ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.2.14

JACA ချေးငွေ မြဝတီ- ဘုရားသုံးဆူ ကားလမ်းသစ် ဖောက်မည်


Thursday, February 20, 2014

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JACA) ၏ ချေးငွေ ကျပ်သန်း ၉၀၀၀ ကျော် အသုံးပြု၍ မြဝတီ- ဘုရားသုံးဆူ ထွက်ပေါက်သစ် တစ်ခုဖြစ်သည့် တရနာ- ကျွန်းရွာ ကားလမ်းသစ်ကို ဧပြီလကုန်ပိုင်းတွင် ဖောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်က ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူစုလူဝေး စီမံခန့်ခွဲရေးသင်တန်း အီးယူပို့ချ



မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု အားကောင်းလာဖို့နဲ့ နိုင်ငံသားတိုင်းရဲ့ ဒီမိုကရေစီ အခွင့်အရေးကို အသိအမှတ်ပြုနိုင်ဖို့ ရည်ရွယ်ပြီး ဥရောပသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို “လူစုလူဝေး စီမံခန့်ခွဲမှုသင်တန်း” ပေးခဲ့ကြောင်း မြန်မာနိုင်ငံအခြေစိုက် ဥရောပသမဂ္ဂရုံးခွဲက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရဲတပ်ရင်း (၈)မှာကျင်းပခဲ့တဲ့ “လူစုလူဝေး စနစ်တကျထိန်းသိမ်းမှု သင်တန်း” သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland Kobia က အီးယူရဲ့ သင်တန်း ရည်ရွယ်ချက်ကို အခုလို ရှင်းပြခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် မိမိတို့ အကူအညီပေးနေတာ အပိုင်း ၃ ခု ရှိပါတယ်။ မီဒီယာတွေကို ဒီနေ့ ဖိတ်ခေါ်ပြီးပြသတာက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ လူစုလူဝေးကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို သင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်။ အီးယူအဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သင်ကြားပေးနေတဲ့အထဲမှာ တရားဥပဒေ စိုးမိုးရေးအတွက် လူနေရပ်ကွက်တွေမှာ ရဲတပ်ဖွဲ့ကဘယ်လို တာဝန်ယူမလဲဆိုတာအပြင် ရဲတပ်ဖွဲ့နဲ့သက်ဆိုင်တဲ့ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေလည်း ပါဝင်ပါတယ်" လို့ အီးယူအဖွဲ့ သံအမတ်ကြီး Mr. Roland Kobia က ပြောသွားတာပါ။

ဒီအစီအစဉ်ဖြစ်ဖို့အတွက် အစိုးရရဲ့တိုက်တွန်းချက်နဲ့အတူ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်တွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြည်နယ်နဲ့တိုင်း ၁၄ ခုက ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အလားတူသင်တန်းတွေ ပေးသွားနိုင်ဖို့ ဥရောပသမဂ္ဂအဖွဲ့ကို တောင်းဆိုထားတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရဦးဘိုနီက ပြောပါတယ်။

ဥရောပသမဂ္ဂက ၃ လကျော်ကြာ သင်ကြားပေးနေတဲ့ လူစုလူဝေး စီမံခန့်ခွဲမှုသင်တန်းကို ရဲအရာရှိ ၁၄၀၀ ကျော် တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂအနေနဲ့ အခုလိုသင်တန်းတွေကို နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ ဆက်လက်ပို့ချပေးသွားမှာဖြစ်ပြီး စီမံချက်ပြီးဆုံးမယ့် ၂၀၁၅ ခုနှစ် မတ်လအထိ ယူရိုငွေ ၁၀ သန်း သုံးစွဲသွားမှာဖြစ်ပါတယ်။

RFA Burmese

မြေယာပြဿနာကို စက်တင်ဘာ နောက်ဆုံးထားဖြေရှင်းဖို့ အစိုးရကို လွှတ်တော်တိုက်တွန်း


ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ လာမယ့် စက်တင်ဘာလကုန် နောက်ဆုံးထားပြီး လယ်ယာမြေ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရမယ်လို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဒုချီးရားတန်း စုံစမ်းရေးကော်မရှင် မောင်တောခရီးစဉ် ပြီးဆုံး



နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးထားတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ မောင်တောမြို့နယ်မှာ ၅ ရက်ကြာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီး ဒီကနေ့ စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။

တက္ကစီယာဉ်ကို ဝိုင်းဝန်းရိုက်သည့် ပြိုင်ကား ၅ စီးထဲမှ တစ်စီးကို ဖမ်းဆီး၊ အရာရှိ လူကြီးသားသမီးများ ပါဝင်မှု ရှိမရှိ စစ်ဆေးနေ



ရန်ကုန် မဇ္ဈိမ ။ ။ ရန်ကုန်၊ ပြည်လမ်း ၆ မိုင်တွင် ဖြစ်ပွားခဲ့သည့် တက္ကစီယာဉ်တစ်စီးအား ပြိုင်ကား ၅ စီးမှ လူငယ်များက ဝိုင်းဝန်းရိုက်နှက်မှုတွင် ပါဝင်ခဲ့သည့် ပြိုင်ကားတစ်စီးကို ဖမ်းဆီးရမိလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီ ၂ဝ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

နယ်စည်းမထားဆရာဝန်များအဖွဲ့ ထွက်ခွာရန် ရခိုင်တွင် ထိုင်သပိတ်ပြုလုပ်မည်


ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်မှ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ထွက်ခွာသွားရေးအတွက် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒေသခံများက ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်မည်ဟု ရခိုင်အမျိုးသမီး ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ဖေဖော်ဝါရီ ၂ဝ ရက်တွင် မဇ္ဈိမကိုပြောသည်။

ဟုမ္မလင်းတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအိမ် ဓါးပြတိုက်ခံရ



၂၀.၂.၂၀၁၄၊ ကြာသပတေးနေ့

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မန်းသက်အုပ်စု၊ ဆင်နှာမောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ဓားကိုင် ဆောင်လာသည့်လူတစ်ဦးမှ အနုကြမ်းစီး၊ ဓါးပြတိုက်ခံခဲ့ရပြီး ကျေးရွာခွဲအုပ်ချုပ်ရေးမှူး လင်မယား ဓားဒဏ်ရာများရရှိခဲ့သည်ဟု မြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများထံမှ ဘတ်တစ်ထောင် ကောက်ခံလျှင် မြန်မာအစိုးရ ကန့်ကွက်မည်


၂၀.၂.၂၀၁၄၊ ကြာသပတေးနေ့

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားအပေါ်တွင် အိမ်ပြန်စရိတ်အဖြစ် ဘတ်တစ်ထောင်ကို ကောက်ခံခြင်းများ ပြုလုပ်လာပါက ကန့်ကွက်သွားမည်ဟု အလုပ်သမားအလုပ်အကိုင် ရှာဖွေးရေး နှင့်လူမှုဖူလုံးရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က မဇ္ဈိမကိုပြောသည်။

မြန်မာ့ရေပိုင်နက်အတွင်းငါးခိုးဝင်ဖမ်းဆီးသည့် အင်ဒိုနီးရှားငါးဖမ်းစက်လှေငါးစင်းအားတပ်မတော်(ရေ)ကဖမ်းဆီးရမိ


Thursday, February 20, 2014

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက် အတွင်းသို့ တရားမဝင်ဝင်ရောက် ငါးခိုးဖမ်းလျက်ရှိသော အင်ဒိုနီး ရှားငါးဖမ်းစက်လှေ ငါးစင်းအား တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးဇော်ဝင်း ဦးစီးသောစစ်ရေ ယာဉ်(၅၆၇)နှင့် ဗိုလ်မှူးမိုးကျော် လွင်ဦးစီးသည့် စစ်ရေယာဉ်(၅၅၉) တို့သည် ယခုလ ၁၆ရက်တွင် တရားခံ ထိုင်ဝမ်နိုင်ငံသားတစ်ဦး နှင့် အင်ဒိုနီးရှားနိုင်ငံသား၅၅ဦး အား သက်သေခံပစ္စည်းများနှင့် အတူဖမ်းဆီးရမိသည်။

မျိုးရိုးဗီဇ ပြုပြင်ထားသော စပါးပင်မှ လူသွေးထုတ် ယူတော့မည့် သုတေသန



သိပ္ပံပညာရှင်များသည် စပါးပင်ကို မျိုးရိုးဗီဇ ပြုပြင်မွမ်းမံလိုက်ခြင်းဖြင့် လူသွေးတွင် အဓိကပါဝင်သော ပစ္စည်းထုတ်လုပ်ရန် သုတေသနပြု ကြိုးပမ်းလျက်ရှိသည်။ ယနေ့သွေးသွင်းရန်

လိုအပ်နေသော လူနာများအတွက် လိုအပ်သော သွေးရရှိရေးမှာ မိမိနှင့် သွေးအမျိုးအစားတူ တခြားလူများ အပေါ်မှီခို အားကိုးနေရသည်ဖြစ်ရာ သွေးအချိန်မီ မရရှိမှုနှင့် သွေးလှူမည့် သွေးလှူရှင် ရှာမတွေ့မှုစသည့် သေရေးရှင်ရေး ပြဿနာများကို ဖြေရှင်းပေးနိုင်ရေးအတွက် ကြိုးစားနေခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်သံအမတ်ကြီးတွေဆုံ



ဖေဖော်ဝါရီ ၂၀ရက် နေ့ နေလည် (၁း၀၀)နာရီ က ပြည်သူ့လွှတ်တော် ၀င်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီဆောင် I-12 တွင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အားဂျပန်နိုင်ငံ သံအမတ်ကြီး နှင်.အဖွဲ မှ လာရောက်တွေ့ဆုံရာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

National League for Democracy

"သမ္မတကြီးကို ယုံကြည်လို့ DKBA ဆရာကြီးတွေ ခေါ်တဲ့နောက် မလိုက်ဖြစ်သေးတာပါ "ဟု သမီးလေးရွာခံတို့ဆို


Thursday, February 20, 2014

ပဲခူးတိုင်းဒေသကြီး အလံနီ ရေကာတာ ဘေးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး စာသင်ကျောင်းတိုက်တွင် နေစရာမဲ့  ဒုက္ခသည်အဖြစ် ခိုလှုံနေသည့် သမီးလေးရွာမှ ရွာသူရွာသားများအနေဖြင့် နေထိုင်ခွင့် ပြန်လည်ရရှိရေးအတွက် အစိုးရအပေါ် မျှော်လင့်ချက် ထားကြောင်းနှင့် DKBA ထိန်းချုပ်နယ်မြေသို့ လိုက်ပါခြင်း မရှိသေးကြောင်း သိရှိရသည်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရန် ရခိုင်လူမျိုးများတွင် အဓိကတာဝန်ရှိဟု ဦးခင်အောင်မြင့် ပြောကြား



20-2-2014

ကမ္ဘာ့ရှေးဟောင်းမြို့များ စာရင်း ထည့်သွင်းနိုင်ရန်အတွက် အစိုးရက ကြိုးပမ်းနေသော ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရန်မှာ ဒေသခံ ရခိုင်လူမျိုးများတွင် အဓိက တာဝန် ရှိကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများထံမှ ဘတ်တစ်ထောင် ကောက်ခံလျှင် မြန်မာအစိုးရ ကန့်ကွက်မည်


ရန်ကုန်၊ဖေဖော်ဝါရီ၂၀။ ။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားအပေါ်တွင် အိမ်ပြန်စရိတ်အဖြစ် ဘတ်တစ်ထောင်ကို ကောက်ခံခြင်းများ ပြုလုပ်လာပါက ကန့်ကွက်သွားမည်ဟု အလုပ်သမားအလုပ်အကိုင် ရှာဖွေးရေး နှင့်လူမှုဖူလုံးရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က မဇ္ဈိမကိုပြောသည်။

ကျိုင်းတုံတွင် ချင်းအမျိုးသားနေ့ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်


ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ ချင်းလူမှုရေး အသင်းက ဦးဆောင်၍ ပထမဆုံးအကြိမ် အဖြစ် (၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ စနေနေ့တွင် မိုင်းလပ် ကျေးရွာအုပ်စု၊ ဝမ်တုံ ကျေးရွာ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ချင်းလူမှုရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဗျက်မန်းက ပြောကြားသည်။

တအာင်းဒုက္ခသည်အခြေအနေ မြို့ပေါ် တက်ရှင်းပြမည်



ရှမ်းပြည်နယ်အတွင်းရှိ (တအာင်း) ပလောင်ဒေသမှာရှိတဲ့ ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ဒီလ ၂၅ ရက်နေ့ ရှင်းလင်းပြောကြားမယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။

အစိုးရအနေနဲ့ အင်အားသုံး ဖြိုခွဲတာတွေ မလုပ်ဖို့ ထိုင်းနိုင်ငံ တရားရုံးတခုကနေ အမိန့်ထုတ်ပြန်



ထိုင်းနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အစိုးရအနေနဲ့ အင်အားသုံး ဖြိုခွဲတာတွေ မလုပ်ဖို့ ထိုင်းနိုင်ငံ တရားရုံးတခုကနေ အမိန့်ထုတ်ပြန် လိုက်ပါတယ်။

၂၀၁၄ စက်တင်ဘာ နောက်ဆုံးထား လယ်မြေပြန်ပေးရန် လွှတ်တော် ဆုံးဖြတ်


Thursday, February 20, 2014

အစိုးရ၊ စစ်တပ်နဲ့ ကုမ္ပဏီတွေက တနိုင်ငံလုံးအနှံ့ သိမ်းထားတဲ့ လယ်မြေတွေ ၂၀၁၄ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထားပြီး အပြီးအပြတ် ပြန်ပေးဖို့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါတယ်။

မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရေး လက်ကမ်းစာစောင် ဖြန့်ဝေ



20.2.2014

ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို လုံးဝဖျက်သိမ်းပေးဖို့အတွက် တောင်းဆိုတဲ့ လက်ကမ်းစာစောင်တွေကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဖြန့်ဝေခဲ့ပါတယ်။

မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ ရှင်လောင်းလှည့်ပွဲများကို တခမ်းတနားကျင်းပလာကြ


Thursday, February 20, 2014

ဗုဒ္ဓဘာသာမြန်မာလူမျိုးများ သည် လောကီမင်္ဂလာ (၁၂)ပါး ရှိသည့်အနက် (သာမဏေရပဗ္ဗဇ္ဇ မင်္ဂလာ )ရှင်ပြုမင်္ဂလာနှင့် (ကဏ္ဏ ဝိဇ္ဈနမင်္ဂလာ) နားသမင်္ဂလာတို့ကို ယှဉ်တွဲကာ သားရှင်ပြု၊ နားသ အလှူတော်မင်္ဂလာပွဲများကို တတ် စွမ်းနိုင်သမျှ တခမ်းတနားကျင်းပ လေ့ရှိသည်။

တက္ကသိုလ်ကျောင်းသားကို ဘော်ဒါဆောင်အတွင်း အုပ်စုဖြင့် ရိုက်



စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသားတစ်ဦး ဘော်ဒါ ဆောင်တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံရသည့်အတွက် ကလေးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်ဟု တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ကချင် စစ်ဘေး ဒုက္ခသည်များကို တရုတ် ကြက်ခြေနီအသင်း ကူညီမည်



ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေး ဒုက္ခသည်များ အတွက် တရုတ်နိုင်ငံ ကြက်ခြေနီ အသင်းက မြန်မာငွေ ကျပ် သန်း ၈၀၀ တန်ဖိုးရှိ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးသွားမည်ဟု သိရသည်။


ကချင် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ ပါဝင်သည့် ကုန်သေတ္တာ ၁၀၀၀ သည် တရုတ်-မြန်မာ နယ်စပ်၌ အဆင်သင့်ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ထိုပစ္စည်းများကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ တဆင့် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ် သံရုံး၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာ၌ ယမန်နေ့ က ဖော်ပြထားသည်။

ကူညီ ထောက်ပံ့မည့် ကုန်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက် သို့မဟုတ် ၂၃ ရက်နေ့တွင် ပြုလုပ် သွားမည်ဟုလည်း တရုတ် သံရုံး က ဆိုသည်။

တရုတ်နိုင်ငံ ဆင်ဟွာ သတင်းကမူ ကချင် ဒုက္ခသည်များ အတွက် အမေရိကန် ဒေါ်လာ ၈၁၃ ဒသမ ၃၃ သန်း တန်ဖိုးရှိ လူ သားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်မည်ဖြစ်ကြောင်း၊ ဆီ၊ ဆန် စသည့် စားသောက် ကုန်ပစ္စည်းများ၊ ဆေး ၀ါးများနှင့်တခြား အရေးပေါ်သုံး ပစ္စည်းများ ပါဝင်ကြောင်း တရုတ်သံရုံး အား ကိုးကား၍ ယမန်နေ့က ဖော်ပြထားသည်။

ကချင် ဒုက္ခသည်များ အတွက် တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့မှ လှူဒါန်းခြင်းကို ကြိုဆိုကြောင်း၊ ဒုက္ခသည်များကို ကူညီမည်ဟု ကြားသိရသော်လည်း ၎င်းတို့ထံ အကြောင်းတစုံတရာ ပြောဆိုမှု မရှိသေးကြောင်း ကချင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီစာ က ဧရာဝတီ ကို ပြောသည်။

“ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီ မလိုအပ်ပေမယ့် လှူဒါန်းတာကို ကြိုဆိုပါတယ်၊ ဒုက္ခသည်တွေရဲ့ လက်ရှိ စားဝတ်နေရေးကို ကူညီနေတဲ့ ကချင်အဖွဲ့တွေလည်းရှိနေတော့ အရမ်းကြီး အခက်အခဲတော့ မရှိသေးဘူး”ဟုလည်း ၎င်းက ဆိုသည်။

တရုတ် အစိုးရ အနေဖြင့် ကချင်ဒုက္ခသည်များ အတွက် သီးသန့် ကူညီလှူဒါန်းမှု မရှိသော်လည်း တရုတ် လူမှုရေးအဖွဲ့ တချို့က ငွေကြေး၊ ဆေးဝါးနှင့်စားသောက်ဖွယ်ရာ တချို့ လှူဒါန်းမှုများ ရှိကြောင်း သိရသည်။

အစိုးရ စစ်တပ်နှင့်ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား ပြီးခဲ့သည့် သီတင်းပတ် အတွင်း တိုက်ပွဲငယ် တချို့ရှိခဲ့ပြီး လက်ရှိတွင် တည်ငြိမ်နေကြောင်း၊ သို့သော် ဗန်းမော်၊ မိုးမောက် စသည့် ဒေသဘက်တွင် စစ်ရေးလှုပ်ရှားမှု တချို့ ရှိကြောင်း ဦးဒွဲပီစာ က ဆိုသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်ရာ ဒေသများ၌ ဒုက္ခသည် စခန်း စုစုပေါင်း ၃၀ ကျော်ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ် အတွင်း၌ ကချင် စစ်ပြေး ဒုက္ခသည် စုစုပေါင်း ၇ သောင်း ၀န်းကျင် ရှိကြောင်းလည်း ဦးဒွဲပီစာ က ပြောသည်။

အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ဆွေးနွေး နေကြသည့် တိုင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးပေ။

The Irrawaddy (Burmese Version)

တရားမဝင်ကျူးကျော်ပြီးမြေနေရာသတ်မှတ်နေ ထိုင်သူများကိုအမြန်ဆုံးဖယ်ရှားပေးစေလို



မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နန္ဒဝန်မြို့ကွက်သစ်ကို ယခင်အစိုးရလက်ထက်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား မိမိကိုယ်ပိုင် မြေပိုင် အိမ်ပိုင်ရှိစေရန် မြို့ကွက်သစ်များဖော်ထုတ်လျက် နိုင်ငံတော်အစိုးရမှချထားပေးခဲ့သည်။ 
ယခုအစိုးရလက်ထက်တွင် အဆိုပါနိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ချထားပေးခဲ့သော မြေနေရာများကို အခွင့်ကောင်းယူလျက် ပြင်ဦးလွင်မြို့၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်သူများက တရားမဝင် ကျူးကျော်လျက် မြေနေရာသတ်မှတ်၍ နေထိုင်လျက်ရှိပြီး အချို့ကျူးကျော်ဝင်ရောက်နေထိုင်သူများက ဈေးကောင်းရရှိ၍ လက်ညှိုးထိုး ရောင်းစားလျက်ရှိသည်ကိုတွေ့ရှိရပြီး အငြိမ်းစားဝန်ထမ်း မြေနေရာရရှိသူများသည် လက်ပိုက်ကြည့်နေရသည့်အဖြစ်ကို ရောက်ရှိနေပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၆ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်ဟု အတိအလင်းပြဋ္ဌာန်းထားသည်ကို သိရသည်။
ပြင်ဦးလွင် နန္ဒဝန်မြို့ကွက်သစ်ကို ယခင်အစိုးရလက်ထက်က ပြင်ဦးလွင်မြို့ ကွင်းအမှတ်(၆၆၈)မှ မြေဧရိယာ ၁၅၉ဒသမ၃၈ဧကဖြင့် ထင်းကြိုးဝိုင်းအမှတ်(၅၁/၅၄)မှ မြေဧရိယာ ၇၄၆ ဧက စုစုပေါင်း ၉ဝ၅ ဒသမ ၃၈ ဧကကို အကွက်ကြီးပေါင်း ၁၄ကွက်တွင် မြေကွက်ပေါင်း ၃၅၇၇ကွက်ဖော်ထုတ်၍ စစ်ဘက်၊ နယ်ဘက်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား သတ်မှတ်မြေကွက်
တန်ဖိုးပေးသွင်းစေ၍ မြေနေရာ ချထားပေးခဲ့ကြောင်း သိရသည်။

အမတ်များ ပြည်သူ့ဆန္ဒကျောခိုင်းသောအခါ



20/2/2014

ဆယ်စုနှစ်များစွာ စစ်တပ်၏အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီအသွင်ကူးပြောင်းရန်အတွက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို အုပ်ချုပ်သူတပ်မတော်အစိုးရကပင် ဦးစီးကျင်းပပေးခဲ့သည်။

ပုသိမ်မှာ ငွေ ၂၀၀ ရှိရင် ထမင်းစားလို့ရတယ်






စာဖတ်သူတို့ ထမင်းတခါပြင်တပွဲကို ငွေ ၂၀၀ နဲ့ ရောင်းတဲ့ဆိုင်များ တွေ့ဖူးကြပါသလား။ ကျနော်လည်း အရင်က မတွေ့ဖူးပါဘူး။ တန့ကတော့ မိတ်ဆွေသတင်းထောက်တယောက်ရဲ့ အကူအညီနဲ့ ထမင်းတပွဲ ၂၀၀ ကျပ်နဲ့စားလို့ရတဲ့ဆိုင်ကို ရောက်ခဲ့ပါတယ်။

ပြန်လည် တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေဂျာနယ်ကို တရားစွဲမည်ဟုဆို



၂၀.၂.၂၀၁၄၊ ကြာသပတေးနေ့

မွန်းတည့်နေ ဂျာနယ်ပါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတန်စစ်တပ် ကူညီမည်ဟူသော သတင်းခေါင်းစဉ်ဖြင့် ရေးသားသော စာသားများသည် ထုတ်ဖော် ပြောဆိုထားခြင်း မရှိဘဲ ရေးသား ဖော်ပြထားမှုကြောင့် ဝန်ချတောင်းပန်ခြင်း မရှိပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

ဇာတိမြေကို မစွန့်ခွာလိုသည့် သမီးကလေး ကျေးရွာနေသူများ DKBA အဖွဲ့နှင့် လိုက်ပါခြင်းမရှိ


၂၀.၂.၂၀၁၄၊ ကြာသပတေးနေ့

ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီခိုလှုံနေသော သမီးကလေးကျေးရွာ နေသူများကို ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ ၁၂ ဘီး ယာဉ်များဖြင့် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း မွေးရပ်ဇာတိမြေ မစွန့်ခွာလိုသဖြင့် အဆိုပါအဖွဲ့နှင့် လတ်တလောတွင် လိုက်ပါခြင်း မရှိကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။

အနော်ရထာမင်းတည်ဆောက်ခဲ့သော တောင်သာမြို့နယ် ဇဂျမ်းကန်မြဲကန်နိုင်ငံတော်သမ္မတလမ်းညွှန်ချက်ဖြင့်ပြုပြင်မှု ဦးအောင်သောင်းကွင်းဆင်းကြည့်ရှု




20-2-2014

တောင်သာမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သောင်းသည် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးမြင့်
၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်၊ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသန်းဌေး အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေး တိုင်းဒေသကြီးပါတီကော်မတီဝင် များ၊တောင်သာမြို့နယ်ပါတီကော် မတီဝင်များနှင့်အတူ နိုင်ငံတော် သမ္မတ၏လမ်းညွှန်မှုဖြင့်စီမံဆောင် ရွက်လျက်ရှိသော တောင်သာမြို့ နယ်အတွင်းရှိ စက်ရေတွင်းများ တူးဖော်နေမှုနှင့် အနော်ရထာမင်း တည်ဆောက်ခဲ့သော တောင်သာ မြို့နယ်ဇဂျမ်းကန်မြဲကန်သို့ ယခုလ ၁၅ ရက်နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုခဲ့သည်။

မြောက်ကိုရီးယား လူ့အခွင့်အရေး ချိုးဖောက်မှုများ ကုလစိုးရိမ်


Thursday, February 20, 2014

မြောက်ကိုရီးယားနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ် ရှိနေကြောင်း ကုလသမဂ္ဂက လုပ်ပိုင်ခွင့်ပေးထားသည့် စုံစမ်းရေးကော်မရှင်က တွေ့ရှိခဲ့ရာ ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီ မွန်းက မြောက်ကိုရီးယား၏ အခြေအနေ နှင့်ပတ်သက်၍ အလွန် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ဆိုခဲ့သည်ဟု ဖေဖော် ဝါရီ ၁၉ ရက်က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၂ဝ၁၃ အတွင်း စာနယ်ဇင်းသမားများနှင့် သတင်းမီဒီယာဝန်ထမ်းပေါင်း ၁၃၄ ဦး သတ်ဖြတ်ခံခဲ့ရ


၂ဝ၁၃ ခုနှစ်အတွင်း စာနယ်ဇင်းသမား များနှင့် သတင်းမီဒီယာရုံး ဝန်ထမ်းပေါင်း ၁၃၄ ဦး သတ်ဖြတ်ခံခဲ့ ရပြီး ၎င်းတို့အနက် အများစုမှာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံခဲ့ရသူများ ဖြစ်သည်ဟု လန်ဒန်အခြေစိုက် နိုင်ငံတကာ သတင်းလုံခြုံရေးအဖွဲ့ (INSI) မှ သတင်းထုတ်ပြန်လိုက်သည်ဟု ဖေဖော် ဝါရီ ၁၉ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒုက္ခသည်များအရေး စုံစမ်းစစ်ဆေးမည်


Thursday, February 20, 2014

သြစတြေးလျနိုင်ငံနှင့် ပါပူဝါနယူးဂီနိတို့က ထိန်းသိမ်းရေးစခန်းမှ နိုင်ငံရေး ခိုလှုံသူများထွက်ပြေးရာတွင် တစ်ဦးသေဆုံးပြီး ၇၇ ဦး ဒဏ်ရာရရှိမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒုချီးရားတန်း အကြမ်းဖက်မှု အစိုးရနှင့် ပူးပေါင်းစုံစမ်းရန် ကုလကို တိုက်တွန်းမည်ဟု ကင်တားနားဆို

Thursday, February 20, 2014

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှုကို မြန်မာအစိုးရနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNIC) ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားက ပြောကြားသည်။

" ဇာတ်သဘင်ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ရုပ်သံတွေမှာ တွေ့ မြင်နိုင်တော့မလား "




Thursday, February 20, 2014

မြန်မာ့ဇာတ်သဘင်ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ရုပ် သံတွေမှာလည်း ကြည့်ရှုနိုင်ဖို့ အတွက် ဇာတ်သဘင်ပညာရှင်တွေနဲ့ ရုပ်သံတွေက ပူးပေါင်းပြီး စီစဉ်ရိုက် ကူးေ နကြပြီ ဖြစ်ပါ တယ်။ ရုပ်သံမှာ ပြသဖို့ အတွက် ရိုက်ကူးတဲ့ အခါမှာတော့ စတိတ် ရှိုးကဏ္ဍမပါဝင်ဘဲ မြန်မာသံ ကဏ္ဍ၊ အော်ပရာကဏ္ဍ၊ နောက် ပိုင်း ဇာတ်တော်ကြီးေ တွကို အဓိကထား ရိုက်ကူးပြသမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ရုပ်သံမှာ ထုတ်လွှင့်ဖို့အတွက် စံပြသဘင်အနေနဲ့လည်း ရိုက်ကူးပြီးပြီလို့ သိရပါ တယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရန် ရန်ကုန်မှ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒပြမည်


Thursday, February 20, 2014

ဧရာဝတီမြစ်ဆုံတွင် အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် လုပ်ဆောင်ခြင်း မပြုဘဲ အပြီးတိုင် ရပ်ဆိုင်းရန်အတွက် ရန်ကုန်မြို့တော်မှ ကချင်ပြည်နယ် မြစ်ဆုံဒေသအထိ မတ်လ နောက်ဆုံးပတ်အတွင်း လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုကော်မတီမှ ဦးဆောင် လှုပ်ရှားသူ ဦးရဲထွဋ်ခေါင်က ပြောကြားသည်။

၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ရုံးအသုံးစရိတ် တိုးပေးရန်ညွှန်ကြား



နေပြည်တော်၊ မဇ္ဈိမ။ ။ ရပ်၊ ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့်၏ ရုံးအသုံးစရိတ်များ မလုံလောက်၍ အကျင့်ပျက် ခြစားမှုများရှိနေသဖြင့် သန့်ရှင်းသော အစိုးရ ဖြစ်မလာနိုင်သောကြောင့် လုံလောက်မျှတ သော ရုံးအသုံးစရိတ်များရရှိရန် သက်ဆိုင်ရာ လွှတ်တော်ရေးရာကော်မတီနှင့် ဝန်ကြီးဌာနတို့ ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

သမီးကလေးဒေသခံများကို ခေါ်ဆောင်မှု အစိုးရကို နာမည်ဖျက်လိုခြင်းမဟုတ်ဟု ဒီကေဘီအေ ပြော


20.2.2014

ကျူးကျော်အဖြစ် ဖယ်ရှားခံရသည့် လှည်းကူးမြို့နယ် သမီးကလေးကျေးရွာမှ ဒေသခံများကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၏ စစ်ဌာနချုပ်အခြေစိုက်ရာ ဆုံဆည်းမြိုင်ကျေးရွာသို့ လိုက်လံနေထိုင်ရန် ခေါ်ယူခြင်းသည် အကူအညီပေးခြင်းဖြစ်ပြီး အစိုးရကို နာမည်ဖျက်လိုခြင်းမရှိဟု ဗိုလ်မှူးစောသရဲနီက မဇ္ဈိမကို ပြောသည်။

ပဲခူးဘုရားဈေးသစ် ကုန်ခြောက်ဆိုင်ဝန်ထမ်း ဓားထိုးခံရ၍သေဆုံး

ရေခဲ(ပြည်)|ဖေဖော်ဝါရီ ၂၀ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။ 

ကုန်ခြောက်ဆိုင် ပိုင်ရှင်တစ်ဦးက ဓားဖြင့်ထိုးလိုက်သဖြင့် အခြားကုန်ခြောက်ဆိုင်တစ်ခုမှ ဈေးရောင်း အကူတစ်ဦးသေဆုံးမှုတစ်ခု ပဲခူးမြို့၊ နန်းတော်ရာအပိုင်း ဘုရားဈေးသစ်အတွင်းဖေဖော်ဝါရီလ ၁၉ ရက်က ဖြစ်ပွားခဲ့သည်ဟု အဆိုပါဘုရား ဈေးသစ်တွင် ဈေးရောင်းသူတစ်ဦးက ပြောသည်။

ကစားသမားလစာ ထိန်းချုပ်မှု ရှိ၊ မရှိ စစ်ဆေးမည်


ဆုအောင်|ဖေဖော်ဝါရီ ၂၀ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

၂၀၁၄ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမစတင်မီတွင် ကစားသမားများအား အမြင့်ဆုံး လစာငွေ ကျပ် ၁၀ သိန်းသာပေးရန် ကန့်သတ်ထိန်းချုပ်လိုက်ပြီးနောက် သက်ဆိုင်ရာကလပ်အသင်းများက အမှန်တကယ် လိုက်နာမှု ရှိ၊ မရှိကို ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် အစည်းအဝေးခေါ်ယူကာ စစ်ဆေးမှုပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဦးရဲမျိုးဟိန်းက မဇ္ဈိမသို့ ပြောသည်။

မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရန် ရန်ကုန်မှ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒပြမည်


Thursday, February 20, 2014

ဧရာဝတီမြစ်ဆုံတွင် အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် လုပ်ဆောင်ခြင်း မပြုဘဲ အပြီးတိုင် ရပ်ဆိုင်းရန်အတွက် ရန်ကုန်မြို့တော်မှ ကချင်ပြည်နယ် မြစ်ဆုံဒေသအထိ မတ်လ နောက်ဆုံးပတ်အတွင်း လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုကော်မတီမှ ဦးဆောင် လှုပ်ရှားသူ ဦးရဲထွဋ်ခေါင်က ပြောကြားသည်။

မီဒီယာဥပဒေ သဘောထား ကွဲလွဲချက်များ ညှိနှိုင်းပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်


Thursday, February 20, 2014

လွှတ်တော်နှစ်ရပ်၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီတို့ သဘောထား ကွဲလွဲနေသော မီဒီယာဥပဒေကြမ်းကို ညှိနှိုင်းပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် သဘောထား မှတ်ချက် အစီရင်ခံစာတွင် ထည့်သွင်း တင်ပြသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။
“မီဒီယာမှာ လိုအပ်နေတဲ့ ကိစ္စတွေကို ပြင်ဆင် ဖြည့်စွက်ပေးနိုင်ဖို့ လေ့လာတွေ့ရှိချက် ခေါင်းစဉ်နဲ့ ထပ်တင်ပြမှာပါ” ဟု ၎င်းကဆိုသည်။

အဆစ်အမြစ်ရောင်နာ ပျောက်ဖို့ ရေကုထုံးနဲ့ ကုသမှုခံယူနေတဲ့ ၁၄နှစ်သား ကြောင်





အမေရိက South Coast Hydrotherapy School မှာ အိမ်မွေးတိရိစ္ဆာန်တွေအတွက် ရေကုထုံးနဲ့ ကုသပေးလျှက်ရှိပါတယ်။ ရေကုထုံးကို အများအားဖြင့်တော့ ခွေးတွေအတွက် ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အဆစ်အမြစ်ရောင်နာ ဖြစ်နေတဲ့ ၁၄နှစ်သား ကြောင်ကို ရေကုထုံးနဲ့ ကုသခွင့် ပြုလိုက်ကြပါတယ်။ အဲ့ဒီကြောင်ဟာ အစပိုင်းမှာ မလိုလားဘဲ အင်တင်တင်ဖြစ်နေခဲ့ပေမဲ့ ခုတော့ ရေကူးကန်ထဲမှာ တဖျတ်ဖျတ်နဲ့ကို ကူးနေနိုင်ပါပြီ။

သီလ၀ါ အထူးစီးပွားရေးဇုန် မြေကွက်ငှားရမ်းခ ၃၀ ရာခိုင်နှုန်း လျှော့ချမည်




ထင်လင်းအောင်|ဖေဖော်ဝါရီ ၂၀ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

သီလ၀ါအထူးစီးပွားရေးဇုန် မြေကွက်အငှားဈေးနှုန်းကို စက်မှုဇုန်မြေကွက်ပေါက်ဈေးများအောက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် လျှော့ချသတ်မှတ်သွားမည်ဖြစ်သည်ဟု မြန်မာသီလ၀ါ အထူးစီးပွား ရေးဇုန်အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က မီဒီယာများအား ပြောသည်။

ယူကရိန်းဆန္ဒပြပွဲ၂၅ဦးသေဆုံး



20-2-2014

ယူကရိန်းနိုင်ငံကိယဗ်မြို့တွင် ဖေဖော်ဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၁၉ရက် နံနက် စောစောပိုင်းအထိ ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွားရာ သေဆုံးသူပေါင်း ၂၅ ဦး ထက်မနည်းရှိကြောင်း ယူကရိန်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြား သည်။

ဗင်နီဇွဲလား ပြည်တွင်း ပဋိပက္ခမှာ အလှမယ် တစ်ဦး ကွယ်လွန်


Thursday, February 20, 2014

တောင်အမေရိက က ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရ ထောက်ခံသူနဲ့ အစိုးရ ဆန့်ကျင်သူတို့ကြား ပဋိပက္ခ ဖြစ်ပွားမှု အကြီးအကျယ် ဖြစ်နေပါတယ်။ ၂၀၁၃ မတ်လက သမ္မတ Hugo Chavez ကွယ်လွန်ပြီးနောက် ဒုတိယ သမ္မတ Nicolas Maduro က သမ္မတ ဖြစ်လာခဲ့ ပါတယ်။

အေအီးစီထူထောင်ရန်ပြင်ဆင်မှု မြန်မာ ၈၆ ရာခိုင်နှုန်းပြီးစီး


Thursday, February 20, 2014

၂၀၁၅ တွင် စတင်မည့် အာဆီယံ စီးပွားရေးအသိုင်းအ၀ိုင်း (AEC) အတွက် မြန်မာနိုင်ငံက ပြင်ဆင် ဆောင်ရွက်နေသောလုပ်ငန်းစဉ်များ၏ ၈၆ ရာခိုင်နှုန်းကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟုအမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က ပြောသည်။

Obama နဲ့ရုပ်တူလို့ ရုပ်ရှင်ကနေထုတ်ပယ်ခံခဲ့ရတဲ့ သရုပ်ဆောင်




Thursday, February 20, 2014

The Bible TV mini-series တွေထဲမှာမကောင်းဆိုးဝါး(စေတန်) အဖြစ် သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင် Mohamen Mehdi Ouazanni ကို အမေရိကန်သမ္မတနဲ့လွန်စွာမှရုပ်ချင်းဆင်တူနေတဲ့အကြောင်းပြချက်နဲ့ အဲဒီ့ series တွေနဲ့စပ်ဆက်နေတဲ့ရုပ်ရှင် Son Of God ကနေထုတ်ပယ်ခဲ့ပါတယ်။

အငှားယာဉ်မောင်းနှင့် ခရီးသည်ကို ပြိုင်ကားငါးစီးပေါ်က လူငယ်များ ရိုက်နှက်မှု သဲလွန်စတွေ့ရှိ



လှိုင်မြို့နယ် ၆ မိုင်ခွဲ မှတ်တိုင်အနီးတွင် လွန်ခဲ့သောသုံးရက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က စူပါရုဗင် ခရီးသည်တင် ယာဉ်တစ်စီးကို ပြိုင်ကားငါးစီး ပိတ်ဆို့ကာ ပြိုင်ကားပေါ်မှ လူငယ်များက ယာဉ်မောင်းနှင့် ခရီးသည်ကို ဘေ့စ်ဘောတုတ်ဖြင့် ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ သံသယရှိသော ပြိုင်ကားတစ်စီးကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့နံနက် ၄ နာရီခန့်က မရမ်းကုန်းမြို့နယ်တွင် တွေ့ရှိထားကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ပြိုင်ကားမှာ Nissan FAIRLADY Z အမျိုးအစား အဖြူရောင်ယာဉ် ဖြစ်ပြီး လမ်းပေါ်တွင် လူမရှိဘဲ အချိန်ကြာ ရပ်နားထားကြောင်း၊ အဆိုပါ ရိုက်နှက်မှုနှင့် ပတ်သက်၍ ဆက်စပ်သတင်းများအရ သံသယဖြစ်ဖွယ် အဆိုပါ ပြိုင်ကားကို ရဲစခန်းတွင် ခေတ္တထိန်းသိမ်းထားပြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော သံသယရှိသူ အသက် ၂၁ နှစ်အရွယ် လူငယ်နှစ်ဦးကို စုံစမ်းရရှိထားကြောင်း လှိုင်မြို့မရဲစခန်းထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က စူပါရုဗင် အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းမှာ ခရီးသည် အမျိုးသားသုံးဦးကို မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ်သို့ ပို့ဆောင်ရန် ပြည်လမ်း အတိုင်း မောင်းလာစဉ် ၇ မိုင်ကားမှတ်တိုင်တွင် ညာဘက်ပလက်ဖောင်း ဘေးရပ်ထားသော ဟွန်ဒါစီဗစ်ယာဉ်ကို ကျော်တက် မောင်းနှင်ခဲ့ကြောင်း၊ လှိုင်မြို့နယ် ၆ မိုင်ခွဲ မှတ်တိုင်အနီးတွင် ပြိုင်ကားတစ်စီးက ကျော်တက်ကာ အဆိုပါ ခရီးသည်ယာဉ်ရှေ့ ပိတ်ရပ်မှုကြောင့် ခရီးသည်တင်ယာဉ်က ထပ်မံကျော်တက်ရန်ပြုစဉ် ဟွန်ဒါစီဗစ်ယာဉ်က ဘေးဘက်က ပိတ်ရပ်ခဲ့ရာ ဆက်မောင်း၍ မရတော့သဖြင့် ရပ်တန့်ခဲ့ကြောင်း လှိုင်မြို့မရဲစခန်းထံမှ သိရှိရသည်။

ထိုကဲ့သို့ ဖြစ်ပွားနေစဉ် ပြိုင်ကားနှစ်စီး ထပ်မံရောက်ရှိလာပြီး အငှားယာဉ်ကို စုစုပေါင်း ပြိုင်ကားငါးစီးက ပိတ်ဆို့ဝိုင်းထားသဖြင့် အငှားယာဉ်မောင်းက ယာဉ်ပေါ်မှဆင်းကာ တောင်းပန်စဉ် ပြိုင်ကားပေါ်မှ အသက် ၂၀ ဝန်းကျင်ခန့်ရှိသော လူငယ်ငါးဦးက ဘေ့စ်ဘောတုတ်များ၊ အုတ်ခဲများဖြင့် အငှားယာဉ်မောင်းနှင့် ခရီးသည်ကို ဝိုင်းရိုက်ပြီး အငှားယာဉ်ပါ ရိုက်နှက်ဖျက်ဆီးကာ ပြိုင်ကားများကို မောင်းနှင်ထွက်ခွာ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“ရန်ငြိုးရန်စမရှိဘဲ ဝိုင်းရိုက်ခံရတာကိုလည်း အံ့သြတယ်၊ ကျွန်တော့်ကားလည်း ပျက်စီးနေပြီ။ တစ်နေ့ရှာမှ တစ်နေ့စားရတာ။ အမှုကို အမြန်ဆုံးလည်း ဖော်ထုတ်ပေးစေချင်တယ်။ နောက်ထပ် တက္ကစီ မောင်းဖို့တောင် မစဉ်းစားရဲတော့ဘူး” ဟု ရိုက်နှက်ခံရသူ အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်း ကိုသက်ဇင်ဝင်းက ပြောကြားသည်။

ဟွန်ဒါစီဗစ် အမျိုးအစား ပြိုင်ကားနှစ်စီး အပါအဝင် စုစုပေါင်း ပြိုင်ကားငါးစီးမှ လူငယ်ငါးဦး ရိုက်နှက်စဉ် အငှားယာဉ်ပေါ်ပါ ခရီးသည် အမျိုးသားသုံးဦးအနက် နှစ်ဦးထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ယာဉ်အတွင်း ကျန်ခဲ့သော အသက် ၂၆ နှစ်အရွယ်ကို အင်ထိတ်ကြန်နှင့် ယာဉ်မောင်း ကိုသက်ဇင်ဝင်းတို့ နှစ်ဦးတွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ ရရှိကာ အငှားယာဉ်ဘော်ဒီနှင့် ရှေ့နောက် လေကာမှန်တို့ ကွဲအက် ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ပြည်လမ်းမကြီးပေါ်တွင် ညနက်ချိန်အုပ်စုဖွဲ့ ပြိုင်ကားမောင်းနှင်ကာ ခရီးသည်တင် အငှားယာဉ်ကို ဝိုင်းရိုက်ခဲ့သော ပြိုင်ကားမောင်းသူ လူငယ်တစ်စုကို (ပ) ၇၆/၁၄၊ ပုဒ်မ ၄၄၀/၃၂၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း လှိုင်မြို့မရဲစခန်းထံမှ သိရှိရသည်။

လတ်တလောတွင် ပြိုင်ကားပေါ်မှ လူငယ်အချို့ ရိုက်နှက်မှုနှင့် ပတ်သက်၍ အမှုဖွင့်လှစ်သူကို ခေါ်ယူစစ်ဆေးခြင်း၊ ဓာတ်ပုံ၊ မြေပုံများကို မှတ်တမ်းတင်ခြင်း၊ ပြစ်မှုကျူးလွန်သူ၊ သက်သေခံ ပစ္စည်းများကို သိမ်းဆည်းခြင်းနှင့် အမာခံ သတင်းပေးများနှင့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်းကာ အမှုအမြန် ပေါ်ပေါက်စေရန် အပူတပြင်းစုံစမ်းလျက် ရှိကြောင်း အဆိုပါအမှုကို ကိုင်တွယ်စစ်ဆေးသည့် ရဲအရာရှိက ပြောကြားသည်။

ကမ္ဘာကျော် ဦးပိန်တံတားကြီး ရှေးမူမပျက် ပြန်လည်ပြုပြင်မည်




Thursday, February 20, 2014

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ကမ္ဘာကျော်သစ်သားတံတား ကြီးဖြစ်သည့် ဦးပိန်တံတားကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံမှု လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

တစ်နာရီ မိုင် ၇၀ နှုန်း မောင်းနိုင်တဲ့ လူကြီးကစားစရာ ကား




Thursday, February 20, 2014

အရွယ်ရောက်ပြီး လူကြီးဖြစ်လာဆိုရင် ကျွန်တော်တို့ အားလုံးဟာ တာဝန်ရယ်၊ ဝတ္တရားရယ်ကို ရှေ့တန်းတင်ပြီး နိစ္စဓူဝ အလုပ်ကိစ္စတွေကို ဆောင်ရွက်ကြရပါတယ်။ တာဝန်တွေနဲ့ပိ၊ ဝတ္တရားတွေနဲ့ညိ၊ ဖိအားတွေများပြီး ကိုယ်ခန္ဓာက မနေမနား လုပ်ကိုင်နေရတဲ့ ဘဝတွေပါ။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင်ကျင်းပသည် ပထမအကြိမ် ပြည်သူ့လွှတ်တော် န၀မအကြိမ် အစည်းအဝေးကို အဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်













ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင်ကျင်းပသည် ပထမအကြိမ် ပြည်သူ့လွှတ်တော် န၀မအကြိမ် အစည်းအဝေးကို အဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်