2.7.13

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေး ကံကောင်းခြင်းကတ် ရောင်းချမည်

    မြန်မာနိုင်ငံ၌ ဒီဇင်ဘာလအတွင်း ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အတွက် ကံကောင်းခြင်းကတ်ထုတ်ဝေရောင်းချမည့် အစီအစဉ်ရှင်းလင်းပွဲကို ဇွန်လ၂၉ ရက် မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့ ၊ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်၌ HELLO MADAM Media Gruop မှ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ကြမည့် ၂၇ ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပြည်သူတစ်ရပ်လုံး စိတ်အားထက်သန်စွာ ပါဝင်အားပေး လာစေရေန် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ရန်ပုံငွေများထည့်ဝင် လှူဒါန်းနိုင် ရန် နှင့် ပြည်သူများ၏ ဂုဏ်ယူပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ၍ အမှတ်တရအဖိုးတန်ကံကောင်းခြင်း လက်ဆောင် များ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် ကံကောင်းခြင်းကတ် Lucky Card ထုတ်ဝေ ရောင်းချမည် ဖြစ်ပြီး Lucky Card များကို ဒီဇိုင်း ၆ မျိုးဖြင့်ပြုလုပ်ထားပြီး ကတ်တစ်ခုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ချိ သွားမည်ဖြစ်သည်။ အောက်တိုဘာလ ၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်တို့တွင် အနုပညာရှင်များ ၊ အားကစား သမားများတို့မှကံစမ်းမဲဖောက်၍ မော်တော်ကား ၃စီး၊ မော်တော်ဆိုင်ကယ်များအပါဝင် အဖိုးတန်ဆုမဲပေါင်း ၃၀၀ ကျော်ကိုချီးမြှင့်သွားမည်ဖြစ်သည်။ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်၍ ကံကောင်းခြင်းကတ် Lucky Card အခုရေတစ်သန်းကို ရန်ကုန်မြို့ရှိ Junction Square နှင့် အမြို့မြို့အနယ်နယ်ရှိစာတိုက်များ ၊ ဖြန့်ချိရေးနေ ရာများတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။ Promotion အစီအစဉ်တွင် ထိုင်းနိုင်ငံ CMO ကုမ္ပဏီမှ ပူးပေါင်း ပါဝင်ကြောင်း သိရှိရသည်။
Ref..pyichit-thar.

0 comments:

Post a Comment