ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

16.5.13

ရန်ကုန်သားတို့ KFC မြည်းနိုင်ဖို့ အမေရိကန်သံရုံး ကူညီ


၁၆.၅.၂၀၁၃၊ ကြာသပတေးနေ့

KFC ဆိုင် မြန်မာပြည်မှာ မဖွင့်သေးပေမယ့် ရန်ကုန်မှာ နေထိုင်သူတချို့ကတော့ KFC အကြော်တွေကို မြည်းခဲ့ကြပြီးပါပြီ ဆိုတာကို  ရန်ကုန်မြို့အမေရိကန်သံရုံးFacebook မှာ ဒီကနေ့ တွေ့ရမှာပါ။

 Yum! ဆိုတဲ့ အမေရိကန် လုပ်ငန်းကြီးက အမြည်းကျွေးခဲ့တာပါ။ ဒီလုပ်ငန်းကြီးဟာ  KFC, Pizza Hut နဲ့ Taco Bell ဆိုတဲ့ ဆိုင်ကြီးတွေကို စုစည်းထားတာပါ။

 KFC ဆိုင်ဖွင့်ဖို့ နေရာ ရှာနေတယ်၊ ဖွင့်ဖြစ်ရင်တော့ အလုပ်အကိုင်သစ်တွေ၊ နိုင်ငံတကာအဆင့်မီ စားသောက်ဆိုင်လုပ်ငန်း သဘောသဘာဝတွေနဲ့လာဖို့ မျှော်လင့်ကြောင်း Yum! လူကြီးမင်းတို့က KFC မြည်းစမ်းတဲ့ အခမ်းအနားမှာ ရှင်းပြပါတယ် တဲ့။ 
  
KFC ရဲ့ အမြတ်ငွေ ၇ဝ%ထက်မနည်း ဘယ်ကလာသလဲ ဆိုတော့ အမေရိကန်ပြည်ထောင်စု အပြင်ဘက်ကနေ လာတယ်လို့ ဆိုတယ်။ (ဆရာဝန်တို့က မည်သို့ပင် ဟန့်တားစေကာမူ ဆီစိမ်ပြီးကြော်တာကို နိုင်ငံတကာမှာ နှစ်သက်ကြတယ်ဆိုတဲ့ သဘောပေါ့။)

အမေရိကန်သံရုံး Facebook မှာ ဒီပုံတွေ၊ အချက်အလက်တွေ တင်လိုက်တော့ မှတ်ချက် ၂ ခု အခုလေးတင် တက်လာပါတယ်။ 

ရန်ကုန်အမေရိကန်သံရုံးက KFC နာမည်ကြီးအောင် လုပ်နေတာလား၊ ဒီအစားအစာဆိုင်က ကမ္ဘာ့ ကျန်းမာရေးနဲ့မညီညွတ်ဆုံးထဲမှာ ပါတယ် လို့ မှတ်ချက်တခုက ဆိုတယ်။

နောက်တခုကလည်း အငေါ်တူးထားတာပါပဲ - KFC ကို ကြော်ငြာပေးတာ သံရုံးအလုပ်လား တဲ့။

သံရုံးအလုပ် မဟုတ်ဘူးလို့လည်း ဆိုနိုင်သလို ဟုတ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။KFC ဆိုတာ အမေရိကန်တို့ ကမ္ဘာအရပ်ရပ်မှာ ဖွင့်ထားတဲ့ဆိုင်မဟုတ်လား။

အမေရိကန် ယဉ်ကျေးမှု၊ အမေရိကန် စီးပွားရေးအတွက် ဆိုတော့ သံရုံးက ကြော်ငြာပေးရတော့မှာပေါ့။

နောက်ဆုံးတော့ ... KFC လည်း တခါတရံစားပါ၊ ကျန်းမာရေးကောင်းဖို့ လုပ်သင့်တာတွေလည်း လုပ်ပါလို့ ဆိုရမယ် ထင်ပါတယ်။

သိပ်မကြာသေးခင်ကပဲ KFC ကို မူပိုင်လုပ်ချင်တဲ့ မြန်မာလုပ်ငန်းရှင် ပေါ်လာပါသေးတယ်။ ဒီအကြောင်း ဧရာဝတီဘလော့မှာ KFC တရားစွဲခံရတော့မည်လော ဆိုပြီး ဖော်ပြခဲ့တာပါ။ ပြန်ဖတ်မယ်ဆိုရင် http://blog.irrawaddy.org/2013/03/kfc_12.html မှာ ရှိပါတယ်။

ရန်ကုန်မြို့ န၀ဒေးလမ်းမှာ KFC ဆိုင် ဖွင့်တော့မလိုလိုဖြစ်ခဲ့တဲ့ မြေညီထပ်အခန်းကြီးက အခုထိတော့ ဘာမှ ထူးခြားမလာသေးပါဘူး။
KFC ရုပ်ပုံတွေကို ပြန်ဖြုတ်ထားတယ်ဆိုတော့ အဲဒီနေရာမှာ KFC နာမည်နဲ့ မဖွင့်ဖြစ်တော့ဘူး ထင်ပါတယ်။ သို့သော်လည်း KFG, KBG စသဖြင့် ဆင်တူယိုးမှားလုပ်ပြီး ကြက်ကြော်ရောင်းလာနိုင်ပါတယ်။

အမေရိကန်ပုံရိပ်တွေကတော့ မြန်မာပြည်မှာ တခုပြီးတခု ရောက်လာပါပြီ။
Pepsi, Coke တို့ကို ရေခဲစိမ်ပြီး သောက်နေကြပြီ။ 
အရင်တပတ်က Ford ကား ဆိုပြီး မိတ်ဆက်ပွဲမှာ အမေရိကန်သံအမတ် ကိုယ်တိုင် တက်ပါတယ်။မြန်မာပရိသတ်က အမေရိကန် Ford ကားကို ၀ယ်စီးဖို့ တုံ့ဆိုင်းကြဖွယ် ရှိပေမယ့် KFC ဆိုင် ဖွင့်လာရင်တော့ ကြက်ကြော်ကို ဈေးကြီးကြီးပေးပြီး သွားစားဖို့ အသင့်ဖြစ်နေတဲ့သူ အများအပြား ရှိနေပါတယ်။

ဧရာဝတီBlog

01B MAHASEN ရဲ့ (၁၆-၅-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် နောက်ဆုံးအခြေအေန


၁၆.၅.၂၀၁၃၊ ကြာသပတေးနေ့
 
 

(၁၆-၅-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် မိုးလေ၀သဂြိုဟ်တုတိမ်ပုံအရ Mahasen ဆိုင်ကလုန်းဟာ အနောက်လေစီးကြောင်းများအတွင်း အရှေ့မြောက်ဖက်ကို ရွေ့လာပြီး အိန္ဒိယ- ဘင်္ဂလားဒေ့ နှစ်နိုင်ငံနယ်စပ်တလျှောက်ကနေပြီး အရှေ့မြောက်ဖက်ကို ဆက်လက်ရွေ့နေပါတယ်။ ကုန်းတစ်ဝက် ရေတစ်ဝက်အနေအထားမို့ ပိုမိုအားကောင်းလာ ဖို့ အလွန်ခဲယဉ်းပါလိမ့်မယ်။

နေ့ရက်။ ၁၆-၅-၂၀၁၃
အချိန်။ နံနက်(၆)နာရီခွဲအချိန်။
လတ္တီတွဒ်။ 20.5°N
လောင်ဂျီတွဒ်။ 89.9°E
ဦးတည်ရာ။ 40°
နှုန်း။ တစ်နာရီ (၁၄.၅)မိုင်နှုန်း။
လေတိုက်နှုန်း။ တစ်နာရီ မိုင်(၆၀)
လေပုန်း။ တစ်နာရီ မိုင်(၇၅)မိုင်
မုန်တိုင်းအချင်းဝက်။ (၈၅)မိုင်
ဗဟိုအနီးရေလှိုင်း။ (၁၂)ပေ
မောင်တောကမ်းခြေ မုန်တိုငးဒိရေ။။ ၁ ပေမှ ၂ ပေ

ယခင် ခန့်မှန်းထားတဲ့အတိုင်း ထိခိုက်မှုဟာ ဘင်္ဂလားဒေ့ရှ်ဖက်ပိုများပါလိမ့်မယ်။ ၀င်တာခန့်မှန်းတာထက် ပိုစောနိုင်ပါတယ်။ 

ဒေါက်တာထွန်းလွင် (MCCW)
Tun Lwin