2.7.13

ပီရူးနိုင်ငံတွင် နှစ်ပေါင်း ၁၂၀၀ကျော် သက်တမ်းရှိသည့် ရှေးဟောင်းသင်္ချိုင်းတစ်ခု တူးဖော်တွေ့ရှိခဲ့

 
  ပီရူး ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂၀၀ ၀န်းကျင်ခန့် ရှိတယ် လို့ယူဆရတဲ့ တော်ဝင်သင်္ချိုင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါတော်ဝင်သင်္ချိုင်းကို နိုင် ငံမြောက်ပိုင်း Ancash ဒေသ၊ Lima မြို့မြောက်ပိုင်း ၂၈၀ကီလိုမီတာအကွာမှာ တူးဖော်တွေ့ရှိခဲ့ကြတာဖြစ် ပြီး၊ ဒါဟာ Inca Empire နှောင်း ပိုင်းကာလက တော်ဝင်သင်္ချိုင်း ဖြစ်နိုင်ကြောင်း ပီရူးနဲ့ပိုလန်မှ သုတေ သီတွေက ယူဆခဲ့ကြပါတယ်။ သင်္ချိုင်းဝင်ပေါက်ကိုတော့ မီးခိုးရောင် ကျောက်တွေနဲ့ ဖန်တီးပြုလုပ်ထားပြီး သင်္ချိုင်းအတွင်းရှိ ခန်းမအတွင်းမှာတော့ တော်ဝင်မျိုးနွယ်ဝင်အမျိုးသမီးတစ်ဦးရဲ့ မမ်မီရုပ်လောင်းတစ်ခုကို .တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် မြေမြှုပ်ထားတဲ့ ရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာအပါအ၀င် ငွေဖလားအစ ရှိတဲ့ လက်ဝတ်ရတနာပစ္စည်း စုစုပေါင်း ၁၂၀၀ ခန့်ကိုလည်း တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒါဟာ Wari empir -e ခေတ်ကာလက တော်ဝင်သင်္ချိုင်း ဖြစ်နိုင်တယ်လို့ သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။ ယခုလိုတူးဖော် .တွေ့ရှိခဲ့တဲ့ ရှေးဟောင်းဂူသင်္ချိုင်းဟာ Inca empire လက်ထက်က အရေးကြီးတဲ့ သမိုင်းကြောင်း ဆိုင်ရာ အချက်အလက်တွေကိုလေ့လာရာမှာ များစွာအထောက်အကူရရှိနိုင်မှာပဲလို့ သုတေသီတွေက မျှော်မှန်း ထားကြောင်း သိရပါတယ်။
Ref..MRTV-4

0 comments:

Post a Comment