31.12.13

အိမ်သာနဲ့ နံရံကြား ညှပ်နေတဲ့ မိန်းမတစ်ဦးကို မီးသတ်တပ်ဖွဲ့ ဝင်တွေ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရ

ကလပ်တစ်ခုရဲ့ အိမ်သာခန်းနံရံကျွံကျပြီး အိမ်သာနဲ့ နံရံကြား ညှပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ရေအိမ်ကို ဖြိုချပြီး မီးသတ်သမားတွေဟာ ခက်ခက်ခဲခဲကယ်ဆယ်ခဲ့ရပါတယ်။
ကာဒစ်မြို့ သူမိန်းမကို ကယ်ဆယ်ခဲ့တဲ့ မီးသတ်အဖွဲ့ ဝင်ထဲကတစ်ယောက်ဖြစ်တဲ့ Mick Flanagan ပြောကြားချက်အရ


“ဒါဟာ တော်တော်ရယ်စရာကောင်းတဲ့ ကယ်ဆယ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်လာတဲ့အချိန်မှာ သူက အရက်တွေမူးပြီး ရယ်မောနေတယ်လေ”

“ကျွန်တော့်တို့ ရေအိမ်ကို ဖြုတ်ပစ်လိုက်ရတယ်။ သူ့ ကိုကယ်ဆယ်ဖို့ ကျွန်တော်တို့ နေရာလွတ်ကောင်းကောင်း ရအောင်လို့ ။ ကံကောင်းထောက်မစွာပဲ သူ့ ကို ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။” လို့  ဖြေဆိုခဲ့ပါတယ်။

ဒီကယ်ဆယ်မှုဟာ ၂၀၁၃ ခုနှစ်အတွင်း အင်္ဂလန်နိုင်ငံ၊ဝေးလ်၊ နဲ့ အိုင်ယာလန်နိုင်ငံတို့ မှာ ၁၁၃၂ ကြိမ်မြောက် အိမ်သာမှာကယ်ဆယ်ရတဲ့ ကယ်ဆယ်ရေးတစ်ခုဖြစ်ခဲ့ပြီး အများစုကတော့ ကလေးသူငယ်နဲ့  သက်ကြီးရွယ်အိုတွေ ဖြစ်တယ်လို့  ဆိုပါတယ်။

Ref: mirror.co.uk
Trend Myanmar

0 comments:

Post a Comment