2.7.13

ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ



   ဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့အမည်ပေးထားပါ တယ်။ ၁၉၉၂ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ၅ထပ်၊ ၆ထပ်၊ ၇ထပ် စတဲ့အထပ်သုံးထပ်ကိုဟိုင်းဝေး ကားလမ်း ဖောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရင် ယင်းအထပ်တွေကိုရပ်မှမဟုတ်ပဲ အလိုအလျောက်ကျော်သွားပါတယ်။ ခေါင်မိုးမှာရဟတ်ယာဉ်ကွင်းကိုလည်း ထားရှိထားပါတယ်။ ဟိုင်းဝေး လမ်းကြောင့် တိုက်တုန်ခါမှု၊ အသံဆူညံမှု မဖြစ်အောင် အထပ်ပေါင်း များစွာ ခံထားပါတယ်။ ပြီးတော့ တိုက် တစ်ခုလုံးကိုလည်း double core -နှစ်ထပ် ပြုလုပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အစကတည်းကပင် ယင်းနေရာမှာ ဟိုင်းဝေးလမ်း ဖြစ်ပြီး Suezawa Sangyo Co. Ltd မှ အစိုးရထံ ခွင့်ပြုချက်တောင်းလို့ ကြိုး စားတည် ဆောက်ခဲ့တာဖြစ်ပါတယ်။ တည်ဆောက်ပေးတဲ့ ကုမ္မဏီကတော့ Sato Kogyo Co. Ltd. ဖြစ် ပါ တယ်။ ယခုချိန်မှာတော့ Gate Tower မှာ ပုဂ္ဂလိကရုံးနဲ့ ကုမ္မဏီအချို့ အခြေဆိုက်ပြီး ဂျပန်နိုင်ငံရဲ ပထမဆုံး ဟိုင်းဝေးလမ်းဖောက် တာဝါအဖြစ် မှတ်တမ်း တင်ခဲ့ကြောင်း သိရပါတယ်။
---
Ref: wiki
International news for myanmar

0 comments:

Post a Comment