20.2.14

ဗင်နီဇွဲလား ပြည်တွင်း ပဋိပက္ခမှာ အလှမယ် တစ်ဦး ကွယ်လွန်


Thursday, February 20, 2014

တောင်အမေရိက က ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရ ထောက်ခံသူနဲ့ အစိုးရ ဆန့်ကျင်သူတို့ကြား ပဋိပက္ခ ဖြစ်ပွားမှု အကြီးအကျယ် ဖြစ်နေပါတယ်။ ၂၀၁၃ မတ်လက သမ္မတ Hugo Chavez ကွယ်လွန်ပြီးနောက် ဒုတိယ သမ္မတ Nicolas Maduro က သမ္မတ ဖြစ်လာခဲ့ ပါတယ်။
မဲကိစ္စနဲ့ ပက်သက်ပြီး ပြည်သူများ မကျေနပ်ချက် ဖြစ်ခဲ့ပေမယ့် ယခု အရေးအခင်းကတော့ ၁၅ နှစ်ကြာ သက်တမ်းရှည်လာတဲ့ ဆိုရှယ် လစ် နိုင်ငံရေး စနစ်အပေါ် ပုန်ကန်တော်လှန်ခြင်း ဖြစ်ပါ တယ်။ ရေနံဖြင့် ချမ်းသာကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ၂၀၁၃ နှစ် လယ်လောက် က စလို့ ယနေ့အချိန်အထိ နိုင်ငံရေး မငြိမ်သက်တော့ ပါဘူး။

အရေးအခင်းများကြောင့် သေဆုံးသူများလည်း မြင့်တက် လာပါယ်။ ပြီးခဲ့တဲ့ လကပဲ ဗင်နီဇွဲလားရဲ့ အလှမယ် တစ်ဦးနဲ့ အမျိုးသားတို့ လမ်းမမှာ လုပ်ကြံ ခံခဲ့ ရပါတယ်။ ယခု ဗင်နီဇွဲလားရဲ့ ပြည်နယ် တစ်ခုမှာ Miss Tourism ဆု ရရှိထားတဲ့ အသက် ၂၁ နှစ်အရွယ် Genesis Carmona ဟာလည်း လမ်းမပေါ် မှာ အရေးအခင်းထဲ သေနတ်နဲ့ အပစ်သတ် ခံခဲ့ ရပါတယ်။ ဦးခေါင်းကို ထိသွားခြင်း ဖြစ်ပြီး ဆိုင်ကယ်ပေါ် ယခုလို တင်ပြီး ဆေးရုံပို့ပေ မယ့် ကုသလို့ မရပဲ သေဆုံး သွား ပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်မှာ ဗင်နီဇွဲလားဟာ ပဋိပက္ခများကြောင့် အသက် အန္တရာယ် စိုးရိမ်ရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment