20.2.14

ဒုက္ခသည်များအရေး စုံစမ်းစစ်ဆေးမည်


Thursday, February 20, 2014

သြစတြေးလျနိုင်ငံနှင့် ပါပူဝါနယူးဂီနိတို့က ထိန်းသိမ်းရေးစခန်းမှ နိုင်ငံရေး ခိုလှုံသူများထွက်ပြေးရာတွင် တစ်ဦးသေဆုံးပြီး ၇၇ ဦး ဒဏ်ရာရရှိမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဖြစ်အပျက်မှာ ဖေဖော်ဝါရီ ၁၆ နှင့် ၁၇ ရက်က ပါပူဝါနယူးဂီနိရှိ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး စခန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဖေဖော်ဝါရီ ၁၇ ရက် အခင်းဖြစ်ပွားမှုကို ပိုမိုကြီးထွား စေနိုင်သော သတင်းပေးပို့မှုများရှိနေပြီး ပါပူဝါနယူးဂီနိရဲတပ်ဖွဲ့များက သေနတ် ပစ်ဖောက်ခဲ့သည်ဟု လည်း သတင်းထွက်ပေါ်လျက် ရှိသည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများက သိသာထင်ရှားသည့် သက် သေများကို တောင်းဆိုနေပြီး သြစတြေးလျသို့လည်း နိုင်ငံရေး ခိုလှုံသူများအပေါ် တာဝန်ဝတ္တရား ပျက် ကွက်မှုများရှိနေကြောင်း သတိပေး ပြောကြားထားသည်။

အိနိ္ဒယရှိ ၁၁၇ နှစ်အဘိုးအို ကမ္ဘာ့အသက်ကြီးဆုံးလူသား ဖြစ်လာနိုင် ကမ္ဘာ့အသက်အကြီးဆုံးလူသားမှာ အိနိ္ဒယနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ဆင်ဟွာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အိန်္ဒိယနိုင်ငံအလယ်ပိုင်း ချာတစ်ဂါပြည်နယ် ကော်ဘာဒေသတွင် နေထိုင်သော ပရီမာဆိုင်းပက်တယ် အမည်ရသူက ၎င်းမှာ မေ ၁၁ ရက်၊ ၁၈၉၆ ခုနှစ် တွင်မွေးဖွားခဲ့ပြီး ၁၁၇ နှစ်နှင့် ရှစ်လ ရှိပြီဖြစ်ကြောင်း ဆိုသည်။ ၎င်းကိုင်ဆောင်ထားသော အငြိမ်းစားအစိုးရ ကျောင်းဆရာကဒ်ပြားတွင်လည်း တူညီသော မွေးလ၊ မွေးနှစ် များကိုဖော်ပြထားကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က မီဒီယာများတွင် ဖော်ပြထားသည်။ အိနိ္ဒယ ဆရာဝန်ကြီးတစ်ဦးကမူ လူတစ်ဦးအနေဖြင့် အသက် ၁၁၇ နှစ်အထိ နေထိုင်နိုင်ခြင်းမှာ မဖြစ်နိုင် ကြောင်း ပြောဆိုထားသည်။ အကယ်၍ ၎င်း၏အသက်မှာ ပြောဆိုထားသည့်အတိုင်း မှန်ကန်ပါက ၁၁၅ နှစ် အရွယ်ရှိ ဂျပန်အမျိုးသားဖြစ်သူ မီစာအိုကာဝါ၏ စံချိန်ကိုချိုးဖျက်နိုင်မည် ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment