ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.2.14

မီးဘေးသင့် ဈေးသူ ဈေးသားများကို ငွေကျပ် သိန်းပေါင်း ၂၀၀၀၀ ကျော် ထုတ်ချေးမည်ဟုဆို


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မ ဈေးကြီး မီးလောင်မှုတွင် ဆုံးရှုံးမှု တန်ဖိုးသည် မူလ ခန့်မှန်းထားသည်ထက် ပိုမို ဆုံးရှုံးခဲ့သည့် အတွက် မီးဘေးသင့်ခံ ဈေးသူ ဈေးသားများကို အတိုးနှုန်း သက်သာစွာဖြင့် ငွေကျပ် သိန်းပေါင်း ၂၀၀၀၀ ကျော်ကို ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။

ဥက္ကံ အစ္စလာမ် ကျောင်းဝင်းမှ တရားမဝင် အဆောက်အအုံများ ဖယ်ရှားရန် ဒေသခံများ တိုင်ကြား


Monday, February 17, 2014

ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် ရန်ကုန်- ပြည်လမ်းဘေးရှိ အစ္စလာမ် မိဘမဲ့ ကလေးများ ပြုပြင် ထိန်းသိမ်းရေး စာသင် ကျောင်းဝင်းအတွင်း တရားဝင် ခွင့်ပြုချက် မရှိဘဲ အဆောက်အအုံများ ဆောက်လုပ်နေမှုကို ဖယ်ရှားပေးရန် ဒေသခံ ပြည်သူများက မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် သာသနာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ တိုင်ကြားထားကြောင်း ဒေသခံ ဦးမင်းမင်းထွန်းက ပြောကြားသည်။

ဒီမိုကရေစီနိုင်ငံတွင် တစ်ယောက်တစ်ပေါက်လုပ်နေပါက ထိရောက်မှုမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ဒီမိုကရေ စီနိုင်ငံတစ်ခုတွင် တစ်ယောက်တစ်ပေါက် လုပ်နေမည်ဆိုပါက ထိရောက်မှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။ နိုင်ငံတကာ ဝတ်လုံတော်ရရှေ့ နေများအဖွဲ့၏ လူ့အခွင့်အရေးအဖွဲ့အစည်း နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ တို့ ပူးတွဲစီစဉ်သည့် ''ဝတ်လုံတော်ရရှေ့နေ အသင်းများ၏ ထိပ်တန်းကျင့်ထုံးများ၊ နိုင်ငံ တကာနှင့် ဒေသဆိုင်ရာကိုင်တွယ်ဖြေရှင်း နည်း''ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ ရွိုင် ရယ်ကုမုဒြာဟိုတယ်၌ ပြုလုပ်သော နှီးနှော ဖလှယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ် သည်။

Twitter က Facebook ပုံစံ ပြောင်းလဲမည်


Monday, February 17, 2014

လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Twitter က Facebook သွင်ပြင်ပုံစံ ဒီဇိုင်းသစ်တစ်ခုကို ပြောင်း လဲတော့မည် ဖြစ်သည်ဟု Mashable သတင်းက ဖော်ပြလိုက်သည်။

အမျိုးသမီးနှစ်ဦး အက်ဆစ်ဖြင့် အပက်ခံရမှု ထပ်မံဖြစ်ပွား


Monday, February 17, 2014

အမျိုးသမီးတစ်ဦး ခေတ္တကွဲနေသည့် ခင်းပွန်းဖြစ်သူထံ ကလေး သွားရောက်ခေါ်ဆောင်စဉ် အက်စစ်ဖြင့် အပက်ခံလိုက်ရသည့် ဖြစ်စဉ်နည်းတူ ခင်ပွန်းဖြစ်သူထံ ကလေးသွားရောက်ခေါ်ဆောင်သည့် အမျိုးသမီးနှင့် သူငယ်ချင်းတစ်ဦးအက်ဆစ်ဖြင့် အပက်ခံရမှုဖြစ်စဉ် တစ်ခု ဖေဖော်ဝါရီ ၁၅ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသည့် နှုန်းထားမှာ တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ သာရှိ၍ ဈေးနှုန်းတိုးမြှင့်ရန်စီစဉ်



ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသည့် နှုန်းထားမှာ တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ သာရှိခြင်းကြောင့် နည်းပါးနေပြီး ယင်းဈေးနှုန်းအား တိုးမြှင့်နိုင်ရန်အတွက် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာကုမ္ပဏီတို့ ပြန်လည်ညှိနှိုင်းရန် စီစဉ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။

လယ်သမားများအတွက် အထောက်အကူပြု လယ်ယာလုပ်ငန်းခွင် သင်တန်းပေးမည်


ယုဝေ|ဖေဖော်ဝါရီ ၁၇ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်။

တောင်သူလယ်သမားများ သိသင့်သည့် ဥပဒေများနှင့် စိုက်ပျိုးနည်းစနစ်များ အကြောင်း သင်ကြားပေး မည့် တောင်သူလယ်သမား
အထောက်အကူပြု လယ်ယာလုပ်ငန်းခွင်သင်တန်း အပတ်စဉ်(၆)ကို ဧရာဝ တီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ မိုးပြာကျေးရွာ၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖွင့်လှစ်မည်ဟု သင်တန်းစီစဉ် ပေးသည့် ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ အလုပ်အမှုဆောင်ဒါရိုက်တာဦးသောင်း ထွန်းက မဇ္ဈိမကို ပြောသည်။

အငှားယာဉ်တင်သွင်းခွင့် လာမည့် ဘဏ္ဍာနှစ်မှသာ ပြန်စဉ်းစားမည်

Monday, February 17, 2014

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှု များပြားနေခြင်းကြောင့် ပြည်ပမှ အငှားယာဉ် (Taxi) တင်သွင်းခွင့်ကို ယခုဘဏ္ဍာနှစ်ကုန် (မတ်လ ၃၁ ရက်နေ့) အထိ ရပ်ဆိုင်းထားမည် ဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ်မှသာ ပြန်လည် စဉ်းစား သုံးသပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

သြစတြေးလျနဲ့ အမေရိကန်တို့ ပေါင်းပြီး အင်ဒိုနီးရှား ဖုန်းဒေတာတွေ ကို ထောက်လှမ်းနေတဲ့ အကြောင်း ဖော်ထုတ်လိုက်တဲ့ Snowden

17.2.2014

အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ဖော်ကောင်၊ အမေရိကန် စစ်ဘက်နဲ့နိုင်ငံရေး အတွင်းသတင်းတွေကို စုဆောင်းသူဟောင်း Edward Snowden ဟာ တရားဝင်သတင်းအချက်အလက် အသစ်စက်စက်တွေကို ဖော်ထုတ်လိုက်ပါပြီ။

မြိတ်(၈၈)မျိုးဆက် နှင့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တွေ့ဆုံ


၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊(၁၆) ရက်နေ့ ည(၆.၀၀) နာရီ မြိတ်မြို့၊
ကန်ဖျားရပ်၊ ပိတောက်ပင်လမ်း၊ အရာရှိ ရိပ်သာတွင် မြိတ် (၈၈)
မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးပိုအင်၊
ဦးတင်ကိုကိုဦးတို့မှ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို
တို့တွေ့ဆုံကြပြီး ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် အခြားသော
လုပ်ငန်းစဉ်များတွင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရန် ရင်းနှီးစွာ
ဆွေးနွေးခဲ့ကြသည်။

မြိတ် (၈၈) မျိုးဆက်
ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း

ယတြာချေရန် သက်ဆင်၏ဇနီး မြန်မာနိုင်ငံရောက်ရှိ ဆိုသည့်သတင်း မှားယွင်းဟုဆို



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ဇနီးဖြစ်သူ Pojaman Na Pombejra သည် ခင်ပွန်းဖြစ်သူအတွက် ယတြာချေရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်ဆိုသည့် သတင်းမှာ လုံးဝမှားယွင်းကြောင်း သက်ဆင်၏ သားဖြစ်သူ ပန်သောင်တေးရှင်နာဝပ်၏ ပြောကြားချက်ကို ကိုးကား၍ The Nation သတင်းစာတွင် ဖော်ပြထားသည်။

လွတ်လပ်စွာဟောပြောခွင့်အတွက် ခေတ်နောက်ပြန်ဆွဲသည့် အတွေးအခေါ်များ စွန့်လွှတ်သင့်ပြီ


ထင်ရှားသည့် စာရေးဆရာသုံးဦးကို ရာသက်ပန် စာပေဟောပြောခွင့် ပွဲမိန့်ပိတ်ပင်လိုက်သည့် သတင်း သည် အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသည့် မြန်မာနိုင်ငံအတွင်း လွတ် လပ်စွာ ဟောပြောခွင့်အတွက် အလွန်စိုးရွံ့ဖွယ် သတင်းတစ်ပုဒ်ပင် ဖြစ်သည်။

မှော်ဘီ လက်နက်တိုက် ဖောက်ထွင်းမှု သံသယရှိသူကို ဖမ်းမိ


မှော်ဘီ လက်နက်တိုက် ဖောက်ထွင်းမှု သံသယရှိသူကို ဖမ်းမိ
================================

ဖေဖော်ဝါရီလ၊ ၁၇-၂-၂၀၁၄၊ တနင်္လာနေ့

မှော်ဘီမြို့နယ်၊ အမှတ် (၅၀၁၀) တင့်ကားတပ်ရှိ လက်နက်တိုက် ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသားတစ်ဦးကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဖမ်းမိခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မှော်ဘီမြို့မ ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထွက်ခွာသွားရန် သမ္မတထံတင်ပြ


ကြယ်ပြာ၊ ကေဇူး|ဖေဖော်ဝါရီ ၁၇၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်။

ရခိုင်တိုင်းရင်းသားများ၏ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများကို ရင်ဆိုင်နေရသော နယ်စည်းမထားဆရာဝန် များအဖွဲ့ MSF ကို ပြည်နယ်အတွင်းမှ ၁၅ ရက်အတွင်း အပြီးတိုင်ထွက်ခွာပေးရန် ဒေသခံရခိုင်လူမှုအဖွဲ့ အစည်း ၃၀ ကျော်က သမ္မတထံ ဖေဖော်ဝါရီ ၁၅ ရက်တွင် စာရေးသား တောင်းဆိုလိုက်သည်ဟု ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ဖေဖော်ဝါရီ ၁၅ တွင် မဇ္ဈိမကို ပြောသည်။

မြန်မာ့စီးပွားရေး Road MAP မရှိသေးဟု ဦးတေဇ ဝေဖန်


မြန်မာ့စီးပွားရေး Road MAP မရှိသေးဟု ဦးတေဇ ဝေဖန်

17.2.2014

၊ ဒီမိုကရေစီအစိုးရမှ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်း လဲမှုများ ဆောင်ရွက်နေသော်လည်း စီးပွားရေးကဏ္ဍ တိုးတက်ရေး အတွက် လမ်းပြမြေပုံ မရှိသေးကြောင်း ထူးကုမ္ပဏီ အုပ်စု၏ နာယက ဦးတေဇက ရန်ကုန် တိုင်းမ်ဂျာနယ်နှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရုံ များမှ မွေးဖွားစရိတ်တောင်းခံပါက ကျန်းမာရေးဦးစီးဌာနသို့ တိုင်ကြားနိုင်



17.2.2014

အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရုံ များမှ မွေးဖွားစရိတ်တောင်းခံပါက ကျန်းမာရေးဦးစီးဌာနသို့ တိုင်ကြား နိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမင်း သန်းညွန့်က သတိပေးပြောကြားသည်။

မဖြစ်မနေ သိထားရမည့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုများ

မဖြစ်မနေ သိထားရမည့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုများ
--------------------------------------------

ခရစ်ကြိုနှစ် ၆ ရာစုခန့်ကစ၍ အိန္ဒိယမြေပေါ်တွင် ဗုဒ္ဓဂေါတမ ပျိုးထောင် အခြေချ ထားရစ်သော ဗုဒ္ဓသာသနာသည် မိမိဇာတိနယ်မြေ၌ ခရစ်နှစ် ၁၂ ရာစုခန့် အထိသာ အတက်အကျ၊ အနိမ့်အမြင့် လောကဓံတရားတို့ဖြင့် တည်တံ့နေရာမှ ၁၂ ရာစုအတွင်း အိန္ဒိယနိုင်ငံသို့ ဝင်ရောက် မွှေနှောက်ခဲ့ကြသော အစ္စလာမ်ဝါဒီ စစ်သည်တို့၏ ဓားအောက်တွင် ကျေပျောက် ပျက်သုဉ်းခဲ့သည်။

ကုလကိုယ်စားလှယ် ကေအိုင်အိုဌာနချုပ်နဲ့စစ်ရှောင်စခန်းသို့ရောက်

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

Copy:Jade Land



နိုင်ဂျီးရီးယား မြောက်ပိုင်း လူအစုလိုက် အပြုံလိုက် သတ်မှုဖြစ်


Monday, February 17, 2014

နိုင်ငံအရှေ့မြောက် Izghe မြို့က ထွက်ပြေးလွတ်မြောက် လာသူတွေရဲ့ အပြောအရ အမျိုးသား၃၀ လောက်ကို ဝိုင်းပိတ်ပြီး ပစ်သတ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။ အဲဒီနောက် တအိမ်တက်ဆင်း အထူးသဖြင့် အမျိုးသားတွေကို ပစ်သတ်ပါတယ်။ အချို့ကိုတော့ လည်လှီးပြီး သတ်ပါတယ်။

မြန်မာနိုင်ငံရဲ့ခရီးသွားနေရာတွေကမွမ်းမံပေးစရာမလိုဘူး သဘာဝသမိုင်းကြောင်းကလဲကောင်းတယ်၊ ယဉ်ကျေးမှုလဲ ဖွံ့ဖြိုးတယ်၊ ဗိသုကာလက်ရာတွေလဲ အခိုင်အမာရှိတယ်...


ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
ဒုတိယဝန်ကြီးဒေါက်တာတင်ရွှေနှင့်တွေ့ဆုံခြင်း
===========================
အေးချမ်းမိုး၊ ဝိုင်းဝိုင်း
===========================

မေး- ၂ဝ၁၄ ခုနှစ်မှာ ခရီး သွားလုပ်ငန်းအတွက် မျှော်မှန်း ထားမှုအခြေအနေနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ - နိုင်ငံရေးပြုပြင်ပြောင်း လဲလာပြီးနောက်ပိုင်း ဖွံ့ဖြိုးလာတာ ကတော့ ခရီးသွားလုပ်ငန်းပေါ့။ စီး ပွားရေးစနစ်တွေ ပြုပြင်ပြောင်းလဲ တယ်။ လူမှုရေးစနစ်တွေပြုပြင် ပြောင်းလဲတယ်။ အားလုံးကလို အပ်မယ့်အရာတွေ ပြည်သူတွေရဲ့ လိုအပ်ချက်ပေါ့နော်။ ပြည်သူတွေ ထဲမှာ NGO အဖွဲ့တွေလဲရှိတယ်။ ကမ္ဘာကလည်း စောင့်ကြည့်နေ တယ်။ကူညီနိုင်သလောက် ကူညီမှု တွေလဲပေးနေတယ်။ နိုင်ငံတကာ ကပညာရှင်တွေ ခရီးသွားလုပ်ငန်း မှာအတွေ့အကြုံရှိတဲ့ လူတွေလဲလာ ပြီးဆွေးနွေးပွဲတွေပြုလုပ်ကြတယ်။

အသက် ၆ဝ အရွယ်တွင် ဖြစ်သည့် အမျိုး အစား (၂) ဆီးချို ရောဂါ လူလတ် ပိုင်းတွင် တွေ့ရှိလာ



အသက် ၆ဝ အရွယ်တွင် ဖြစ်တတ်သည့် အမျိုးအ စား(၂) ဆီးချို ရောဂါကို လူလတ်ပိုင်း အသက် ၃ဝ အရွယ် တွင်ပင် တွေ့ရှိလာ ရကြောင်း ဆီးချို ရောဂါ တိုက်ဖျက်ရေး(ဗဟို)မှ သိရသည်။ စိတ်ဖိစီး မှုများခြင်း၊ စိုးရိမ်သော ကများခြင်းနှင့် ရုတ်တရက် ကြုံတွေ့ရသည့် ဝမ်းနည်း ကြောက်မက် ဖွယ်ရာ ကိစ္စများ ကြောင့် ဆီးချို ရောဂါ ဖြစ်လာ နိုင်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အ သင်းမှ ဒေါက်တာ မီမီကိုက ပြောကြားခဲ့ သည်။ ''ဆီးချို ရောဂါက များသော အားဖြင့် အစားအသောက် မဆင် ခြင်တာ၊ မျိုးရိုး လိုက်တာ တွေကြောင့် ဖြစ်တတ်ပေမဲ့ ရုန်းကန် လုပ်ရှားရတဲ့ လူတွေ အတွက် စိတ်ဖိစီးမှု တွေကလဲ

အများပိုင် ကုမ္ပဏီများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် ဘဏ္ဍာရေးဒုဝန်ကြီး သတိပေး


17/2/2014

မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်း အများအပြား ပေါ်ပေါက်လာသော အများပိုင် ကုမ္ပဏီများတွင် ပြည်သူများ အနေနှင့် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အများအပြား မပြုလုပ်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြစ်ကြီးနား မြို့တော်ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ် သတိပေး ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရန် ရခိုင်နိုင်ငံရေး အင်အားစုများနှင့် အစိုးရ အကြိုဆွေးနွေး

Monday, February 17, 2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ပြီးပါက ကျင်းပရန် စီစဉ်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများ (Political Dialogues) စတင်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရခိုင်နိုင်ငံရေး အင်အားစုများ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကြိုတင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

ကမ္ဘာ့ အလုပ်အရှုပ်ဆုံး ရုံး သို့မဟုတ် ပင်တဂွန်

Monday, February 17, 2014

ပင်တဂွန် စစ်ဌာနချုပ်က အများစု သိကြမှာပါ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး၊ သြဇာ အလွမ်းမိုးဆုံး စစ်စခန်း ဌာန တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရ ပါတယ်။

ရန်ကုန်တိုင်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ငါးကြိမ်မြောက် ဆန္ဒပြမှုအဖြစ် သန်လျင်မြို့နယ်၌ ဒေသခံ ၃၀၀ ကျော်မှ ဆန္ဒပြ


၁၇.၂.၂၀၁၄၊ တနင်္လာနေ့

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ-၅၉(စ)၊ ပုဒ်မ -၅၉(ဃ) ပြင်ဆင်ရေးဆွဲရေးအတွက် ရန်ကုန်တိုင်းသေကြီးတွင် ငါးကြိမ်မြောက် ဆန္ဒပြမှုကို သန်လျင်မြို့နယ်၌ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။

နီပေါ လေယာဉ်ပျက်ကျမှုတွင် လူ ၁၈ ဦး သေဆုံးဟု ခန့်မှန်းရ


Monday, February 17, 2014

တနင်္ဂနွေနေ့တွင် နီပေါ လေကြောင်းလိုင်းရှိ ပေါ့ဟာရာမြို့မှ ဂျုမ်းလာမြို့သို့ သွားမည့် လေယာဉ်သည် ပျံတက်ပြီး မကြာခင်အတွင်းပင် ပျက်ကျခဲ့ပြီး၊ လေယာဉ်ပေါ် ပါရှိသည့် လူ ၁၈ ဦးလုံး သေဆုံးရန် သေချာသလောက် ရှိသည်ဟု တာဝန်ရှိသူများမှ ပြောဆိုခဲ့သည်။

ဖွဲ့စည်းပုံပြင်ရေး ပြည်ထောင်စုလွှတ်တော်ထောက်ခံမှု ၇၅ မှ ၃၈ ရာခိုင်နှုန်းထိ လျှော့ချရန် ပြည်ခိုင်ဖြိုးအမတ် အဆိုတင်မည်


လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံမှသာ ဖွဲ့စည်းပုံပြင်ဆင်နိုင်မည့် အချက်ကို ၇၅ ရာ ခိုင်နှုန်းအစား ၃၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရန် လွှတ်တော်တွင် အဆိုတင်သွင်းသွားမည်ဟု ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မဇ္ဈိမကို ပြောသည်။

ကြီးလေးကြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ရန် ဆန္ဒပြတောင်းဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည် ထောင်စုလွှတ်တော်နာယကတို့နှင့် တွေ့ဆုံရန် တောင်းဆိုထားသည့် လေးပွင့်ဆိုင် တွေ့ဆုံရေး အ ကောင်အထည်ဖော်ပေးရန် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၆ ရက် က လူအင်အား ၅၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါဆန္ဒပြပွဲတွင် ဦးဆောင်သူ ဦးကျော်သူက မဇ္ဈိမကို ပြော သည်။

ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်တည်ထားရန် ဒေါက်တာခင်ရွှေက ပြီးစီးသည်အထိဘိလပ်မြေလှူဒါန်းမည်

Monday, February 17, 2014

မွန်ပြည်နယ် မုဒုံမြို့ရှိ ဝင်းစိန်ဆရာတော်ကြီး တည် ထားမည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ အတောင် ၆ဝဝ ဗုဒ္ဓရုပ်ပွားတော်တည် ဆောက်ရန် ဘိလပ်မြေကို သာသနနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ဗုဒ္ဓ ရုပ်ပွားတော်ပြီးစီးသည်အထိ လှူဒါန်းမည်ဖြစ်သည်။

မန္တလေးတိုင်းအတွင်း လူဦးရေ လေးသောင်းကျော်သာ ဝင်ငွေခွန်ဆောင်ဟုဆို



17-2-2014

မြန်မာနိုင်ငံ အထက်ပိုင်းတွင် စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်မြင့်တက်လာသော တိုင်းတစ်တိုင်းဖြစ်သည့် မန္တလေးတိုင်းဒေသကြီးတွင် လူဦးရေသိန်း ၆၀ အနက် ဝင်ငွေ ခွန်ဆောင်သည့် လူဦးရေမှာ ၄၄,၈၉၂ ဦးသာ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသော မြို့ခံအခွန်ထမ်း ပြည်သူများနှင့် အခွန်ကိစ္စ ရှင်းလင်းပွဲတွင် ပြောကြားသည်။

လက်သည်မပေါ်သေးသော လူသတ်မှုများ



Written by The Voice သတင်းအဖွဲ့

“ငွေကို လေလိုသုံးသောသူ” ဟု တင်စားခံရသူ၏ မျိုးဆက် မိသားစုဝင်များ အသတ်ခံရသည့် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုမှသည် ဧရာဝတီမြစ်ကမ်းဘေး လူသတ်မှုများ အထိ ရှိသည်။ ခေါင်းဖြတ် လူသတ်မှုများ၊ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ကာ ပစ်ထားခဲ့သည့် အမှုများ ၂၀၁၃ ခုနှစ် အတွင်းမှာပင် လေးခုထက်မနည်း ဖြစ်ပွားခဲ့သည်။
လက်ရာ၊ ခြေရာပျောက်နေဆဲ။

တရုတ် နိုင်ငံမှာ မွေးကင်းစ ကလေးတွေစွန့် ပစ်နိုင်တဲ့ နေရာများနိုင်ငံအနှံ့ ဖွင့်လှစ် ပေးထား




တရုတ် နိုင်ငံမှာ မွေးကင်းစ ကလေးတွေကို မလိုချင်တဲ့ မိဘတွေက လာစွန့်ပစ်နိုင်တဲ့ နေရာ ၂၅ ခုကို အစိုးရက နိုင်ငံအနှံ့ ဖွင့်လှစ် ပေးထား ပါတယ်။

သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ ဖွင့်လှစ်ခြင်း















သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ ဖွင့်လှစ်ခြင်း
သီတဂူဆရာတော်ကြီး၏ မွေးရပ်မြေ၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင် “သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန” ဆေးရုံကို ၁၃၇၅ခုနှစ်၊ တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄) တွင် အောင်မြင်စွာ ဖွင့်လှစ်လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ဇွဲကပင်နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်ကို ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှုကျူးလွန်



ဇွဲကပင်နှင့် ရတနာပုံအသင်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၅) ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်း၌ MNL ပွဲစဉ်(၃)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲအပြီးတွင် ဇွဲကပင်အသင်းပိုင်ရှင်က ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

မစ္စတာ ကင်တားနား ရခိုင်ပြည်နယ်ကို သွားရောက်



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားဟာ မနေ့ သောကြာနေ့ မနက်က စစ်တွေမြို့ကို ရောက်ရှိလာပြီး စစ်တွေ ထောင်ကို သွားရောက်ခဲ့သလို နှစ်ဘက် လူမှု အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့အတူ ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှု့ ခဲ့ပါတယ်။

ပွင့်လင်းမြန်မာ ရှေ့ဆောင်အဖွဲ့ရဲ့ အစီရင်ခံစာ


၁၆.၂.၂၀၁၄၊ တနင်္ဂနွေနေ့

မြန်မာနိုင်ငံရဲ့ ပထမအကြိမ်ကနေ ဆဌမ အကြိမ် အထိ ပြုလုပ် ခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေ မှာ မေးခွန်း မေးမြန်းတဲ့ လွှတ်တော်အမတ် ဦးရေနည်းပါး သလို မေးတဲ့ မေးခွန်း အရေအတွက် လည်း မေးခွင့်ပြုထားတဲ့ အတိုင်းအတာ ထက် နည်းပါးနေတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံအခြေစိုက် Open Myanmar Initiative ပွင့်လင်း မြန်မာ ရှေ့ဆောင် NGO အဖွဲ့ ရဲ့ ပထမဆုံး အကြိမ်အဖြစ် လွှတ်တော် စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ မှာ ဖေါ်ပြ ထား ပါတယ်။

သီလ၀ါစီးပွားဇုန် ရွှေ့ပြောင်းဒေသခံတွေ ကင်တားနားတွေ့ဆုံ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ သူရဲ့ တတိယနေ့ ခရီးစဉ်မှာ ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ သီလ၀ါ အထူးစီးပွားရေး ဇုန်ကို သွားရောက်လေ့လာခဲ့ပါတယ်။ အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှု အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ ရွာသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မက ရန်ကုန်ရုံးရဲ့ ပြောခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ဂျာမန်အသင်း ရွှေဆု အများဆုံးနဲ့ ဦးဆောင်


ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၁၄

Russia နိုင်ငံ Sochi မှာကျင်းပနေတဲ့ ဆောင်းရာသီ Olympic ဆုဇယားမှာ ဂျာမဏီနိုင်ငံက ရွှေတံဆိပ်ဆု အများဆုံးနဲ့ ဇယားထိပ်မှာ ရှိနေပါတယ်။

လွှတ်တော်ဆောင်ရွက်ချက် သုတေသနပြုရေး သင်တန်းဖွင့်လှစ်



ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၁၄

လွှတ်တော်နိုင်ငံရေး ပိုမိုအားကောင်းဖို့အတွက် လွှတ်တော်အတွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို စနစ်တကျ လေ့လာသုတေသနပြုတဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးဟာ အရေးကြီးကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကိုကြီးက ဒီနေ့ ပြောပါတယ်။

ဧရာဝတီစာပေပွဲတော် လူသူပြည့်နှက်


မန္တလေးမြို့မှာ ကျင်းပနေတဲ့ ဧရာဝတီ နိုင်ငံတကာ စာပေပွဲတော် ဒုတိယနေ့ မှာတော့ ပွဲတော်ကျင်းပရာ မန္တလေးဟေး ရီဆော့ ဟိုတယ်မှာ ဧည့်ပရိတ် သတ် တွေ ပြည့်နှက် နေပါတယ်။

၁၀ တန်းကျောင်းသူကို ချစ်သူများနေ့တွင် တည်းခိုခန်းခေါ်သည့် လူငယ် အမှုဖွင့်ခံရ


ရန်ကုန် ၊ မဇ္ဈိမ။ ။ ချစ်သူများနေ့ (Valentine's Day) ညတွင် အသက် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသူကို တည်းခိုးခန်းသို့ ခေါ်ဆောင်အိပ်စက်ခဲ့သည့်
လူငယ်တစ်ဦးကို မိန်းကလေးမိခင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် တိုင်တန်းလိုက်သဖြင့် မြောက်ဥက္ကလာပရဲစခန်းက အမှုဖွင့် စစ်ဆေးလျှက်ရှိသည်။

တရုတ်ကို ဓါတ်အားမဂ္ဂါဝပ် ၁၂၀၀တင်ပို့မယ့်သံလွင်ရေကာတာ စီမံကိန်းရပ်ဆိုင်းရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တောင်းဆိုလိုက်


ရန်ကုန် ၊မဇ္ဈိမ။ ။ တရုတ်နိုင်ငံသို့ ဓါတ်အားမဂ္ဂါဝပ် ၁၂၀၀ တင်ပို့မည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သံလွင်ရေကာတာ စီမံကိန်းကြောင့် ကျေးရွာပေါင်း၆၀ကျော်က မြေသိမ်းခံရမှုများ ရင်ဆိုင်းနေရသဖြင့် စီမံကိန်းရပ်ဆိုင်းရန် ဖေဖော်ဝါရီ ၁၃ရက်က ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ဒုတိယအကြီမ် ဧရာဝတီစာပေပွဲတော်ကြီး သို့တက်ရောက်.






အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီ ၁၅ ရက်နေ့နံနက်၉း၃၀နာရီတွင်ေ
နပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှလေယာဉ်ဖြင်.