20.2.14

၂ဝ၁၃ အတွင်း စာနယ်ဇင်းသမားများနှင့် သတင်းမီဒီယာဝန်ထမ်းပေါင်း ၁၃၄ ဦး သတ်ဖြတ်ခံခဲ့ရ


၂ဝ၁၃ ခုနှစ်အတွင်း စာနယ်ဇင်းသမား များနှင့် သတင်းမီဒီယာရုံး ဝန်ထမ်းပေါင်း ၁၃၄ ဦး သတ်ဖြတ်ခံခဲ့ ရပြီး ၎င်းတို့အနက် အများစုမှာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံခဲ့ရသူများ ဖြစ်သည်ဟု လန်ဒန်အခြေစိုက် နိုင်ငံတကာ သတင်းလုံခြုံရေးအဖွဲ့ (INSI) မှ သတင်းထုတ်ပြန်လိုက်သည်ဟု ဖေဖော် ဝါရီ ၁၉ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၎င်းတို့အနက် ဆီးရီးယားပြည်တွင်းစစ်အတွင်း ၂ဝ ဦးနှင့် အီရတ်တွင် ၁၆ ဦး အပါအဝင် လက်နက်ကိုင် ပဋိပက္ခများအတွင်း ၆၅ ဦး သေဆုံးခဲ့ရသည်ဟု ထိုအဖွဲ့၏ ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။ ထို့အတူ အခြား ၅၁ ဦးမှာလည်း ငြိမ်းချမ်းမှုရှိသည့် အချိန်အတွင်း ရာဇဝတ်မှုနှင့် ချစားမှုများ ဖော်ပြခဲ့ခြင်း ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကာ ၁၈ ဦးမှာလည်း မတော်တဆမှုများအတွင်း သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ယမန်နှစ်အတွင်း ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့မှာ သတင်းထောက်များအတွက် အန္တရာယ်အများဆုံး နိုင်ငံများဖြစ်ကြပြီး၊ ယင်းတို့နောက်၌ သတင်းထောက် ၁၄ ဦး သေဆုံးခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ၊ ၁၃ ဦး သေ ဆုံးခဲ့သော အိနိ္ဒယနှင့် ကိုးဦးသေဆုံးခဲ့သော ပါကစ်္စတန်နိုင်ငံတို့ ဖြစ်သည်ဟု ထိုအဖွဲ့က ဆိုသည်။

၂ဝ၁၃ ခုနှစ် သေဆုံးမှုစာရင်းအရ စာနယ်ဇင်းသမား ၁၅၂ ဦး သေဆုံးခဲ့သည့် ၂ဝ၁၂ ခုနှစ်ထက် သေဆုံးမှု ပမာဏ လျော့နည်းသွားသော်လည်း သတင်းသမားများကို ဦးတည်သည့် တိုက်ခိုက်မှုများ၊ ခြိမ်းခြောက်မှု များနှင့် ပြန်ပေးဆွဲမှုများ မြင့်တက်လာကြောင်း အများစုမှ အစီရင်ခံတင်ပြခဲ့ခြင်း မရှိကြောင်း “သတင်း ဆက်သားများကို သတ်ဖြတ်ခြင်း” အမည်ရှိ သတင်းလုံခြုံရေးအဖွဲ့၏ အစီရင်ခံစာမှ ဆိုသည်။

ထိုအဖွဲ့၏အစီရင်ခံစာ၌ ချိုးဖောက်ခံရမှု အများဆုံးမှာ ဒေသခံသတင်းထောက်များဖြစ်ပြီး သေဆုံးသွား သည့် သတင်းထောက်များအနက် ၁၂၃ ဦးမှာ ၎င်းတို့ နိုင်ငံအတွင်းမှ သတင်းများအား ထောက်လှမ်းနေ စဉ် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ဆီးရီးယားနိုင်ငံတွင် သေဆုံးသွားသည့် သတင်း ထောက် ၂ဝ ဦးတွင် ၁၆ဦး မှာ ဆီးရီးယားနိုင်ငံသားများ ဖြစ်ကြသည်။

Mizzima - News in Burmese

0 comments:

Post a Comment