2.7.13

ကွန်ပျူတာက မသိတဲ့ဖိုင်တစ်မျိုးဖြစ်အောင် ပြုလုပ်ပြီး မိမိရဲ့ဒေတာတွေကို လျှို့ဝှက်မယ် မျှဝေမယ်

  






      ဒီနေ့တော့ .mp3 .mp4 .avi .jpg .pdf .flv .rar .zip .exe စသဖြင့် ဖိုင်လေးတွေ အကြောင်းနဲနဲပါးပါး ဘာညာလေးရေးပေးမယ်.။ ကွန်ပျူတာသမားအတော်များများဟာ ခုနပြောသွားတဲ့ file format အကြောင်း သိပြီးသားလို့ ယူဆမယ်နော် မသိသေးရင်လည်း သိမ်းဆည်းထားတဲ့ ဖိုင်လေးတွေ mp3 mp4 dat flv jpg pdf rar zip exe စသဖြင့် များစွာကြိုက်နှစ် သက်တာတွေ သိုမှီသိမ်းဆည်း ထားကြပါတယ် ဖိုင်နာမည်များ ကိုလည်း မြန်မာလိုရော အင်္ဂလိပ်လိုရော အမျိုးမျိုးပေးထားကြပါတယ်။ အဲဒီမှာတစ်ခု သတိထားရမှာက Icon လေးတွေမြင်လို့ သိတာထက်နဲနဲသာတဲ့ ပညာလေးပေါ့ဗျာ။ ဟာဒီဖိုင်က ဘာဖိုင်ဆိုတာကို Microsoft ကုမ္မဏီက အဲဒါလေးကိုအရှင်လုပ်ထားတယ်။အဲဒါလေးကို ပြန်ပြင်လိုက်ရင်တော့ သြော်ဒါ mp3 ဖိုင် mp4 jpg စသဖြင့် သိနိုင်ပါပြီ။ အဲဒီနည်းဟာ မသိသေးတဲ့ ကလေးငယ်တွေကို ကိုယ်မကြည့်စေချင်တဲ့ဖိုင်တွေ ဥ ပမာ mp4 တို့ pdf စသဖြင့်ပေါ့ဗျာ.။ အဲဒါလေးကို ဒီနည်းလေးနဲ့ လုပ်ထားမယ်ဆိုရင် ဘယ်လောက်ပင် ဖွင့် ဖွင့် ပွင့်မှာမဟုတ်ပါဘူး မူရင်း mp4 pdf ဖိုင်အတိုင်းပွင့်မှာ မဟုတ်ပါဘူး.။ ဘာကြောင့်လည်းဆိုတော့ ကွန် ပျူတာက ဒါဘာဖိုင်ဆိုတာ မခွဲခြားတတ်တော့ လို့ပါ.။ အမျိုးအမည်မသိတဲ့ဖိုင်လေးပေါ့.။ ဒါကလည်း ခက် လို့တော့မဟုတ်ပါဘူး တစ်ခုလေးပြောင်းပေးရုံနဲ့ နာမည်လေးရဲ့နောက်က .mp3 .mp4 .avi .jpg .pdf .flv .rar .zip .exe စသဖြင့်ဖိုင်နာမည်လေးတွေကို ဖျက်ပေးရုံလေးပါ.။ ဒီနည်းပညာလေးကကိုယ့်ကွန်ပျူမှာ က လိလို့ဖြစ်သွားတာ သီချင်းဖိုင်တွေ dat ဖိုင်တွေကို နာမည်ပြောင်းတော့.dat ဆိုတာလေး   ရောပါ ဖျက် လိုက်မိလို့ တိုင်ပတ်ခဲ့တဲ့ နည်းပညာလေးပေါ့.။ ခုတော့ မသိသေးတဲ့ ကိုယ့်မိတ်ဆွေများအတွက် ပို့စ်တစ်ခု အနေနဲ့ ဖြစ်ပေါ်လာအောင် ရေးလိုက်ပါတယ်.။
   ကဲခုနပြောခဲ့တဲ့ နည်းပညာလေးက ခုမှ စပါပြီး MyComputer ကိုနှစ်ချက်တောက်ဖွင့်ပါ.ဘယ်ကဖွင့်ဖွင့် အဓိကတော့ ပွင့်လာဖို့ရေးကြီးတယ်.ပွင့်လာပြီဆိုလို့ရှိရင် folder option ကိုသွားမယ်.သွားမယ်ဆိုမှ ဘယ် ကသွားရမှန်းမသိသေးရင် ဘယ်ဘက်ခြမ်း၊က Organize>>floder and search options ကိုနှိပ်ပါ ။ ပေါ် လာတဲ့ဘောက်လေးမှာView ကိုနှိပ်ပါ ဖိုင် hidden show ပြုလုပ်တာ နှစ်ခုရဲ့အောက်ကတစ်ကြောင်းကျော် က ( Hide empty drives in the Computer folder) ရဲ့အောက်က ခုရေးပြတဲ့အကြောင်းလေးမှာ Hide extensions for known file types ဆိုတာလေးကို အမှန်ခြစ်ဖြုတ်လိုက်ရင် ကွန်ပျူတာထဲမှာရှိတဲ့သီချင်း၊ ရုပ်ရှင်တွေ၊ ဘာဘာညာညာတွေ .mp3၊.mp4၊.avi၊.jpg၊.pdf၊.flv၊.rar၊၊.zip၊.exe ဆိုတာလေးတွေကိုမြင် ရတွေ့ရပါလိမ့်မယ် ။ ကဲနာမည်ပြောင်းကြည့်မယ်.။ ဥပမာ mp3 ဖိုင်ဆိုလို့ရှိရင်( ဇော်ဝင်းထွဋ်.mp3 Myogyi.mp3) ဆိုပြီးမြင်ရမယ် ဇော်ဝင်းထွဋ်နောက်က .mp3 ဆိုတဲ့ စာသားလေးကို ဖျက်လိုက်ရင် ကွန် ပျူတာက အမျိုးအမည်မသိတဲ့ ဖိုင်လေးဖြစ်သွားပါပြီ.။ ဒီလိုဖြစ်သွားရင် ဘယ်Player နဲ့ဖွင့်ဖွင့် ခုနကနာမည် .ပြောင်းထားတဲ့ဖိုင်ဟာ ဘယ်တော့မှ မပွင့်တော့ဘူး အသံမမည်တော့ဘူး သီချင်းမဟုတ်တော့သလိုဖြစ်နေ ပြီ.။ တစ်ကယ်လို့ mp3 ဖြစ်ချင်တယ်ဆိုလို့ရှိရင် နာမည်နောက်မှာ .mp3 ဆိုတာလေးထည့်ပေးပါ.။ ဒီနည်း ကို အတုယူပြီး အခြားသော avi mp4 flv rar zip စသဖြင့်ဖိုင်တွေကိုလည်း ဒီနည်းအတိုင်းပြုလုပ်ပါလေ။ mp4 ဆိုရင်လည်း .mp4 ဖျက် .mp4 လို့ပြန်ရိုက်ထည့်ပါ.ဒါမှ ပြန်ဖွင့်ကြည့်လို့ရမည်။ .mp4 ဖိုင်တစ်ခုကို .mp3 ပြောင်းလို့ မရပါ အသံမည်မှာ မဟုတ်ပါဘူး.ဒီလောက်ဆို သိလောက်ရောပေါ့ ကဲမရှင်းရင် အပေါ်မှာ ပုံလေးတွေနဲ့ ပြမယ်.။

0 comments:

Post a Comment