17.2.14

အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရုံ များမှ မွေးဖွားစရိတ်တောင်းခံပါက ကျန်းမာရေးဦးစီးဌာနသို့ တိုင်ကြားနိုင်



17.2.2014

အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရုံ များမှ မွေးဖွားစရိတ်တောင်းခံပါက ကျန်းမာရေးဦးစီးဌာနသို့ တိုင်ကြား နိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမင်း သန်းညွန့်က သတိပေးပြောကြားသည်။

လက်ရှိတွင် အဆိုပါအိတ်ခ်ျအိုင် ဗွီပိုးရှိသည့်မိခင်များအား အစိုးရဆေး ရုံ၊ ပုဂ္ဂလိကဆေးရုံများတွင် မွေးဖွား စရိတ်များ နှစ်ဆတောင်းခံနေသည် ဟူသည့်သတင်းများပေါ်ထွက်လျက် ရှိသောကြောင့် ကျန်းမာရေး ဦးစီးဌာန သို့ ဆက်သွယ်မေးမြန်းရာ ယင်းကဲ့ သို့ သတိပေးပြော ကြားခြင်းဖြစ်သည်။
''ပုဂ္ဂလိကဆေးရုံတွေကတော့ မိခင်ကနေ ကလေးကို ရောဂါ မကူး အောင်ပြုလုပ်ရတဲ့စရိတ်တွေကာမိ အောင် တောင်းတာဖြစ်နိုင်တယ်။ အ စိုးရဆေးရုံတွေကတော့ လွန်ခဲ့တဲ့တစ် နှစ်ကတည်းက အိတ်ခ်ျအိုင်ဗွီပိုးရှိရှိ မရှိရှိ အခမဲ့မွေးပေးဖို့ ညွှန်ကြားထား ပြီးသားပါ။ ပြည်သူတွေအနေနဲ့ မွေး ဖွားစရိတ်တောင်းခံတဲ့ဆေးရုံကို နာ မည်နဲ့တကွ ကျန်းမာရေးဦးစီးဌာနကို တိုင်ကြားနိုင်ပါတယ်။ လိုက်နာခြင်း မရှိတဲ့ မည်သည့်ဆေးရုံက ကျန်းမာ ရေးဝန်ထမ်းကိုမဆို အရေးယူသွား မှာပါ''ဟု ဒေါက်တာမင်းသန်းညွန့်က ပြောသည်။

အိတ်ခ်ျအိုင်ဗွီပိုးရှိသောမိခင် များ ခွဲစိတ်ပြီးမွေးဖွားရာတွင် မီးဖွား စရိတ်အား နှစ်ဆယူလိုက်ခြင်းအား ဖြင့် မိခင်မှကလေးသို့ အိတ်ခ်ျအိုင် ဗွီပိုးကူးစက်သည့်နှုန်းကို မြင့်မားလာ အောင်တွန်းပို့သကဲ့သို
့ ဖြစ်နေကြောင်း မြန်မာနိုင်ငံတစ်ဝန်းမှအိတ်ခ်ျအိုင်ဗွီ ပိုးရှိသော အမျိုးသမီး ၃ဝဝဝ ခန့် အ ဖွဲ့ဝင်ထားသော Myanmar Positive Women Network မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

''အိတ်ခ်ျအိုင်ဗွီရှိတဲ့မိခင်တွေ မွေးဖွားရင် အထူးကုဆေးခန်းတွေ မှာ နှစ်ဆယူနေတယ်။ အဲလိုမျိုးနှစ်ဆယူ တဲ့အတွက် အိတ်ခ်ျအိုင်ဗွီပိုးရှိတဲ့မိခင် တွေက ဆေးရုံ၊ ဆေးခန်းတွေမှာ မမွေးတော့ဘဲ လက်သည်နဲ့ ရိုးရိုးပဲ မွေးတာတွေရှိတယ်။ ရိုးရိုးမွေးတာက မိခင်ကနေကလေးကို ကူးစက်နိုင်ခြေ ပိုများတဲ့အတွက် ဒီလိုမျိုး ဆေးရုံ၊ ဆေး ခန်းတချို့က မွေးဖွားစရိတ်နှစ်ဆယူ တာဟာ မိခင်ကနေ ကလေးကို အိတ်ခ်ျ အိုင်ဗွီကူးစက်နှုန်းတွေမြင့်လာအောင် တွန်းပို့နေသလို ဖြစ်နေတယ်''ဟု အ ဆိုပါ တာဝန်ရှိသူက ဆိုသည်။

ယင်းအပြင် ဆေးရုံ၊ ဆေးခန်း များတွင် တာဝန်ထမ်းဆောင် လျက်ရှိ သော ကျန်းမာရေးဝန်ထမ်းများသည် အိတ်ခ်ျအိုင်ဗွီပိုးရှိသည့် မိခင်များ က လေးမွေးဖွားရာတွင် ခွဲခြားနှိမ့်ချပြီး ပြောဆိုလေ့ ရှိကြောင်းလည်း သိရသည်။
''ငါတို့က နင်တို့ကိုမွေးပေးရတဲ့ အခါမှာ တစ်ခါသုံးတွေကိုဝယ်ရတယ်။ အဲဒါကြောင့် နင်တို့ကို နှစ်ဆတောင်း ရတာလို့ပြောတယ်။ ပြောတဲ့အခါ မှာ လဲ အော်ဟောက်ပြီးပြောတယ်။ မွေး လာတဲ့ကလေးကိုပါ A လေးလို့ ခေါ် တာရှိတယ်။ တခြားသူတွေက ကြား သွားရင် မိခင်က သွေးနုသားနုချိန်မှာ အလွန်စိတ်ထိခိုက်ရတယ်''ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်

အဆိုပါကိစ္စများနှင့်စပ်လျဉ်း ၍ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ဆက် သွယ်မေးမြန်းရာတွင် အိတ်ခ်ျအိုင်ဗွီ ပိုးရှိသော မိခင်များလာရောက်မွေး ဖွားပါက ကျန်းမာရေးဝန်ထမ်းများက နှစ်သိမ့်ဆွေးနွေးအကြံပေးပြီး လိုအပ် လျှင် ခွဲစိတ်ပြီး မွေးဖွားပေးကြောင်း ဆေးတက္ကသိုလ်(၁)၊ သားဖွားနှင့်မီး ယပ်ပညာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာမြသီတာ က ပြောသည်။

''ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အိတ်ခ်ျအိုင်ဗွီပိုးရှိတဲ့မိခင်တွေ ကလေး မွေးရင် အခမဲ့နီးပါး မွေးဖွားပေးပါ တယ်။ နည်းနည်းပါးပါး ယူတာတော့ ရှိတာပေါ့။ နှစ်သိမ့်ဆွေးနွေးအကြံပေး ပြီး လိုအပ်ရင် ခွဲစိတ်ပြီးမွေးပေးတယ်။ လနုတုန်းမှာ ARV ဆေးသောက် ထားရင် ရိုးရိုးမွေးလို့ရတယ်။ မသောက် ထားရင်တော့ ကလေးကို ကူးမှာစိုး လို့ ခွဲပြီးမွေးရတယ်။ ဒါပေမဲ့ သူတို့ ကို သေသေချာချာဆွေးနွေးပြီး သူတို့ မွေးချင်တဲ့ပုံစံကိုမွေးပေးတာပါ''ဟု ယင်းကဆက်လက်ပြော ကြားခဲ့သည်။

Yangon Media Group

0 comments:

Post a Comment