20.2.14

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများထံမှ ဘတ်တစ်ထောင် ကောက်ခံလျှင် မြန်မာအစိုးရ ကန့်ကွက်မည်


၂၀.၂.၂၀၁၄၊ ကြာသပတေးနေ့

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားအပေါ်တွင် အိမ်ပြန်စရိတ်အဖြစ် ဘတ်တစ်ထောင်ကို ကောက်ခံခြင်းများ ပြုလုပ်လာပါက ကန့်ကွက်သွားမည်ဟု အလုပ်သမားအလုပ်အကိုင် ရှာဖွေးရေး နှင့်လူမှုဖူလုံးရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က မဇ္ဈိမကိုပြောသည်။


”အရင်ကတည်းက သူနိုင်ငံရဲဥပဒေမှာတော့ ပါပြီးသား။ မကောက်ဖို့အတွက် ကန့်ကွက်ထားပြီးသား၊ တစ်ကယ်လို့ ကောက်ခံလာမယ်ဆိုရင် ခွင့်မပြုဘူ ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကောက်ခံမယ်ဆိုရင် ဒီကိုတရားဝင်ပြောရမှာ၊ လုံးဝ ခွင့်မပြုဘူးကန့်ကွက်သွားမယ်။ သူတို့ အလုပ်ရှင်တွေအတွက် ဆောင်ရွက်ပေးတဲ့ စနစ်ပဲ လက်မခံဘူး” ဟု ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီယားအစရှိသည့် အောက်ခြေတွင် လုပ်ကိုင်နေသော နိုင်ငံခြား အလုပ်သမားများကို အိမ်ပြန်စရိတ်အဖြစ် ဘတ်တစ်ထောင်ကို ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံအလုပ်သမား ဥပဒေအရ လာမည့် မတ်လ တစ်ရက်တွင် စတင်ကောက်ခံသွားမည်ဟု ထိုင်းနိုင်ငံတွင် ထုတ်ပြန်ထားသည်ဟု ထိုင်းနိုင်ငံရွှေပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်မှ အတွင်းရေးမှုး ဦးစိန်ဌေးကပြောသည်။

အဆိုပါ အိမ်ပြန်စရိတ်သည် မြန်မာအလုပ်သမားများအနေဖြင့် ပေးသွင်းရမည်ဆိုလျှင် မြန်မာနိုင်ငံကို ပြန်သည့်အချိန်မှသာလျှင်
ထိုင်းအစိုးရအနေဖြင့် ပြန်လည် ထုတ်ယူခွင့်ပြုသွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာအလုပ်သမားများ စက်ရုံတစ်ခုနှင့်တစ်ခု ပြောင်းရွှေ့ခြင်းပြုလုပ်လျှင် အဆိုပါပေးသွင်းထားသည့် ဘတ်တစ်ထောင်မှာ ဆုံးရှုံးသွားမည်ဖြစ်သည်ဟု ညွှန်ကြားရေးမှုးချူပ်ဦးမျိုးအောင် ကပြောသည်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားနှစ်သန်းကျော် တရားဝင်သွားရောက်လုပ်ကိုင်နေပြီး ထိုင်းနိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုနေသော အောက်ခြေအလုပ်သမားများအား ကောက်ခံမည့် အစီအစဉ်သည် နှစ်နိုင်ငံအစိုးရအနေဖြင့် အမြန်ဆုံးညှိုနှိုင်းဖြေရှင်းဆောင်ရွက်ရမည်ဟု အတွင်းရေးမှုးဦးစိန်ဌေးက ပြောသည်။

Mizzima

0 comments:

Post a Comment