ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

31.12.13

တရုတ်ပြည်သို့ပို့သော ကျွဲ၊ နွား မှောင်ခိုများလာခြင်းကြောင့် ဒေသခံကျွဲ ၊နွားများ ပျောက်ဆုံးမှုများနေ

လားရှိုးမြို့နယ် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် တရုတ်ပြည်သို့ တရားမ၀င် သယ်ဆောင်နေသော ကျွဲနွား မှောင်ခိုသမားများ လွန်စွာများပြားလာခြင်းကြောင့် ဒေသခံ တိုင်းရင်းသားတောင်သူများ၏ ကျွဲနွားများမှာ မ ကြာခဏ ပျောက်ဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။

ခရီးသည်များ အိပ်မောကျနေစဉ် ရထားတွဲ မီးစွဲလောင်သဖြင့် အများအပြား သေဆုံး

ဒီဇင်ဘာ ၂၉ရက်က အိန္ဒိယနိုင်ငံ အန်ဒြာပရာဒက်ရှ်ပြည်နယ် အန်န်တာပူရမ်ခရိုင်တွင် နန်ဒက်နှင့် ဘင်္ဂလောသို့ ပြေးဆွဲ နေသည့်ရထားတွင် မီးစွဲလောင်ခဲ့သဖြင့် အနည်းဆုံး ၂၆ဦးသေဆုံးပြီး၊ ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ မီးလောင်စဉ် ခရီးသည် အများစုမှာ အိပ်ပျော်နေကြပြီး နိုးလာချိန်တွင် ရထားတစ်တွဲလုံး မီးခိုးလုံးများ ပိတ်မှောင်နေသည့်အတွက် အဖိတ်အဆင် မျာ ပြားရခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူရေး တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ကူညီကြရန် ၀န်ကြီးဦးခင်ရီ ကမ်းလှမ်း

လာမည့် ၂၀၁၄ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ရေးသည် အမျိုးသားရေးလုပ် ငန်းစဉ်ဖြစ်၍ အားလုံးပါဝင်ကူညီကြရန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများကို ရှင်းလင်း ပြောကြားလိုက်သည်။

ရခိုင်တိုင်းရင်းသားများ ပြန်လည်ထူထောင်ရေး စခန်းများအတွက် ဗုဒ္ဓဆင်းတုတော် ၁၇၀၀ အား စင်ကာပူက လှူဒါန်းမည်

ရခိုင်တိုင်းရင်းသားများ ပြန်လည်ထူထောင်ရေး စခန်းများအတွက် ဗုဒ္ဓဆင်းတုတော် ၁၇၀၀ အား စင်ကာပူနိုင်ငံမှ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မေတ္တာစင်တာဥက္ကဌ ဦးဝင်းဖေက လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းတုတော်များအား ယခုခါတွင် စစ်တွေမြို့ လောကာနန္ဒာ စေတီတော်အတွင်း ထားရှိပြီး နှစ်ဆန်းတစ်ရက်နေ့တွင်

လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေးနေ

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေး နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါ ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသူများကို ခေါ်ယူစစ်ဆေးနေသည့် အဆင့်သာရှိနေပြီး ပါဝင်ပတ်သက်မှု မရှိသူများကိုလည်း ပြန်လည် လွှတ်ပေးနေကြောင်း သိရှိရသည်။

တူမီးသေနတ်နှင့်ပစ်မည်ဟုဆိုသောကြောင့် နယ်မြေရှင်းလင်းဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းမြို့၏ ရှေ့ဘက်တောစပ် နေရာများ တွင် နေရာရွေ့ပြီး ရောင်း ချနေသော မူးယစ်သားကောင်များ မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ တောစပ်သို့လာရောက်လျှင် တူမီးနှင့်ပစ်မည်ဟု ပြောဆိုသံများကြောင့် ခရိုင်ရဲတပ်ဖွဲ့မှ မူးယစ်ရှင်းလင်းရေးအစီစဉ်ဖြင့် သွားရောက်ရှင်းလင်းဖမ်းဆီးခဲ့ကြကြောင်း နယ်မြေခံများထံမှသိရသည်။

မန္တလေးဆေးရုံးကြီးတွင် ကုတင် ၅၀၀ ဆံ့ဆေးရုံ လာမည့်နှစ်အတွင်း အပြီးဆောက်မည်

မန္တလေးတိုင်းအတွင်းမှ အထက်မြန်မာပြည်မှလူနာများ ကျန်းမာရေးစောင့်ရှောက်နိုင်ရန်အတွက် ကုတင် ၅၀၀ဆံ့ ကိုးထပ်ဆေးရုံကြီးတစ်ခု မန္တလေးဆေးရုံကြီးဝင်းအတွင်းတွင် တည်ဆောက်မှု ၂၀၁၄ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဆေးနှင့် လူမှုဆက်ဆံရေးဌာနအရာရှိ ဦးမင်းလွင်က ပြောသည်။

နှစ်သစ်ကူးည လည်ပတ်လိုသူများအတွက် ပြည်တွင်းရေကြောင်းသင်္ဘော အငှားလိုက်မည်

နှစ်သစ်ကူးညတွင် မြစ်ကြောင်းအတွင်း သင်္ဘောစီးပြီး နှစ်သစ်ကူးပွဲတော်နှင့် ပါတီပွဲများကျင်းပလိုသူများ အနေဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ သဘောင်္များ ငှားရမ်းသွားမည်ဟု ပို့ဆောင်ရေးဌာန မှူး ဦးရှိန်းယောက ပြောသည်။

နား၊လည်ချောင်း ပိုးဝင်စေတဲ့ ဘက်တီးရီးယားတွေဟာ စာအုပ်တွေပေါ် အချိန်ကြာ အသက်ရှင်နေနိုင်

နား နဲ့ လည်ချောင်းကို ပိုးဝင်မှုဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေဟာ စာအုပ်တွေပေါ်မှာ အချိန်ကာလ ကြာကြာ အသက်ရှင်နေနိုင်တယ်လို့ သုတေသီတွေက သတင်းထုတ်ပြန်လိုက်ပါတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နား၊ လည်ချောင်း ပိုးဝင်မှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ လူ့ခန္ဓာပြင်ပဖြစ်တဲ့ စာအုပ်၊ ကလေးပုခတ်နဲ့ အရုပ်တွေအပါအ၀င် အမျိုးမျိုးသော အရာဝတ္ထုတွေပေါ် အချိန်ကာလ ကြာကြာ အသက်ရှင်နေနိုင်ပါတယ်။

ကားတင်သွင်းခွင့်အတွက် ယာဉ်အမျိုးအစားနှင့် နှစ်အလိုက် သတ်မှတ်ချက်များ ထုတ်ပြန်

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ပြီး လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံး ယာဉ်များနှင့် ယန္တရားယာဉ်များ တင်သွင်းခွင့်ကို ယာဉ်အမျိုးအစား နှစ်အလိုက် သတ်မှတ်ချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ထွေ/အုပ်စာရေးတစ်ဦး ကတ်ကြေးဖြင့် အထိုးခံရကာ လေထိုးပိုက်ဖြင့် ရိုက်နှက်ခံရမှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား

ဒီဇင်ဘာ ၂၉ ရက် နံနက် ၈ နာရီခန့်က အင်းစိန်မြို့မ ရဲစခန်း နယ်မြေအတွင်း စည်းကမ်းမဲ့၊ လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၄)၊ အင်းစိန်ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရာအိမ်မှူးများ ပါဝင်သော အဖွဲ့သည် အင်းစိန်မြို့နယ်အတွင်း စည်းကမ်းမဲ့ ဆိုင်ကယ်များ လိုက်လံဖမ်းဆီး ခဲ့ကြောင်း သိရသည်။

လူငယ်များ၏ အခက်အခဲ ဇန်န၀ါရီ စစ်တမ်းကောက်မည်

လူငယ်များ၏ အခက်အခဲများ လိုအပ်ချက်များနှင့် ပတ်သက်ပြီး လူငယ်ဗဟိုပြု စစ်တမ်းများကို လာမည့် ဇန်န၀ါရီ ဒုတိယပတ်တွင် စတင်ကောက်ယူသွားမည်ဟု စစ်တမ်းကောက်ယူမည့် မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ဥက္ကဋ္ဌကိုဇွဲရန်နိုင်က မဇ္ဈိမကို ပြောသည်။

မန္တလေး ကျုံးဘေးပတ်လည်တွင် လေးထပ်ထက် ပိုဆောက်ခွင့်မပြုတော့

မန္တလေးမြို့၊ ကျုံးဘေးပတ်လည်တွင် လေးထပ်ထက်မြင့်သော အဆောက်အအုံများ ဆောက်လုပ်ခွင့် မပြုတော့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးဦးမျိုးအောင်က ပြောသည်။

ပုဂ္ဂလိကလုပ်ကိုင်ခွင့် လေဆိပ်အားလုံးကိုမပေးဟု လေကြောင်း/ဦးစီးဆို

ပြည်တွင်းလေဆိပ် ၃၀ အတွက် လုပ်ငန်း ၁၀ မျိုးအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရာတွင် လေဆိပ် အားလုံးကို လုပ်ကိုင်ခွင့်ပေးမည်မဟုတ် ဘဲ ပြည်တွင်းရှိ လေဆိပ်ခေါ်ယူမည့်တင်ဒါအား လုပ်ငန်းရှင် များဘက်မှတင်ပြမည့် အဆိုပြုလုပ်ငန်း (Registry of Interest (ROI)) အပေါ် အခြေပြု၍ လုပ်ကိုင် ခွင့်ပြုမည့် လေဆိပ်အား ရွေးချယ်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက မဇ္ဈိမသို့ ဒီဇင်ဘာ ၃၀ ရက်က ပြောကြားသည်။

မြေပုံမြို့နယ် ဒုက္ခသည်စခန်း အခြေအနေ နိုင်ငံတကာ စိုးရိမ်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းအတွင်းက အခြေအနေတွေဟာ အတော်လေးကို စိုးရိမ်ပူပန်စရာ အနေအထားမှာ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုလိုက်ပါတယ်။ စခန်းအတွင်းမှာရှိနေတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက

ငါး၊ ပုစွန်မွေးသူများ ပိုင်ဆိုင်မှု ပြနိုင်ရေး ညှိနှိုင်းပေးမည်ဟု လယ်/ဆည်ဝန်ကြီး ကတိပြု

ငါး၊ပုစွန် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ်ချေးငွေရယူရေးအတွက် အထောက်အထား တင်ပြ နိုင်ရန် ၀န်ကြီးဌာနအနေဖြင့် ညိှနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ကတိပြုပြောလိုက်သည်။

ရဲဘက်ပြေးနှင့် ဇနီးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီး

အလုံမြို့နယ်တွင် ရဲဘက်ပြေးနှင့် သူ၏ဇနီးတို့ကို မူးယစ်ဆေးဝါးရောင်းချနေမှုဖြင့် ရန်ကုန်တိုင်း ရဲတပ် ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းမှ ပူးပေါင်းရဲတပ်ဖွဲ့ဝင်များသည် သံချောင်း (ခ) ထွန်းကျော် လွတ်လပ်ရေးရပ်ကွက်၊ အလုံ မြို့နယ်နေသူမှာ ရဲဘက်ပြေးတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်းရရှိခဲ့သည်ဟု ဆိုသည်။

ရှစ်တန်းကျောင်းသူတစ်ဦး ဆွဲကြိုးချ၍ အဆုံးစီရင်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးရွာတွင် ယခုလ ၂၉ ရက် မနက် ၈ နာရီအချိန်က ရှစ် တန်းကျောင်းသူတစ်ဦးသည် မိမိကိုယ်ကိုဆွဲကြိုးချ၍ အဆုံးစီရင်ခဲ့သည်ဟု ဘုတလင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ အဋ္ဌမတန်းကျောင်းသူ မအိမွန်ဖြိုး အသက်(၁၄)နှစ်ဆိုသူဖြစ်ပြီး ယခုလ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်က ရွာ၏ တောင်ဘက်၊ ယာခင်းတော သွားရာလမ်းဘေးရှိ မန်းကျည်းပင်၌ ဆွဲကြိုးချ၍ မိမိ ကိုယ်ကို အဆုံးစီးရင်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ ရဲဌာန၏ စစ်ဆေးပေါ်ပေါက်ချက်များတွင်တွေ့ရ သည်။

ဆိုင်ကယ် လမ်းပြောင်းပြန် စီးလာသူက ယာဉ်ထိန်းရဲကို လက်သီးဖြင့်ထိုး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ စည်ပင်သာယာဈေး၏ အရှေ့ဘက် အောင် ဇေယျလမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၂၇ ရက် ညနေ ၃ နာရီခွဲအချိန်က တာဝန်ကျ ယာဉ်ထိန်းရဲ တစ်ဦးကို လမ်းပြောင်းပြန်စီးလာသည့် ဆိုင်ကယ်မောင်းလာသူက ထိုးနှက်ခဲ့ကြောင်း

ကျားနှင့် အတူနေထိုင်သော ဘရာဇီးက မိသားစု

ဘရာဇီးနိုင်ငံမှ မိသားစု တစ်ခုဟာ ကျားကို အိမ်မွေးတိရစ္ဆာန် အဖြစ် ပြု စုစောင့်ရှောက်ထားပြီး ကမ္ဘာကို အံ့သြ စေခဲ့ပါတယ်။

အများအားဖြင့် ဆက်ကပ် နဲ့ မျက်လှည့်ပညာရှင်များက ကျား၊ ခြင်္သေ့တို့လို သတ္တဝါရိုင်းတို့နဲ့ အတူနေထိုင်တာ မဆန်းပေမယ့် သာမန် မိသားစု တစ်ခုရဲ့  နေထိုင်မှုကတော့ ဆန်းပြား ပါတယ်။ ၎င်းတို့ရဲ့  ပြောဆိုချက်အရ ယင်း ကားငယ်ကို ငယ်ငယ်လေးကတည်းက

အိမ်သာနဲ့ နံရံကြား ညှပ်နေတဲ့ မိန်းမတစ်ဦးကို မီးသတ်တပ်ဖွဲ့ ဝင်တွေ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရ

ကလပ်တစ်ခုရဲ့ အိမ်သာခန်းနံရံကျွံကျပြီး အိမ်သာနဲ့ နံရံကြား ညှပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ရေအိမ်ကို ဖြိုချပြီး မီးသတ်သမားတွေဟာ ခက်ခက်ခဲခဲကယ်ဆယ်ခဲ့ရပါတယ်။
ကာဒစ်မြို့ သူမိန်းမကို ကယ်ဆယ်ခဲ့တဲ့ မီးသတ်အဖွဲ့ ဝင်ထဲကတစ်ယောက်ဖြစ်တဲ့ Mick Flanagan ပြောကြားချက်အရ