31.12.13

တူမီးသေနတ်နှင့်ပစ်မည်ဟုဆိုသောကြောင့် နယ်မြေရှင်းလင်းဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းမြို့၏ ရှေ့ဘက်တောစပ် နေရာများ တွင် နေရာရွေ့ပြီး ရောင်း ချနေသော မူးယစ်သားကောင်များ မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ တောစပ်သို့လာရောက်လျှင် တူမီးနှင့်ပစ်မည်ဟု ပြောဆိုသံများကြောင့် ခရိုင်ရဲတပ်ဖွဲ့မှ မူးယစ်ရှင်းလင်းရေးအစီစဉ်ဖြင့် သွားရောက်ရှင်းလင်းဖမ်းဆီးခဲ့ကြကြောင်း နယ်မြေခံများထံမှသိရသည်။


မိုးညှင်းခရိုင်ဒုရဲမှူး ညွန်ကြားချက်ဖြင့် ဒီဇင်ဘာ၂၇ရက်၁၂း၃၀တွင် မိုးညှင်းခရိုင်မှုခင်းနိပ်နှင်းရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဇေယျမင်္ဂလာတောရဘုန်းကြီးကျောင်း အနီးချောင်းနှစ်မွှာစုံ တောလမ်းတွင် ရဲရင့်ဆွေအား မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းဝတ်ဆင်ထားသော ကချင်ပုဆိုးခါးပုံစအတွင်း စက္ကူဖြင့်ထုတ်ထားသော ဘိန်းဖြူဟုယူဆသော ဖြူ/၀ါရောင်အမှုန့် အလေးချိန်(၀.၀၀၃)ဂရမ်ပါ အထုတ်အားသိမ်းဆီးခဲ့သည်ဟု တပ်ကြပ်အောင်ရဲမြင့်မှပြောခဲ့သည်။

တောရဘုန်းကြီးကျောင်းများအလွန်သို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင်တောင်ယာလုပ်ကိုင်သူ အမျိုးသမီးမှ ကျယ်လောင်စွာသီချင်း အော်ဟစ်အချက်ပေးသီဆိုသံကို ကြားရသဖြင့် မူးယစ်ဆေးရောင်းချသူ သုံးစွဲသူများထွက်ပြေးသွားကြသည်ဟု ယူဆ
ကြောင်း၊ တောတန်းအတွင်း ရှာဖွေရာ ၁း၃၀တွင်ချောင်းနှစ်မွှာဆုံထိပ် လှည်းဆိပ်တောထဲရှိ တောင်ထိပ်တဲအတွင်း သန်းဇော်ဦး(ခ)၀တုတ်သည် မူးယစ်ဆေးရောင်းချနေစဉ်တွေ့ရသဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့သည်ဟု နယ်ထိန်းအဖွဲ့ဝင်ထံမှသိရသည်။

၎င်း၏adidasတံဆိပ်ပါ အနက်ရောင်လွယ်အိတ် အတွင်းမှ ပင်နီဆိလင်ပုလင်းဖြင့် ထည့်ထားသော ဘိန်းဖြူ(၀.၅)ဂရမ်စီပါပုလင်း၂ပုလင်း၊ တိုက်၅လုံးသတ္တုဗူးဖြင့်ထည့်ထားသော ဘိန်းဖြူ (၀.၀၅)ဂရမ်စီပါ ဗူး(၃)ဗူး၊ တိုက်၅လုံးသတ္တုဗူးဖြင့် ထည့်ထားသော ဘိန်းဖြူ(၀.၀၂)ဂရမ်စီပါ ဗူး၂ဗူး၊ စုစုပေါင်းအလေးချိန်၁.၁၉ဂရမ်၊ ဘိန်းဖြူရောင်း ရာတွင် ထုတ်ပိုးအသုံးပြုသော စက္ကူအပိုင်းများ၊ 3ccဆေးထိုးပိုက်အသစ်(၁၆)ချောင်း၊ ဘိန်းဖြူရောင်းရငွေ ၉သောင်းကျပ်အား ရှာဖွေပုံစံဖြင့်သိမ်းဆီးခဲ့ကြောင်း မှုခင်းမှတ်တမ်းမှသိရသည်။

ကွင်းဆက်တရားခံအား စစ်ဆေးမေးမြန်းခဲ့ရာ အောင်သပြေ(၁)ရပ်ကွက်နေမခွန်ဆန်းထံမှ ၀ယ်ယူခဲ့သည်ဟု ရဲရင့်ဆွေကပြောခဲ့ကြောင်းထပ်မံဆိုခဲ့သည်။ အောင်သပြေ(၁)ရပ်ကွက်နေမခွန်ဆန်းနေအိမ်သို့ သွားရောက်စုံစမ်းရာ ထွက်ပြေးတိမ်းရှောင်နေပြီး အောင်သပြေ(၁)ရပ်ကွက်နေ အသက်၂၅နှစ်ရှိ တရားခံသန်းဇော်ဦးအား မယ(ပ)၇၇/၁၃၊မူး/စိတ်၁၅/၁၆(ဂ)/၂၀(က)/၂၁တို့ဖြင့်၎င်း၊ အသက်၃၁နှစ်ရှိရဲရင့်ဆွေအား မယ(ပ)၇၆/၁၃၊မူး/စိတ်-၁၅/၁၆(ဂ)ဖြင့် မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း ဒုရဲအုပ်ခိုင်လွင်က ပြောသည်။

သီဟအောင်(ကချင်)

0 comments:

Post a Comment