20.2.14

ယူကရိန်းဆန္ဒပြပွဲ၂၅ဦးသေဆုံး



20-2-2014

ယူကရိန်းနိုင်ငံကိယဗ်မြို့တွင် ဖေဖော်ဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၁၉ရက် နံနက် စောစောပိုင်းအထိ ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွားရာ သေဆုံးသူပေါင်း ၂၅ ဦး ထက်မနည်းရှိကြောင်း ယူကရိန်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြား သည်။


ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ကိဗ်မြို့ အလယ်ပိုင်းရှိ ဆန္ဒပြသမားများ၏စခန်းရှိရာ သို့ ယူကရိန်းတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားကြခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်အတွင်း နှစ်ဘက်စလုံးမှ လူ ၃ဝဝ ကျော် ဒဏ်ရာ ရရှိကြောင်း သတင်းဌာနက ပြောကြားသည်။

ထိုစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များဘက်မှ ရဲအရာရှိကိုးဦးသေဆုံး၍ နှစ်ဘက်စလုံးမှ ၃၇၁ဦးဒဏ်ရာရရှိကြောင်း၊ ဖေဖော်ဝါရီ ၁၈ရက် ည ၈နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသမားများရှိရာသို့ ဝိုင်းထားပြီး နှိမ်နင်းရာမှ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ပြောကြားသည်။
ဆင်ဟွာ။

0 comments:

Post a Comment