပါးလွှာမယ်လို့ ဆိုပါတယ်။ အခြား ဆိုလာပြားတပ်ဖုန်းများလို့ အခြပ်အကြီးကြီးတွေ မဟုတ်ပါဘူး။ ခပ်ပါးပါး ထိုးဖောက်မြင်ရတဲ့ ဆီလီကွန်လို အလွှာတစ်ခုမျှသာ ဖြစ်ပြီး နေရောင်ခြည်ကို ပြလိုက်တာနဲ့ အလိုအလျောက် စွမ်းအင်တွေ စွဲယူနေစေဖို့ ဖြစ်ပါတယ်။

ခန့်မှန်းခြေအရကတော့ လာမယ့် Mobile World Congress မှာ Nokia က ယင်းနည်းပညာကို ဝင်ရောက်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။ 
 
Ref: techblog

အလုံမြို့နယ်ရှိ တိုက်ခန်းတစ်ခု၌ ဇူလိုင် ၁ ရက်ည ၈ နာရီခွဲခန့်က အနုကြမ်းစီးမှုဖြစ်ပွား


     အလုံမြို့နယ်၊ စက်တွင်းလမ်း၊ အမှတ် ၆၀ (ခြောက်လွှာ) ရှိ တိုက်ခန်းတစ်ခုတွင် ဇူလိုင် ၁ ရက်ည ၈ နာ ရီခွဲခန့်အချိန်က အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့ကာ  လက်ဝတ်လက်စားများနှင့် ငွေကြေးများယူဆောင်သွား .ကြောင်းသတင်းရရှိသည်။ဖြစ်ပွားပုံမှာ ယင်းတိုက်ခန်းတွင်နေထိုင်သော အမျိုးသမီးတစ်ဦး (သမီးအကြီးဖြစ် သူ) နှင့် ခင်ပွန်းလောင်း ဖြစ်သူတို့ သီရိမင်္ဂလာဈေးသို့သွားစဉ် အိမ်တွင် အသက် ၁၄ နှစ်ဝန်းကျင်ရှိ သမီး အငယ် ဖြစ်သူနှင့် အသက် ၄၃ နှစ်ဝန်းကျင်ရှိ အိမ်ဖော် အမျိုးသမီးတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ထိုအ ချိန်တွင် အမျိုးသားနှစ်ဦးမှ အနုကြမ်းစီးကာ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးတို့ကို ယူဆောင်သွားခြင်းဖြစ် သည်ဟုသိရသည်။''ည ၇ နာရီခွဲလောက် ကတည်းက အမျိုးသားငါးဦး တက်လာပြီး လူတစ်ယောက်ကို လာ ရှာသလိုမျိုး မေးတယ်။ မရှိဘူး ပြောလိုက်တော့ ပြန်ဆင်းသွားကြတယ်။ ည ၈ နာရီခွဲလောက်မှာ နှစ်ဦးပဲ တက်လာတယ်။ တံခါးခေါက်လို့သမီးအငယ်ဖြစ်သူက တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ အိမ်ထဲကိုဝင်ပြီးမီးတွေ ပိတ်လိုက်တယ်။ ပြီးတော့ 'နင့်အမေ မဲဖိုးထုတ်ထားတဲ့ သိန်း ၃၀ ဘယ်မှာလဲ' လို့မေးတယ်။ 'မရှိတော့ဘူး ၊ ပေးလိုက်ပြီ' လို့ ပြန်ပြောတဲ့အခါ အခန်းထဲကို အတင်းဆွဲခေါ်သွားတယ်။ ရွှေထည်ပစ္စည်းတွေနဲ့ငွေကျပ် တစ်သိန်းခွဲကို လုယူထွက်ပြေးသွားတယ်။ အိမ်ဖော်အမျိုးသမီးရဲ့နောက်ကျောကို ဓားနဲ့ထိုးလို့ ဒဏ်ရာရ တယ်။ ရဲစခန်းကို အကြောင်းကြားတော့ ၉ နာရီ မိနစ် ၂၀ လောက်မှာ ကျွန်တော်တို့ သိရတယ်။ အဲဒီအ ချိန်မှာ တရားခံတွေမရှိတာ့ဘူး။ ထွက်ပြေးသွားပါပြီ'' ဟု အလုံရဲစခန်းမှ ရဲအုပ် ညီမျိုးလွင် ကပြောပြခဲ့သည်။ ပ-၁၄၄/၁၃၊ ပုဒ်မ ၃၉၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Ref..news-eleven.com

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း



မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများအနက် ပြည်သူတွေရဲ့ အဓိက လိုအင်ဆန္ဒ တစ်ရပ်ဖြစ်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ဖို့ ခေတ်မီအမျိုးသား စီးပွားပုံစံချခြင်းဆိုတဲ့ ဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည် ဖော်နေတာကို မိဘပြည်သူများ သိရှိကြပြီးဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုများရဲ့ ဆောင်ရွက်မှုတစ်ခုအဖြစ် မြန်မာနိုင်ငံကို ကမ္ဘာ့ ဈေးကွက်နဲ့ ပြန်လည် ချိတ်ဆက်နိုင်ဖို့နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ အကြောင်း ပိုမိုသိရှိလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဖိုရမ်ကို မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပ တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံတကာက ထင်ရှားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များ စုံစုံလင်လင်နဲ့ တက်ရောက်သူအများဆုံး၊ အစည်ကားဆုံး ဖိုရမ်အဖြစ် ကျင်းပနိုင်ခဲ့တာကလည်း ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ဒီဖိုရမ်ကို တက်ရောက်လာကြတဲ့ ကမ္ဘာတစ်လွှားက ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များနဲ့ အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးပါလာမယ့် လူငယ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးများနဲ့ ပတ်သက်ပြီး တက်တက် ကြွကြွပါဝင် ဆွေးနွေးခဲ့ကြတာကို မိဘပြည်သူများ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့ ကမ္ဘာ့အသိုင်းအဝိုင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ္ဘာကြီးကလည်း အထူးစိတ်ဝင်တစား ရှိနေတယ်ဆိုတာကို သက်သေပြနေတာ ဖြစ်ပါတယ်။ ဖိုရမ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ပေါင်းစည်းဆောင်ရွက်ခြင်းရဲ့ အားတွေဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ သဘာဝ သယံဇာတများ မျှဝေသုံးစွဲရေးစတဲ့ ဖြစ်စဉ်တွေနဲ့လည်း တိုက်ဆိုင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဖိုရမ် ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ကြတဲ့ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဝန်ထမ်းများနဲ့ စေတနာ့ ဝန်ထမ်း တက္ကသိုလ်ကျောင်းသူ ကျောင်းသားများရဲ့ ဝါယမစိုက် ဆောင်ရွက်မှုတွေကို ကျွန်တော့်အနေနဲ့ လှိုက်လှဲစွာ အသိ အမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ဇွန်လအတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် စိတ်မကောင်းစရာ ဖြစ်ခဲ့ရတဲ့ ကိစ္စကတော့ မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတချို့ တိုက်ခိုက်ခံရတဲ့ ကိစ္စဖြစ်ပြီး ကျွန်တော့်အနေနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရတဲ့ မိသားစုများနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းမိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့်ကိစ္စကတော့ နိုင်ငံတွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စုရဲ့ အစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင် မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြထိုင်ကြရတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေ ဖြစ်စေခဲ့တယ် ဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတွင်းမှာ တစ်ဖက်နဲ့တစ်ဖက်ကြား အမုန်း တရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာဖြစ်သလို ပြည်ပနိုင်ငံများ မှာ ရောက်ရှိနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံသားများ အထူးသဖြင့် ပြည်ပမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ မြန်မာများရဲ့ လုံခြုံရေးနဲ့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ထိရောက်စွာ ပေးနိုင်ဖို့အတွက် ပြည်ပနိုင်ငံများမှာ အခြေစိုက်တဲ့ မြန်မာသံရုံးများရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်တိုးချဲ့ ဆောင်ရွက်သွားရမယ် ဆိုတာကိုလည်း အထူး ဂရုပြုမိပါတယ်။ ဒီဖြစ်ရပ်မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးစံ တစ်ခုဖြစ်တဲ့ မိမိတို့အမျိုးသားချင်း စောင့်ရှောက်ကူညီမှု၊ ပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ တစ်ပိုင် တစ်နိုင် ကူညီမှုကနေ ပြည်တွင်းပြည်ပမှာရှိကြတဲ့ လူမှုရေး အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များရဲ့ ထက်သန်တဲ့ စေတနာနဲ့ ကူညီမှုတွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

အလုပ်သမားကိစ္စရပ်များနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့နိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးလို ဖြစ်နေခဲ့တဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းသွားစေဖို့ ကျွန်တော်တို့ အစိုးရအနေနဲ့ အထူးကြိုးပမ်း ဆောင်ရွက်နေတယ်ဆိုတာ မိဘပြည်သူများ သိရှိကြပြီးဖြစ်ပါတယ်။ ယခုလအတွင်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ကန့်သတ်မှုများအားလုံးကို ရုပ်သိမ်းပေးလိုက်ပြီး တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေကို စားပွဲ ဝိုင်းမှာ မျက်နှာစုံညီအဖြေရှာ ဆွေးနွေးလာနိုင်တာတွေ၊ အလုပ်သမား အခွင့်အရေး ကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်း ကျင့်သုံး လာနိုင်တာတွေ၊ အလုပ်သမား အဖွဲ့ အစည်းတွေ ဖွဲ့စည်းခွင့် ရလာတာတွေနဲ့ အဓမ္မ လုပ်အားပေးစေခိုင်းမှု တိုက်ဖျက်ရေးမှာ အောင်မြင်မှု ရရှိလာတာတွေကြောင့် အခုလို ILO ရဲ့ ကျန်ရှိနေသေးတဲ့ အရေးယူ ပိတ်ဆို့မှုများ အားလုံးကို ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အခုလို ILO ရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံ ပြန်ဖြစ်လာတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် သာမကဘဲ မြန်မာအလုပ်သမားများရဲ့ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ဖို့ များစွာ အထောက် အကူပြုမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူအများစု ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာအပေါ်မှာ ကမ္ဘာက အထင်အမြင် လွဲမှားစေပြီး မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် အများစုရဲ့ ဘာသာရေး ယုံကြည်မှုနဲ့ အနှစ် သာရများကို ထင်ဟပ်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်အနည်းစုရဲ့ လုပ်ဆောင်မှုတွေကို ဇောင်းပေးဖော်ပြ ထားတဲ့ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးနဲ့ ပတ်သက်ပြီး ပြည်သူများအကြား အငြင်းပွားမှုတွေ၊ သဘောထားကွဲလွဲမှုတွေနဲ့ စိတ်ထိခိုက်ခဲ့ရမှုတွေ ဖြစ်ခဲ့ကြရတာတွေကို ကြားသိခဲ့ရ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ သဘောထား ရပ်တည်ချက်ကတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်း နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးမှာ ပါဝင်သူအားလုံးနဲ့ ပြည်တွင်း ပြည်ပ မီဒီယာများရဲ့ ပြောဆိုရေးသားမှုများထဲမှာ မတူညီသော သဘောထားအမြင်များကို နားလည်လက်ခံပါတယ်။ ကျွန်တော့်အနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်စွာ ရေးသားခွင့် ပြန်လည်ရရှိဖို့နဲ့ အသက်ဝင် ရှင်သန်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် နေတယ်ဆိုတာကို သိရှိကြပြီးလည်း ဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံ တစ်ရပ်အဖြစ် ခံယူထားကြတဲ့ ''မည်မျှ မှန်ကန်သော ကိစ္စရပ်ပင် ဖြစ်သော်လည်း အများအတွက် အကျိုးမရှိပါက ပြောကြားရန် မသင့်''ဆိုတဲ့ အဆုံးအမအတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့် တို့ကို ကျင့်သုံးကြတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်း လက်ရှိရောက်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့ လိုသလို အပြုသဘောဆောင်တဲ့ ကျင့်သုံးမှုများဖြစ်ဖို့ လိုအပ်တယ် လို့လည်း အလေးအနက် ခံယူထား ပါတယ်။ ဒါကြောင့် တိုင်းမ်မဂ္ဂဇင်းမှာ ပါဝင်တဲ့ ရေးသား ပြောဆိုချက်တွေဟာ အပြုသဘောဆောင်သော ချဉ်းကပ်မှု၊ ပြည်သူလူထု အများစု နားလည် လက်ခံပေးနိုင်မယ့် တင်ပြခြင်းမျိုးနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခများကို ငြိမ်းအေးစေသော ရည်ရွယ်ချက်များဖြစ်အောင် အာရုံစိုက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် နိုင်ငံတကာ မီဒီယာများကို ပြောကြားလိုတာကတော့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးများရဲ့ တခြားမျက်နှာစာ တစ်ဖက် မှာ ကြီးမားသည့် စိန်ခေါ်မှုများ၊ သမိုင်းဖြစ်ရပ်များ၏ အရိပ်မည်းများနဲ့ မိမိတို့ လူ့အဖွဲ့အစည်းရဲ့ သံသယကြီးမားမှုနဲ့ အကဲဆတ် မှုများကို အစဉ်ထည့်သွင်း စဉ်းစားစေလိုကြောင်း ပြောကြား လိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုများနဲ့ ဒီမိုကရေစီအရေး တည်ဆောက်မှုများကို တိုင်းတာတဲ့အခါမှာ ၂၆ လသာ သက်တမ်းရှိသေးတဲ့ကာလနဲ့ လိုက်လျော ညီထွေရှိမယ့် တိုင်းတာမှုမျိုး ဖြစ်သင့်ပါတယ်။

ဇွန်လအတွင်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုပါတယ်။ ဇွန်လ အတွင်းမှာ RCSS/SSA ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ KNU အဖွဲ့အစည်းနဲ့ KNPP အဖွဲ့အစည်း များနဲ့လည်း လိုအပ်တဲ့ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကို အထောက် အကူပြု ပံ့ပိုးပေးနိုင်မယ့် ယုံကြည်မှု တည်ဆောက်ခြင်းများကို တိုးမြှင့် နိုင်ခဲ့ပါတယ်။ အခုလို ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် မှုမှာ တိုးတက်မှုများ ရရှိလာခြင်းဟာ ကျွန်တော်တို့ ပြည်သူများ လိုလားတောင့်တနေကြတဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်များ တစ်စတစ်စ ပုံပေါ်နီးကပ်လာပြီ ဆိုတာကို ဝမ်းမြောက်ဖွယ် တွေ့ရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒနှစ်ရပ်ဖြစ်တဲ့ ကောင်းမွန်စွာ စီးပွားရှာဖွေ လုပ်ကိုင်နိုင်ရေးနဲ့ လုံခြုံမှုရှိရှိ ဘဝ ရပ်တည် နေထိုင်နိုင်ရေးဆိုတဲ့ အချက်တွေကို ကောင်းစွာသဘောပေါက်ပြီး နောင် အနာဂတ် မျိုးဆက်တွေအတွက်ပါ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘဝတွေ ပိုင်ဆိုင်လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ် တစ်ခုကိုရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာကြပါစေ။
Ref: president-office

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေး ကံကောင်းခြင်းကတ် ရောင်းချမည်

    မြန်မာနိုင်ငံ၌ ဒီဇင်ဘာလအတွင်း ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အတွက် ကံကောင်းခြင်းကတ်ထုတ်ဝေရောင်းချမည့် အစီအစဉ်ရှင်းလင်းပွဲကို ဇွန်လ၂၉ ရက် မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့ ၊ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်၌ HELLO MADAM Media Gruop မှ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ကြမည့် ၂၇ ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပြည်သူတစ်ရပ်လုံး စိတ်အားထက်သန်စွာ ပါဝင်အားပေး လာစေရေန် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ရန်ပုံငွေများထည့်ဝင် လှူဒါန်းနိုင် ရန် နှင့် ပြည်သူများ၏ ဂုဏ်ယူပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ၍ အမှတ်တရအဖိုးတန်ကံကောင်းခြင်း လက်ဆောင် များ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် ကံကောင်းခြင်းကတ် Lucky Card ထုတ်ဝေ ရောင်းချမည် ဖြစ်ပြီး Lucky Card များကို ဒီဇိုင်း ၆ မျိုးဖြင့်ပြုလုပ်ထားပြီး ကတ်တစ်ခုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ချိ သွားမည်ဖြစ်သည်။ အောက်တိုဘာလ ၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်တို့တွင် အနုပညာရှင်များ ၊ အားကစား သမားများတို့မှကံစမ်းမဲဖောက်၍ မော်တော်ကား ၃စီး၊ မော်တော်ဆိုင်ကယ်များအပါဝင် အဖိုးတန်ဆုမဲပေါင်း ၃၀၀ ကျော်ကိုချီးမြှင့်သွားမည်ဖြစ်သည်။ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်၍ ကံကောင်းခြင်းကတ် Lucky Card အခုရေတစ်သန်းကို ရန်ကုန်မြို့ရှိ Junction Square နှင့် အမြို့မြို့အနယ်နယ်ရှိစာတိုက်များ ၊ ဖြန့်ချိရေးနေ ရာများတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။ Promotion အစီအစဉ်တွင် ထိုင်းနိုင်ငံ CMO ကုမ္ပဏီမှ ပူးပေါင်း ပါဝင်ကြောင်း သိရှိရသည်။
Ref..pyichit-thar.

အလှအပ ပြဿနာများကို ဖြေရှင်းနည်း


မဖြစ်မနေလိမ်းသင့်တာက
အမျိုးသမီးပဲဖြစ်စေ၊ အမျိုးသားပဲ ဖြစ်စေ နေ့တစ်နေ့တာအတွက် မဖြစ်မနေလိမ်းသင့်တာက နေရောင်ကာခရင်မ် တစ်မျိုးပါပဲ။ အပြင်မထွက်ခင် နာရီဝက် 
အလိုကတည်းက လိမ်းပေးပါ။

အသားအရေခြောက်သွေ့သူဆိုရင်
နေရောင်ကာခရင်မ်ထဲမှာ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာ
မျိုးနဲ့ ရေဓာတ်ပါဝင်တာမျိုးကို ရွေးချယ် ဝယ်ယူကာလိမ်းပေးပါ။
အဆီပြန်တတ်သူဆိုရင်
အဆီပြန်တတ်သူဆိုရင် အရေပြား ကို ပိုမိုလင်းစေတဲ့ အာနိသင်ရှိတဲ့ (Light) နေရောင်ကာခရင်မ်မျိုးကိုရွေးချယ်ပါ။

စိုပြည်နေစေမည့် မိတ်ကပ်ပြင်ဆင်မှု
အရမ်းတောက်ပနေအောင် ပြင်ဆင်ပေးဖို့မလိုပါဘူး။ စိုပြည်လှပတဲ့မျက်နှာပြင်ဆင်မှုမျိုးလေးရစေဖို့ မျက်ဝန်းပြင်ဆင်မှုနဲ့ အောက်ခံဖောင်ဒေးရှင်း ရွေးချယ်မှုက အဓိကျပါတယ်။

အသားအရေခြောက်သွေ့သူများ ကြုံတွေ့ရသော ပြဿနာ
အရေပြားက ခြောက်သွေ့နေတတ် ပြီး နူးညံ့ချောမွေ့မှုမရှိသလို ပြေပြစ်တဲ့ လှပမှုလည်းမရှိဘူး။
ဖြေရှင်းနည်း
Oil-based
ဖောင်ဒေးရှင်းမျိုးက ရွေးချယ်ပေးပါ။ သင့်အရေပြားက ချော မွေ့နေစေပြီး ခြောက်သွေ့မှုကင်းကာ စိုပြည်နေပါလိမ့်မယ်။

အဆီပြန်တတ်သူများ ကြုံတွေ့ရသောပြဿနာ
နေပူလာလေလေ မျက်နှာက ပိုပြီး အဆီတွေပြန်လာလေလေပဲ။
ဖြေရှင်းနည်း
အောက်ခံဖောင်ဒေးရှင်းကို အရည် အမျိုးအစားသုံးပေးမယ့်အစား ပေါင်ဒါမှုန့် ကိုအခြေခံတဲ့ 
မိတ်ကပ်မျိုးကို သုံးပေးပါ။ ပေါင်ဒါမှုန့်အမျိုးအစားဖြစ်တာကြောင့် မျက်နှာပေါ်က  အဆီတွေကို စုပ်ယူနိုင် ပြီး အဆီပြန်ခြင်းကင်းစေပါတယ်။
စွန်းထင်းမှုကင်းသော မျက်ဝန်းပြင်ဆင်မှု
သက်ဝင်လှပပြီး စွန်းထင်းမှုကင်းတဲ့ မျက်ဝန်းပြင်ဆင်မှုဖြစ်စေဖို့ လိုအပ်ပါ တယ်။

မျက်တောင်ကော့ဆေးသုံးချိန်မှာ ကြုံတွေ့ရသော ပြဿနာ
ချွေးထွက်ရင် မျက်တောင်ကော့ ဆေးတွေ အရည်ပျော်ကုန်တယ်။
ဖြေရှင်းနည်း
မျက်တောင်ကော့ဆေးကို ရေစိုခံ တဲ့ Waterproof Fiber မျိုးကို ရွေးချယ်ပေးဖို့လိုပါတယ်။ ရေစိုခံတာ ကြောင့် ချွေးထွက်လည်းအလွယ်တကူ မပျက်စေဘဲ ဖိုင်ဘာအမျိုးအစားဖြစ်တာ ကြောင့် အပူဓာဏ်ကို ခံနိုင်ပါတယ်။

အိုင်းလိုင်နာသုံးချိန်မှာ ကြုံတွေရသောပြဿနာ
အိုင်းလိုင်နာတွေက မျက်လုံးတစ်ဝိုက်စွန်းထင်းပေကျံကုန်တယ်။
ဖြေရှင်းနည်း
လိုင်နာအရည်သုံးပြီး မျက်ခွံတစ် ဝိုက်ဆိုးပြီးချိန်မှာ လိုင်နာအမှုန့်ကိုဘရပ်ရှ် နဲ့ ယူလိုက်ပြီး လိုင်နာအရည်ဆွဲထားတဲ့ အပေါ်ကနေ ညီညီလေး ထပ်ဆွဲပေးပါ။ စွန်းထင်းမှုမဖြစ်ပါစေနဲ့ 
လိုင်နာအရည် က ချွေးထွက်တာကြောင့် အစိုပြန်တာကို လိုင်နာအမှုန့်က ထိန်းထားပေးနိုင်ပါ တယ်။
ပြီးပြည့်စုံသော ဆံသားပြင်ဆင်မှု
ဘယ်လိုဆံသားပဲဖြစ်ပါစေ ပျော့ ပျောင်းနေစေပြီး ရှုပ်ထွေးမှုကင်းစေဖို့ လိုပါတယ်။

ဆံသားဖြောင့်စင်းနေသူများ ကြုံတွေရသောပြဿနာ
ပြားကပ်ပြီး ပါးလွှာသွားတယ်။ ဒီ တော့လူက ကြည့်လိုက်ရင် လန်းဆန်းမှု မရှိသလိုပဲ။
ဖြေရှင်းနည်း
ခေါင်းဖြီးချိန်မှာ ဘရပ်ရှ်အကြီးကို အသုံးပြုပြီး ဦးရေပြားကနေဆံပင်အဖျား အထိ ဖြီးချလိုက်ကာ ရေဓာတ်ပါတဲ့ ဆံ ပင်ဖျန်းစပရေးကို အပေါ်ကနေ ဖျန်း လိုက်ပါ။ ဆံသားကို ဘရပ်ရှ်နဲ့ ဖြီးထား တာကြောင့် ဆံသားတွေက တစ်ချောင်းချင်းဖြစ်နေပြီး ရေဓာတ်ပါတဲ့ စပရေး ကြောင့် တစ်နေ့လုံးစိုပြည်နေစေပါတယ်။

ဆံပင်ကောက်ထားသူများ
ကြုံတွေရသောပြဿနာ ဖွာထွက်နေတတ်ပြီး ပွရောင်းနေကာ ကောက်သားတွေမပေါ်ဘဲ ဆံပင်ပုံစံမကျ ဖြစ်နေတတ်တယ်။
ဖြေရှင်းနည်း
ဆံပင်ကောက်ထားချိန်မှာ လိမ်းတဲ့ ကောက်သားလိမ်းဆေးဟာ စိုစွတ်နေတာမျိုးဖြစ်မနေစေဖို့လိုပါတယ်။ ခရင်မ်အမျိုးအစားကို သုံးမယ့်အစား အကြည် ရောင်၊ ဂျယ်လီလိုမျိုးကောက်သားလိမ်း ဆေးတွေကို သုံးပေးပါ။ ဆံသားကို ကပ် မနေစေဘဲ ဂျယ်အမျိုးအစားဖြစ်တာ ကြောင့် ဆံပင်ကောက်သားကို တစ်လိပ်
ချင်းပေါ်ကာ ပွရောင်းမနေဘဲ လှပနေ စေပါလိမ့်မယ်။


Ref: mghtetmyat

Google ကုမ္ပဏီက ဖော်ထုတ်မှသာ ဒေါက်တာဆိတ်ဖွားကို သိနိုင်မည်ဟုဆို

လွှတ်တော်ကို ဝေဖန်သည်ဟုဆိုသော ဒေါက်တာဆိတ်ဖွားဆိုသူ ကလောင်ပိုင်ရှင် ကို အမေရိကန်နိုင်ငံအခြေစိုက် Google ကုမ္ပဏီကသာ ဖော်ထုတ်နိုင်မည်ဟု ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင် ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြညိမ်းက ဇူလိုင် ၁ရက် က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြား လိုက်သည်။၎င်းက နည်းပညာအရ အင်တာနက် လိပ်စာရှာဖွေရန် အခက်အခဲရှိသောကြောင့် Google ကုမ္ပဏီကသာ ဖော်ထုတ်ပေးရန် ဖြစ်နိုင်သည် ဟု ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေး အချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် Myanmar Computer Emergency Response Team (mm CERT) တို့၏ တင်ပြချက်များကို ဦးမြညိမ်းက လွှတ် တော်၌ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။ဖေဖော်ဝါရီလ ၈ ရက်က စတင်ဖွဲ့စည်းခဲ့သော လွှတ်တော်အမတ် ၁၇ ဦးပါသည့် အဆိုပါကော်မရှင်မှာ လေးလနီးပါး စစ်ဆေး ခဲ့ပြီးမှ ထိုရလဒ်ကို လွှတ်တော်၌တင်ပြနိုင် ခဲ့ခြင်းဖြစ်သည်။

ကော်မရှင်သည် ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းရာ၌ ဆက်သွယ်ရေးသတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် Myanmar Computer Emergency Response Team (mm CERT) အပါအဝင်ပြန်ကြားရေးဝန်ကြီးဌာန၊ ကွန် ပျူတာကျွမ်းကျင်သည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း စစ်ဆေးခဲ့ပြီး စာနယ်ဇင်းအသိုင်းအဝိုင်းကို လည်းခေါ်ယူစစ်ဆေးမှုများရှိခဲ့သည်။ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ကလည်း ယခုကဲ့သို့ ဒေါက်တာ ဆိတ်ဖွားဆိုသော ကလောင်ပိုင်ရှင်ကို မည် သူမည်ဝါဖြစ်ကြောင်း လွှတ်တော်အမတ်များ၏ ကော်မရှင်က အတိအကျမစုံစမ်းနိုင်ခဲ့သော်လည်း ယခုကဲ့သို့ နောက်နောင်တွင် လုံးဝမပြုရန် လွှတ်တော်မှတစ်ဆင့် သတိပေးခဲ့သည်။

ကော်မရှင်၏ လေ့လာတွေ့ရှိချက်အရ ဆောင်းပါးတွင်ပါရှိသည့် ''ဥပဒေအထက် တွင် လွတ်တော်ရှိသလား'' တွင် ပါဝင်သော အသုံးအနှုန်းများမှာ လွှတ်တော်၏ လုပ်ဆောင်ချက်များနှင့် လွှတ်တော်အမတ်များ၏ ဂုဏ်သိက္ခာကိုစော်ကားခြင်းနှင့် ပြည်သူ လူထုက အထင်အမြင်လွဲမှားပြီး အကြည်ညို ပျက်စေခြင်းတို့ တွေ့ရှိရပါသည်ဟု ဦးမြညိမ်းက လွှတ်တော်တွင် ရှင်းပြခဲ့သည်။ကော်မရှင်၏ စုံစမ်းစစ်ဆးစဉ်ကာလက ခေါ်ယူမေးမြန်းထားသူများ၏ ပြောဆိုချက် များကို ဦးမြညိမ်းက လွှတ်တော်တွင် အသေး စိတ်ဖတ်ကြားခဲ့သည်။

ယင်းကဲ့သို့ဖတ်ကြားခဲ့ခြင်းအပေါ် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)၏ အ တွင်းရေးမှူး ဦးကျော်မင်းဆွေက အများပြည်သူသို့ ထုတ်ပြန်ရန်မဟုတ်သည့် ပြောစကား များကို အသေးစိတ်ပြန်ပြောနေသဖြင့်''နောင် မှာ လွှတ်တော်ကော်မရှင်တစ်ခုခုက ခေါ် မေးရင် အမှန်အတိုင်း၊ စိတ်ထဲရှိတဲ့အတိုင်းပွင့်ပွင့်လင်းလင်းပြောကြပါဦးမလား''ဟုလူမှုကွန်ရက် အင်တာနက်စာ မျက်နှာ တွင် ထောက်ပြပြောဆိုထားသည်။

Above of Law ဟုအမည်ရသည့် ဥပဒေ အထက်တွင် လွှတ်တော်ရှိသလားဆိုသည့် ဆောင်းပါး ကို Voice of Myanmar ဟုအမည်ရသည့် အင်တာနက် ဘလော့ဂ်ဂါ တွင် ဒေါက်တာဆိတ်ဖွားကလောင်ဖြင့် ရေး သားသူကိုဖော်ထုတ်ပေးရန် ဇန်နဝါရီလ ၁၇ ရက်တွင် ဒေါက်တာစိုးရင်က အရေးကြီး အဆိုတင်သွင်းခဲ့ပြီးနောက် ကော်မရှင်ဖွဲ့၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 
Ref: Mizzima

အင်တာနက်ပေါ်၌ ဘာသာရေးနှင့် ပတ်သက်ပြီး အမုန်းတရား ပွားများလာစေရန် လှုံ့ဆော်နေသူများကို ဥပဒေပြဋ္ဌာန်း၍ ဖော်ထုတ်အရေးယူမှုများ ပြုလုပ်ရန် အကြံပြုချက်များရှိ

အင်တာနက်ပေါ်၌ ဘာသာရေးနှင့် ပတ်သက်ပြီး အမုန်းတရား ပွားများလာစေရန် လှုံ့ဆော်နေသူများကို လူ့ကျင့်ဝတ်ဖြင့် ထိန်းသိမ်းသည့် နည်းလမ်းအပြင် ဥပဒေပြဋ္ဌာန်းပြီး ဖော်ထုတ် အရေးယူမှုများ ပြုလုပ်ရန် အကြံပြုချက်များ ရှိနေကြောင်း သိရှိရပါသည်။လက်ရှိအချိန်တွင် လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဖြစ်သော Facebook တွင် ဘာသာရေးနှင့် ပတ်သက်သော အမုန်းတရားများ ပွားများလာစေရန် Hate Speech များ ရေးသားပြီး လှုံ့ဆော်သူများမှာ ပိုမိုများပြားလာကာ ထိန်းချုပ်ရန် ခက်ခဲသည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိနေကြောင်း သိရပါသည်။ ထိုကဲ့သို့ ဘာသာရေးနှင့် ပတ်သက်ပြီး အမုန်းတရားပွားစေရန် လုပ်ဆောင်သူ အများစုမှာ Facebook Account အတုများဖြင့် ရေးသားနေသူများဖြစ်ကာ အမည်ရင်း၊ Facebook Account အစစ်၊ Profile အမှန်တို့ဖြင့် ရေးသားနေသူများလည်း ရှိကြောင်း သိရှိရပါသည်။

''ကျွန်တော်တို့ Hate Speech နဲ့ ပတ်သက်ပြီး ဧပြီလတုန်းက အလုပ်ရုံဆွေးနွေးပွဲ တစ်ခုလုပ်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ Social Media မှာ လိုက်နာကျင့်သုံးရမဲ့ Ethic ရှိပြီးသားပါ၊ လိုက်နာကျင့်သုံးမှု မရှိကြတာပါ။ Hate Speech ကို ပထမက လူ့ကျင့်ဝတ်နဲ့ ထိမ်းသိမ်းရမယ်။ နောက်တစ်ချက်က ဥပဒေနဲ့ ထိမ်းသိမ်းရမယ်။ Facebook ကို သုံးသူတွေရဲ့ ၂၂ ရာခိုင်နှုန်းက Facebook ကို တစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်နေတာကို တွေ့ရတယ်။ အဲဒီ့လူတွေကို ဥပဒေနဲ့ ထိမ်းသိမ်းဖို့ လိုပါတယ်။ ကျွန်တော်တို့လည်း စိတ်ပူတယ်၊၂၀၁၃ ကနေ ၂၀၁၆ အထိကို ဖုန်းက ၃၉ သန်း ချမယ်ဆိုတော့ ပိုပြီးဆိုးလာဖို့ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သေချာထိမ်းသိမ်းဖို့ လိုလာတယ်။ Facebook ပေါ်မှာကိုပဲ ကိုယ်နဲ့တူတဲ့ အစုလေးတွေ ဖွဲ့ပြီးတော့ Hate Speech တွေကို လက်မခံတာမျိုးတွေ၊ ကိုယ့်အုပ်စုထဲမှာပဲ အချင်းချင်း ထိမ်းသိမ်းတာမျိုးတွေ လုပ်သင့်ပါတယ်'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။

အမုန်းတရား ပွားများလာစေရန် ရည်ရွယ်သည့် လှုံ့ဆော်မှုများကို ဥပဒေအရ ကာကွယ်သင့်၊ မသင့် ဆွေးနွေးပွဲ တစ်ရပ်ကို အမေရိကန်သံရုံး၏ စီစဉ်မှုဖြင့် ဇွန် ၂၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် အေပီသတင်းဌာန၏ အတိုင်ပင်ခံဟောင်း Richard Winfield က အမုန်းတရား တိုးပွားအောင် ပြုလုပ်သည့် လှုံ့ဆော်မှုများမှ ကာကွယ်ရန် ဥရောပနိုင်ငံ အချို့တွင် ဥပဒေဖြင့် အကာအကွယ် ပေးထားသော်လည်း အခြားမလိုအပ်သည့် ဘေးထွက်ဆိုးကျိုးများ ရှိသောကြောင့် ကောင်းကျိုး၊ ဆိုးကျိုးကို ချင့်ချိန်ဆွေးနွေးရန် ပြောကြားခဲ့ပါသည်။

''အမေရိကားမှာတော့ Hate Speech အတွက် သီးသန့် ဥပဒေတော့ မရှိဘူး။ ဒါပေမဲ့ ဥပဒေကို ချိုးဖောက်တာတစ်ခုခု၊ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ် မတော်မလျော် ပြုလုပ်တာမျိုး ဆိုရင်တော့ FBI တို့ CIA တို့လို အဖွဲ့တွေက ချက်ချင်း လာဖမ်းသွားမှာပဲ။ မြန်မာနိုင်ငံမှာ အဲလိုအဖွဲ့တွေ မရှိတော့ Hate Speech ပတ်သက်ပြီး ဥပဒေ ထုတ်ပြန်သင့်ပါတယ်'' ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးမြင့်မောင်ဋ္ဌေးက ပြောကြားပါသည်။''သင်ခဲ့ရတဲ့ သင်ခန်းစာ တစ်ခုထဲမှာ discrimination ကနေ တစ်ဖြည်းဖြည်း Hate Speech ဖြစ်လာရင် Genocide ဖြစ်ဖို့ နီးလာပြီ။ ဒါကြောင့် မီးဆိုတာ မလောင်ခင်တားတာ ကောင်းပါတယ်။ Hate Speech တွေ မပြန့်နှံ့အောင် ဥပဒေတစ်ရပ် ထုတ်သင့်ပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးခင်မောင်ကြည်က ပြောကြားသည်။

အမုန်းတရား ပွားစေသာ လှုံ့ဆော်မှုများကို ဥပဒေထုတ်ပြန်၍ တားမြစ်ခြင်းများ၊ ဖော်ထုတ် အရေးယူခြင်းများ ပြုလုပ်ရန် အကြံပြုချက်များ ရှိသည့်နည်းတူ ဆွေးနွေး အဖြေရှာသည့် ပုံစံဖြင့် ချဉ်းကပ်သင့်ကြောင်း အကြံပြုချက်များလည်း ရှိပါသည်။''Facebook ပေါ်မှာရေးနေတဲ့ အမုန်းတရားနဲ့ ပတ်သက်တဲ့ လှုံဆော်မှုတွေကို တွေ့တိုင်း ချိုသာတဲ့ စကားလုံးတွေနဲ့ ပြန်ပြီး ရှင်းပြပေးသင့်တယ်။ တစ်ဖက်နဲ့တစ်ဖက် ရန်ဖြစ်နေတာကိုတွေ့ရင် Facebook ပေါ်မှာပဲ ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာတဲ့ အလေ့အထမျိုး ရှိစေချင်ပါတယ်။ ဒီလိုဆွေးနွေး အဖြေရှာတဲ့ ပုံစံမျိုးကို Social Society တွေအနေနဲ့လည်း ပါဝင်သင့်ပါတယ်။ ဥပဒေတစ်ခုထုတ်ဖို့ ဆိုတာကိုတော့ ဥပဒေပညာရှင် တစ်ယောက်အနေနဲ့ မထိရောက်ဘူးလို့ မြင်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းက ပြောကြားသည်။''Electronic Transaction Law ထဲမှာဆိုရင် Facebook ပေါ်က လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်မှုတွေကို သွယ်ဝိုက်ပြီး အရေးယူနိုင်တဲ့ ပုဒ်မ ၃၃ တော့ရှိတယ်။ မြန်မာနိုင်ငံမှာက Facebook မှာ ပြစ်မှုကျူးလွန်တာနဲ့ ပတ်သက်ပြီး အရေးယူနိုင်တဲ့ ဥပဒေတော့ မရှိသေးဘူး'' ဟု Purple Equity Law Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက ပြောကြားခဲ့သည်။

ဘာသာရေး အကြောင်းပြုပြီး အစွန်းရောက်သူများ၏ ရေးသားပြောဆိုမှုများကို အရေးယူနိုင်သည့် ဥပဒေမှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ အချို့တွင် ပြဌာန်းထားပြီး ရာဇသတ်ကြီး အခန်း ၂၂၊ ရာဇ၀တ်မကင်းသော ခြောက်လှန့်မှု၊ စော်ကားမှုနှင့် စိတ်ငြိုငြင်စေမှုများ အခန်းပါ ပုဒ်မ ၅၀၅ (ဂ) တွင် မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ၊ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန်အကြံရှိလျှင် သို့တည်းမဟုတ် လှုံ့ဆော်ခြင်းကိုဖြစ်စေ၊ အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဌာန်းထားပါသည်။

ထို့ပြင် ကိုးကွယ်ဝတ်ပြုသော နေရာကို ဖျက်ဆီးခြင်း၊ ယုတ်ညံ့စေခြင်း၊ လူတစ်စား ကိုးကွယ်သည့်ဘာသာ၊ သာသနာကိုဖြစ်စေ၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထိုလူတစား၏ ကိုးကွယ်ရာ ဘာသာရေး စိတ်ဓာတ်ကို နာကျည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်ခြင်းများ ပြုလုပ်ပါက ရာဇသတ်ကြီး အခန်း-၁၅၊ ဘာသာသာသနာဆိုင်ရာ ပြစ်မှုများအခန်း ပုဒ်မ-၂၉၅ နှင့် ၂၉၅(က)အရ ထောင်ဒဏ် ချမှတ်ခံရနိုင်ကြောင်း သိရသည်။

အင်တာနက်ပေါ်တွင် ဘာသာရေးနှင့် ပတ်သက်သော အမုန်းတရား ပွားများစေရန် လှုံ့ဆော်နေသူများတွင် စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ရောက်ရှိနေသူများလည်း ပါဝင်နေပြီး ထိုသူများကိုလည်း ဥပဒေအရ အရေးယူနိုင်သည့် နည်းလမ်းများ ရှိကြောင်း သိရှိရပါသည်။သို့သော် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ် ၁၉ နှင့် ၂၀ တွင် လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်ကို ကျင့်သုံးရာ၌ အများစု၏ လွတ်လပ်ခွင့်ကို မထိပါးစေရန်၊ လူအများ အခွင့်အရေးကို လေးစားရန်နှင့် လူမျိုးရေး ဘာသာရေး မထိခိုက်စေရန် လိုအပ်ပါက ဥပဒေပြု တားမြစ်နိုင်ကြောင်း အခိုင်အမာ ပြဌာန်းထားသော်လည်း အရာရာတိုင်းကို ဥပဒေဖြင့် လိုက်ပိတ်ရန် မလွယ်ကူကြောင်း ဇွန် ၂၈ ရက်က ပြုလုပ်ခဲ့သော အမုန်းတရား ပွားများလာစေရန် ရည်ရွယ်သည့် လှုံ့ဆော်မှုများကို ဥပဒေအရ ကာကွယ်သင့်၊ မသင့် ဆွေးနွေးပွဲတွင် ဦးရဲထွဋ်က ပြောကြားခဲ့ပါသည်။

Ref:first-11

မြန်မာနိုင်ငံသားများ အသတ်ခံရမှုကို ဖော်ထုတ်ခြင်းမရှိဘဲ မြန်မာနိုင်ငံတွင်းမှ ပဋိပက္ခများဖြေရှင်းရန် မလေးရှား တောင်းဆို

ဘရူနိုင်းနိုင်ငံ Begawan မြို့တွင် ဇွန် ၂၉ ရက်က ကျင်းပသော (၄၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က မလေးရှားနိုင်ငံ အတွင်း ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုကို ထည့်သွင်းဆွေးနွေးခြင်း မပြုဘဲ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများကိုသာ အလေးထားဖြေရှင်းရန် ပြောကြားသည်။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က     ''မြန်မာနိုင်ငံအတွင်း ယခုထက်ထိတိုင် မအေးချမ်းသေးသော အခြေအနေများသည် ဒေသတွင်းနိုင်ငံများဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများ အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း'' ဟု ပြောကြားသည်။ 
 
ထို့ပြင် ၎င်းက မြန်မာနိုင်ငံ အနေဖြင့် မွတ်စလင်ဘာသာဝင်များ လုံခြုံမှု ရှိစေရန် နှင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေ နှင့်အညီ ပွင့်လင်းမြင်သာစွာ တရားစီရင်သင့်ကြောင်း တောင်းဆိုခဲ့သည်။ထိုကဲ့သို့ မလေးရှားနိုင်ငံမှ တောင်းဆိုမှုများ ပြုလုပ်သော်လည်း မကြာမီကာလ အတွင်းက ဖြစ်ပွားခဲ့သည့် မလေးရှားနိုင်ငံရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အသတ်ခံရမှုများအား ဖော်ထုတ်ပေးမည်ဟု မလေးရှား အစိုးရဘက်မှ ပြောကြားခဲ့ခြင်း မရှိပေ။ 
 
လွန်ခဲ့သည့် ရက်သတ္တပတ်များအ တွင်းက မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံ သားများ အသတ်ခံရမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား စိုးရိမ်မှုများ ရှိနေကြသည်။ထိုသို့ သတ်ဖြတ်ခံရမှုအပေါ် မြန်မာ အစိုးရဘက်မှ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း ပြစ်မှုကျူးလွန်သူများအား မလေးရှား အစိုးရက ဖော်ထုတ်ပေးရန် ကတိပြုခြင်းမရှိပေ။အဆိုပါ ဖြစ်ရပ်များ မဖြစ်ပွားခင် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြိုးပမ်းမှုတစ်ရပ်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ တားဆီးဖော်ထုတ် နိုင်ခဲ့သည်။

Ref: first-11

ဈေးဝယ်ထွက်တဲ့အခါ အများထက်အသိပညာ ကြွယ်ချင်သလား ဘားကုဒ်လေးတွေ သတိထား

ဈေးဝယ် ထွက်ချင်သလား။ အများထက် အသိပညာ ဗဟုသုတ ကြွယ်ချင်သလား။ ပစ္စည်း တစ်ခုကို ထုတ်လုပ်တဲ့ နိုင်ငံ သိနိုင်ဖို့ ဘားကုဒ်ကို ကြည့်တတ်ဖို့လိုပါတယ်။ တံဆိပ်ကို တုလို့ လွယ်ပေမယ့် တံဆိပ်က ဘားကုဒ်ကို တုဖို့ ခက်ပါလိမ့်မယ်။ ဘယ်နိုင်ငံအတွက် ဘားကုဒ်က ဘာလဲ ဆိုတာ သိရင် ဘားကုဒ်ကို ကြည့်လို့ ဒီပစ္စည်းဟာ ဘယ်နိုင်ငံထွက် ပစ္စည်း ဆိုတာ အလွယ် သိနိုင် ပါတယ်။

ဒါလေး ဆိုရင် ရှေ့ဆုံးသုံးလုံးကို ကြည့်ပြီး ထိုင်ဝမ် နိုင်ငံ လုပ်ဆိုတာ သိနိုင် ပါပြီ။ (မs0what မေးလ်နဲ့ ပို့ပေးတာလေးပါ)

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အတုတွေ ပေါလွန်းလှ ပါတယ်။ နိုင်ငံတကာက နာမည်ကြီး ကုန် အမှတ် တံဆိပ် တွေကို အတု လုပ်ရုံမက ရက်လွန် နေ့စွဲ ခေါ်တဲ့ expired date ကိုတောင် ကြိုလုပ် ရေးထား ကပ်ထား တတ်တာ မကြာခဏ ပစ္စည်း တော်တော် များများ ပေါ်မှာ တွေ့ရ ပါတယ်။ တခါက မုန့်ဆိုင် တစ်ဆိုင်မှာ ရောင်းတဲ့ ကိတ်မုန့်ရဲ့ ထုတ်လုပ်သည့် နေ့စွဲက မနက်ဖြန် ဖြစ်နေပါတယ်။ ဒါဆို ခုရောင်း နေတာ ဂျုံလုံး လေးတွေလား လို့ မေးရင်း အဲဒီ တံဆိပ်ကို နောက်နောင် ဘယ်တော့မှ ၀ယ်မစား ဖြစ် တော့ ပါဘူး။ ဒီလို ရောင်းမှုဟာ ခိုးမှုရော လိမ်မှုပါ မြောက်ပါတယ်။

စားသုံးသူ ဘက်ကလဲ ရွေးချယ်စရာ မရှိလို့ ဒီလို စီးပွားရေး ကျင့်ဝတ် ပျက်စီး နေတာ ကျယ်ပြန့် နေ တာလား။ ဒါမှ မဟုတ် စားသုံးသူ ဘက်က ဒီလို စစ်ဆေးရ ကောင်းမှန်းကို မသိလို့ ဒါမှ မဟုတ် မေ့ လျော့ ပေါ့ဆ လွန်းလို့ မစစ်ဆေးမိ တာကို အခွင့်ကောင်း ယူပြီး စီးပွားရေး သမားတွေက ကျင့်ဝတ် ပျက်စီး ရဲနေတာလား ဆိုတာ မေးခွန်း ထုတ်စရာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ တာဝန် ရှိသူ ဆို တဲ့ လူတွေက လာဘ်ပေး လာဘ်ယူ ကိစ္စ တွေကြောင့် အကျင့်ပျက်ပြီး အရေးယူမှု မလုပ်ရင်တောင် စားသုံးသူ ဘက်က အသိ၊ သတိ တို့နဲ့ ဒီလို ကျင့်ဝတ် ပျက်စီးမှုကို အားမပေးဘဲ ရှောင်ခြင်းဖြင့် အရေး ယူ နိုင်ရင် အကျင့်ပျက် ထုတ်လုပ်သူ စီးပွားရေးသမား များကလဲ စီးပွားရေးကို ထိခိုက် နိုင်လို့ နောင်ကို လုပ်ရဲတော့မှာ မဟုတ်ဘူးလို့ ယူဆ မိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေလဲ ကိုယ့်ပါးစပ် မှာ စားမယ့် အစားအစာ၊ ကိုယ့်အတွက် သုံးမယ့် အသုံးအဆောင် ပစ္စည်း များအတွက် အလိမ် မခံရအောင် အသိ တရား လက်ကိုင်ထားနိုင်ဖို့ ၊ သတိနဲ့ ဗဟုသုတ ရှာမှီးရင်း ကိုယ့်ကိုယ်ကို ကာကွယ် ကြပါစို့လားဗျာ။

ASSIGNED GS1 PREFIXES 
000 - 019 GS1 US
020 - 029 Restricted distribution (MO defined)
030 - 039 GS1 US
040 - 049 Restricted distribution (MO defined)
050 - 059 Coupons
060 - 139 GS1 US
200 - 299 Restricted distribution (MO defined)
300 - 379 GS1 France
380 GS1 Bulgaria
383 GS1 Slovenija
385 GS1 Croatia
387 GS1 BIH (Bosnia-Herzegovina)
400 - 440 GS1 Germany
450 - 459 & 490 - 499 GS1 Japan
460 - 469 GS1 Russia
470 GS1 Kyrgyzstan
471 GS1 Taiwan
474 GS1 Estonia
475 GS1 Latvia
476 GS1 Azerbaijan
477 GS1 Lithuania
478 GS1 Uzbekistan
479 GS1 Sri Lanka
480 GS1 Philippines
481 GS1 Belarus
482 GS1 Ukraine
484 GS1 Moldova
485 GS1 Armenia
486 GS1 Georgia
487 GS1 Kazakstan
489 GS1 Hong Kong
500 - 509 GS1 UK
520 GS1 Greece
528 GS1 Lebanon
529 GS1 Cyprus
530 GS1 Albania
531 GS1 MAC (FYR Macedonia)
535 GS1 Malta
539 GS1 Ireland
540 - 549 GS1 Belgium & Luxembourg
560 GS1 Portugal
569 GS1 Iceland
570 - 579 GS1 Denmark
590 GS1 Poland
594 GS1 Romania
599 GS1 Hungary
600 - 601 GS1 South Africa
603 GS1 Ghana
608 GS1 Bahrain
609 GS1 Mauritius
611 GS1 Morocco
613 GS1 Algeria
616 GS1 Kenya
618 GS1 Ivory Coast
619 GS1 Tunisia
621 GS1 Syria
622 GS1 Egypt
624 GS1 Libya
625 GS1 Jordan
626 GS1 Iran
627 GS1 Kuwait
628 GS1 Saudi Arabia
629 GS1 Emirates
640 - 649 GS1 Finland
690 - 695 GS1 China
700 - 709 GS1 Norway
729 GS1 Israel
730 - 739 GS1 Sweden
740 GS1 Guatemala
741 GS1 El Salvador
742 GS1 Honduras
743 GS1 Nicaragua
744 GS1 Costa Rica
745 GS1 Panama
746 GS1 Republica Dominicana
750 GS1 Mexico
754 - 755 GS1 Canada
759 GS1 Venezuela
760 - 769 GS1 Schweiz, Suisse, Svizzera
770 GS1 Colombia
773 GS1 Uruguay
775 GS1 Peru
777 GS1 Bolivia
779 GS1 Argentina
780 GS1 Chile
784 GS1 Paraguay
786 GS1 Ecuador
789 - 790 GS1 Brasil
800 - 839 GS1 Italy
840 - 849 GS1 Spain
850 GS1 Cuba
858 GS1 Slovakia
859 GS1 Czech
860 GS1 YU (Serbia & Montenegro)
865 GS1 Mongolia
867 GS1 North Korea
868 - 869 GS1 Turkey
870 - 879 GS1 Netherlands
880 GS1 South Korea
884 GS1 Cambodia
885 GS1 Thailand
888 GS1 Singapore
890 GS1 India
893 GS1 Vietnam
899 GS1 Indonesia
900 - 919 GS1 Austria
930 - 939 GS1 Australia
940 - 949 GS1 New Zealand
950 GS1 Global Office
955 GS1 Malaysia
958 GS1 Macau
977 Serial publications (ISSN)
978 - 979 Bookland (ISBN)
980 Refund receipts
981 - 982 Common Currency Coupons
990 - 999 Coupons
Note: Prefixes not assigned yet are reserved for future use. (Copy )

Mr-Daung Char Sai
Ref: FB