20.2.14

သီလ၀ါ အထူးစီးပွားရေးဇုန် မြေကွက်ငှားရမ်းခ ၃၀ ရာခိုင်နှုန်း လျှော့ချမည်




ထင်လင်းအောင်|ဖေဖော်ဝါရီ ၂၀ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

သီလ၀ါအထူးစီးပွားရေးဇုန် မြေကွက်အငှားဈေးနှုန်းကို စက်မှုဇုန်မြေကွက်ပေါက်ဈေးများအောက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် လျှော့ချသတ်မှတ်သွားမည်ဖြစ်သည်ဟု မြန်မာသီလ၀ါ အထူးစီးပွား ရေးဇုန်အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က မီဒီယာများအား ပြောသည်။

လက်ရှိတွင် မြေကွက်အငှားဈေးနှုန်းများကို သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ယခုနှစ် မေလ ဆန်းတွင် ထုတ်ပြန်ကြေညာနိုင်ရန်ဆောင်ရွက်မည်ဟု ဖေဖော်ဝါရီ ၁၉ ရက်က မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တွင်ကျင်းပသည့် သီလအထူး စီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ အစုရှယ်ယာရောင်းချရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။

ဦးဝင်းအောင်က “နိုင်ငံခြားသားရော ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေအတွက်ပါ စက်မှုဇုန်တွေ မြေ ဈေးကြီးမြင့်နေတာက အဟန့်အတားတစ်ခု၊ အခက်အခဲတစ်ခုလိုဖြစ်နေတယ်။ ဒါကြောင့် အခုလုပ် မယ့် အထူးစီးပွားရေးဇုန်မြေ အငှားဈေးကို ဈေးကွက်ပေါက်ဈေးအောက် အနည်းဆုံး ၃၀ ရာခိုင်နှုန်း လောက်လျှော့ချပြီး သတ်မှတ်သွားမှာပါ။ ဧပြီလကုန်၊ မေလဆန်းလောက်မှာ မြေကွက်ငှားရမ်းခ ဈေးနှုန်းတွေကို ထုတ်ပြန်နိုင်အောင်လုပ်သွားမှာပါ” ဟု ပြောသည်။

လက်ရှိစက်မှုဇုန်များရှိ မြေကွက်အငှားဈေးနှုန်းများသည် ရေ၊ မီး၊ လျှပ်စစ်နှင့် လမ်းကောင်းမွန်မှု အားသာချက်များအလိုက် ဈေးနှုန်းကွာဟချက်ရှိကာ လှိုင်သာယာစက်မှုဇုန်အတွင်းရှိ ပေ ၁၀၀ ပတ် လည် မြေကွက်ငှားရမ်းခဈေးနှုန်းများမှာ အကြမ်းအားဖြင့် ကျပ်ငွေ နှစ်သိန်းခွဲမှ သုံးသိန်းအကြား ဈေးပေါက်နေသည်ဟု အာရှမြေအိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးသက် ပိုင်စိုးက ပြောသည်။

ထိုသို့ မြေကွက်အငှားဈေးနှုန်းများကို လျှော့ချငှားရမ်းမည်ဟုဆိုသော်လည်း အထူးစီးပွားရေးဇုန် SEZ အတွင်း ၀င်ရောက်လုပ်ကိုင်မည့် လုပ်ငန်းရှင်များအားလုံးသည် ကုန်ကြမ်းတင်သွင်းသည့် အခွန်နှုန်းထားသက်သာခြင်းမှလွဲကာ ကျန်လုပ်ငန်းဆောင်ရွက်မှုများအားလုံးသည် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများနည်းတူ ဒေါ်လာဖြင့် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင် များ ၀င်ရောက်လုပ်ကိုင်နိုင်ရန် အားနည်းချက်များရှိကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကဆိုသည်။

၎င်းအပြင် အထူးစီးပွားရေးဇုန်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ၀င်ရောက်လုပ်ကိုင်မည့် ပြည် တွင်းပြည်ပလုပ်ငန်းရှင်များအားလုံးမှာ မြေကွက်များကို အပိုင်ဝယ်ယူခွင့်မရှိဘဲ နှစ်ရှည်ငှားရမ်းလုပ် ကိုင်ခွင့်သာရရှိမည်ဖြစ်ပြီး ထုတ်ကုန်များသည်လည်း ပို့ကုန်သာဆောင်ရွက်ရမည်ဖြစ်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ယှဉ်ပြိုင်ရန် အခက်အခဲများစွာရှိကြောင်း ဆက်လက်ပြောသည်။

“အထူးစီးပွားရေးဇုန်ဆိုတာက နိုင်ငံခြားတိုင်းပြည်တစ်ခုလို သီးသန့်သတ်မှတ်လိုက်တာ။ အဲတော့ မြေအငှားဈေးတစ်ခု သက်သာတာကလွဲရင် ကျန်တာအားလုံးက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလိုပဲ တန်းတူဖြစ်သွားတော့မှာ။ မြေဈေးလျှော့ပေးလဲ တခြားကိစ္စတွေ အများကြီးဆိုတော့ ပြည်တွင်းလုပ် ငန်းရှင်တွေက ၀င်ဖို့မလွယ်လောက်ဘူး။ ကိုယ်ထုတ်တဲ့ထုတ်ကုန်က ပြည်ပကိုပဲတင်ပို့ရမယ်။ ၀ယ် မယ့်သူမရှိဘူးဆို ဘယ်လိုလုပ်မလဲ။ ပြည်တွင်းမှာ ရောင်းရင်သွင်းကုန်လုပ်သလိုအခွန်ဆောင်ရ မယ်ဆိုတော့ အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်ဖို့ နိုင်ငံခြားဈေးကွက်တွေ အများကြီးလိုတယ်” ဟု ဦးမြတ်သင်းအောင်က ပြောသည်။

လက်ရှိတွင် သီလ၀ါအထူးစီးပွားရေးဇုန်တွင် ၀င်ရောက်လုပ်ကိုင်ရန် ပြည်တွင်းပြည်ပမှ အထည်ချုပ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းစသော လုပ်ငန်းရှင် များမှ စုံစမ်းမှုများရှိနေသည်ဟု ဦးဝင်းအောင်က ထပ်မံပြောသည်။
Yangon Media

0 comments:

Post a Comment