17.2.14

မြန်မာနိုင်ငံရဲ့ခရီးသွားနေရာတွေကမွမ်းမံပေးစရာမလိုဘူး သဘာဝသမိုင်းကြောင်းကလဲကောင်းတယ်၊ ယဉ်ကျေးမှုလဲ ဖွံ့ဖြိုးတယ်၊ ဗိသုကာလက်ရာတွေလဲ အခိုင်အမာရှိတယ်...


ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
ဒုတိယဝန်ကြီးဒေါက်တာတင်ရွှေနှင့်တွေ့ဆုံခြင်း
===========================
အေးချမ်းမိုး၊ ဝိုင်းဝိုင်း
===========================

မေး- ၂ဝ၁၄ ခုနှစ်မှာ ခရီး သွားလုပ်ငန်းအတွက် မျှော်မှန်း ထားမှုအခြေအနေနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ - နိုင်ငံရေးပြုပြင်ပြောင်း လဲလာပြီးနောက်ပိုင်း ဖွံ့ဖြိုးလာတာ ကတော့ ခရီးသွားလုပ်ငန်းပေါ့။ စီး ပွားရေးစနစ်တွေ ပြုပြင်ပြောင်းလဲ တယ်။ လူမှုရေးစနစ်တွေပြုပြင် ပြောင်းလဲတယ်။ အားလုံးကလို အပ်မယ့်အရာတွေ ပြည်သူတွေရဲ့ လိုအပ်ချက်ပေါ့နော်။ ပြည်သူတွေ ထဲမှာ NGO အဖွဲ့တွေလဲရှိတယ်။ ကမ္ဘာကလည်း စောင့်ကြည့်နေ တယ်။ကူညီနိုင်သလောက် ကူညီမှု တွေလဲပေးနေတယ်။ နိုင်ငံတကာ ကပညာရှင်တွေ ခရီးသွားလုပ်ငန်း မှာအတွေ့အကြုံရှိတဲ့ လူတွေလဲလာ ပြီးဆွေးနွေးပွဲတွေပြုလုပ်ကြတယ်။

မေး- ယခင်နှစ်တွေရဲ့ခရီး သွားရာခိုင်နှုန်းနဲ့ ယခုနှစ်မျှော်မှန်း ထားတဲ့ ခရီးသွားရာခိုင်နှုန်းဘယ် လိုများရှိပါသလဲ။

ဖြေ- ၂ဝ၁၁ ခုနှစ်လောက်မှာ ဆိုရင် ဝ ဒသမ ၈၂ မီလီယံ ခရီး သွားဝင်လာခဲ့တယ်။ ၂ဝ၁၂ မှာ တော့ ၁ ဒမသ ဝ၆ မီလီယံဝင် လာခဲ့တယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ ၂ ဒသမ ဝ၄၄ မီလီယံဝင်တယ်။ မှန်းတာတော့ ၂ မီလီယံလောက် မှန်းပေမယ့် ပိုဝင်လာတယ်။ ဒီလို ပိုဝင်လာခြင်းကလဲ အဓိကရန်ကုန် လေဆိပ်၊ မန္တလေးလေဆိပ်ပေါ့ နော်။ ဒါပေမယ့် နည်းတော့နည်း တယ်။ နေပြည်တော်လေဆိပ်ကို ဝင်လာတာတွေလဲရှိတယ်။ နောက် ပြီး နယ်စပ်ဝင်ပေါက်တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီ၊ တနင်္သာရီ၊ ကော့သောင်းဘက်ကနေ ဝင်လာ ကြတယ်။ မူဆယ်ဝင်ပေါက်ကိုလဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်က ဧည့်သည်တွေလာနိုင်အောင်တရား ဝင်ဖွင့်ပေးထားတယ်။ ဟိုဘက်က တော့ တရားဝင်မဖွင့်သေးဘူး။ ဒါ ကိုလဲ နှစ်နိုင်ငံညှိနှိုင်းမှုတွေဆောင် ရွက်နေပါတယ်။ အထူးဝမ်းသာ စရာကောင်းတာက မြဝတီဘက်က
နေကိုယ်ပိုင်မော်တော်ယာဉ်တွေနဲ့ ဝင်လာတာတွေကို တွေ့ရတယ်။ သူတို့ဆီမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ထားတဲ့အတွက် ကျွန်တော်တို့ လူ လတ်ပိုင်းလောက်က တွေ့ခဲ့တဲ့ ကားမျိုးတွေ အစီးရေ ၂ဝ၊ ၂၅စီး လောက်နဲ့ မြဝတီဘက်ကနေဝင် လာပြီးကျိုက်ထီးရိုးဘုရားဖူးတယ်။ အဲဒီကတစ်ဆင့် နေပြည်တော်သွား တယ်။ နောက်ပိုင်းမှာ ဒီလိုနည်းနဲ့ ဝင်လာကြတဲ့ဧည့်သည်တွေလဲရှိ တယ်။ အခု ၂ဝ၁၄ ခုနှစ်မှာတော့ ခရီးသွား သုံးသန်းလောက်လာ ရောက်မယ်လို့မှန်းထားပါတယ်။

မေး- လာရောက်တဲ့ ခရီး သွားတွေအတွက် လုံခြုံရေးကိုရော၊ အဘတို့ အနေနဲ့ ဆောင်ရွက်မှုလေး ကိုလဲပြောပြပေးပါဦး။

ဖြေ- ခရီးသွားတွေများလာ တာနဲ့အမျှသူတို့ကိုဆောင်ရန်၊ ရှောင်ရန်တွေကို အသိပေးပါ တယ်။ ပြည်ထဲရေးဝန်ကြီးဌာန ကလဲ သက်ဆိုင်ရာဒေသတွေကို ဝင်လာမယ်ဆိုရင် စောင့်ရှောက်ဖို့ အတွက်အထူး ဆောင်ရွက်ထားပါ တယ်။ ပုဂံမှာလဲ Tourist Police တွေကို စနစ်တကျထားရှိတဲ့အတွက် နိုင်ငံခြားသားခရီးသွားဧည့်သည် တွေပျော်ရွှင်နေတာကို ကြားသိရပါ တယ်။

မေး - ခရီးသွားများတဲ့ကာလ တွေမှာ ဟိုတယ်ခန်းမလုံလောက်မှု တွေအတွက်ကိုရော အဘတို့အနေနဲ့ ဘယ်လိုများ ဖြေရှင်းပေးပါသလဲ။

ဖြေ- တည်းခိုတာနဲ့ပတ်သက် ပြီး Home Stay ကို ခွင့်မပြုသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတာတွေ ရှိလာခဲ့ရင် အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ။ ပွဲတော်ရက်တွေမှာ နေရာအခက် အခဲရှိလို့ အကြောင်းကြားလာရင် တော့ တတ်နိုင်သလောက်ဟိုတယ် တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက် နေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ယဉ်ကျေးမှု၊ ဗိသုကာလက်ရာတွေ ကို ကမ္ဘာကသိအောင် ဆောင်ရွက် နေပါတယ်။

မေး - မြန်မာနိုင်ငံရဲ့ ခရီး သွားလုပ်ငန်းဟာ ယဉ်ကျေးမှုကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းလို့ အများစုက သုံးသပ်ပြောဆိုနေကြ ပါတယ်။။ ဒီကမှ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအဖြစ် ကူးပြောင်း ဖို့ဘာတွေဆောင်ရွက်ဖို့လိုအပ်မှာလဲ။

ဖြေ- ဒါကတော့ တစ်ဆင့်ပြီး တစ်ဆင့်သွားရမယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကလဲEco Tourism Site တွေ ဖွံ့ဖြိုးအောင်ဆောင် ရွက်နေတယ်။ကမ္ဘာကလဲ UNWTO ကဦးဆောင်ပြီး Eco Tourism နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေပြု နေပါတယ်။

မေး -မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းပိုမိုဖွံ့ဖြိုးအောင် ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်မှာပါလဲ။

ဖြေ- မြန်မာနိုင်ငံရဲ့ခရီးသွား နေရာတွေက မွမ်းမံပေးစရာမလို ဘူး။ သဘာဝသမိုင်းကြောင်းကလဲ ကောင်းတယ်။ ယဉ်ကျေးမှုလဲဖွံ့ဖြိုး တယ်။ ဗိသုကာလက်ရာတွေလဲ အခိုင်အမာရှိတယ်။ ပြည်သူတွေက ဝိုင်းဝန်းထိန်းသိမ်းပေးရင် ဒီ့ထက် မက ပိုဖွံ့ဖြိုးလာဖို့ရှိတယ်။

0 comments:

Post a Comment