17.2.14

သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ ဖွင့်လှစ်ခြင်း















သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ ဖွင့်လှစ်ခြင်း
သီတဂူဆရာတော်ကြီး၏ မွေးရပ်မြေ၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင် “သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန” ဆေးရုံကို ၁၃၇၅ခုနှစ်၊ တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄) တွင် အောင်မြင်စွာ ဖွင့်လှစ်လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။
သီတဂူဆရာတော်ကြီးနှင့် ရွှေဥရာစုသစ် ဒေါ်ရွှေဥတို့က အဓိကအလှူရှင်ဖြစ်ပါသည်။ ထိုဆေးရုံတော်သည် သီတဂူသာသနာပြုအဖွဲ့က ဆောက်လုပ်လှူဒါန်းပြီး ဆေးရုံများတွင် ၂၇ ခုမြောက် ဆေးရုံတော်ဖြစ်သည်။ ထိုနေ့မှာပင် အလှူ့ရှင် ရွှေဥရာစုသစ် ဒေါ်ရွှေဥမှ သီတဂူဆရာတော်ကြီးအတွက် စံကျောင်းတော်ကိုလည်း ရေစက်ချ လှူဒါန်းပါသည်။ ပင့်သံဃာတော် အရှင်မြတ်တို့အား ဆွမ်းခဲဖွယ်များနှင့် သင်္ကန်းစသော လှူဖွယ်များကိုလည်း လှူဒါန်းခဲ့ပါသည်။
(က) မျက်စိအထူးကုအစီအစဉ်
ပြည်တွင်း ပြည်ပရှိ မျက်စိအထူးကုဆရာဝန်ကြီးများက (13- 2- 2014) နေ့မှ (19-2- 2014) နေ့အထိ (၇) ရက်တိုင်တိုင် စမ်းသပ် စစ်ဆေး၊ ခွဲစိပ်ကုသခြင်းများ ပြုလုပ်ပေးပါသည်။
(ခ) သီတဂူ အထူးဓမ္မသဘင်များ
တပိုတွဲလဆန်း (၁၄) ရက်နေ့မှ တပိုတွဲ လပြည့်ကျော် (၅)ရက်နေ့အထိ သီတဂူဓမ္မကထိကများ ဖြစ်ကြသော
၁။ သီတဂူကြယ်တစ်ပွင့်
၂။ သီတဂူကြာတစ်ပွင့်
၃။ ဦးတိက္ခသာရ
၎။ ဒေါက်တာ ကိတ္တိဗလ
၅။ ဒေါက်တာဣန္ဒက
၆။ ဒေါက်တာဣန္ဒာ စရိယ
၇။ ဦးဒေဝိန္ဒာဘိဝံသ တို့က ညစဉ်တရားရေအေးတိုက်ကျွေးပါသည်။

(ဂ) ဖျော်ဖြေ ရေးအစီအစဉ်
ကြွရောက်လာကြသော အလှူရှင်များ၊ ဆရာဝန်များ၊ လူနာများ၊ ဒေသခံပြည်သူများအတွက် အောက်ပါ အနုပညာရှင်များက ဖျော်ဖြေပေးကြသည်။

(13-2-14) ညတွင် မြန်မာပြည်ကျောက်စိမ်း ဆိုင်းဝိုင်း
(17-2-14) (18-2-14) နေ့ (၂) ညတိုင်တိုင် ဇာတ်မင်းသားဖိုးချစ်ဇာတ်သဘင်
(19-2-14) ညတွင် အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့တို့က တစ်နေ့တစ်မျိုးမရိုးရအောင် ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

သဲကုန်းမြို့ “သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန”ဆေးရုံတော်ဖွင့်ပွဲ ဓါတ်ပုံများကြည့်ရန်
https://www.facebook.com/groups/282223808595416/
Posted by Sitagu Star
Photo by Aung Than Win
www.thesitagu.org

0 comments:

Post a Comment