20.2.14

မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရေး လက်ကမ်းစာစောင် ဖြန့်ဝေ



20.2.2014

ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို လုံးဝဖျက်သိမ်းပေးဖို့အတွက် တောင်းဆိုတဲ့ လက်ကမ်းစာစောင်တွေကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဖြန့်ဝေခဲ့ပါတယ်။


ဒီနေ့ လက်ကမ်းစာစောင်တွေ လိုက်ဝေခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ကိုထွဋ်ခေါင်က သူတို့ရဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

"မေခနဲ့ မလိခက ကချင်တမျိုးသားလုံးရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့ သမိုင်းအမွေအနှစ် ဖြစ်တယ်ဆိုတဲ့အကြောင်း ဒီမေခနဲ့ မလိခ ပျောက်ဆုံးသွားဖြင်းအားဖြင့် ကချင်လူမျိုးတွေအနေနဲ့ သမိုင်းယဉ်ကျေးမှု ပျောက်ဆုံးတာနဲ့ ထပ်တူထပ်မျှကျကြောင်း ရေကာတာကို ရပ်ဆိုင်းနိုင်မှသာ ပြည်တွင်းငြိမ်းချမ်းရေးရယ်၊ နောက်အမျိုးသား ပြန်လည်သင့်မြတ်ရေးရယ်၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးတာကိုလည်း ကာကွယ်နိုင်မယ်ဆိုတဲ့ အကြောင်တွေကိုတော့ ပြည်သူတွေကို အသိပေးမှာဖြစ်ပါတယ်"

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်က မနက်ဖြန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့အတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အလားတူ လက်ကမ်းစာစောင်တွေ ဖြန့်ဝေမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း နိုင်ကျဉ်းအဖွဲ့ချုပ်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ လက်ကမ်းစာစောင်တွေ ဝေငှခဲ့ပါတယ်။

RFA

0 comments:

Post a Comment