20.2.14

အနော်ရထာမင်းတည်ဆောက်ခဲ့သော တောင်သာမြို့နယ် ဇဂျမ်းကန်မြဲကန်နိုင်ငံတော်သမ္မတလမ်းညွှန်ချက်ဖြင့်ပြုပြင်မှု ဦးအောင်သောင်းကွင်းဆင်းကြည့်ရှု




20-2-2014

တောင်သာမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သောင်းသည် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးမြင့်
၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်၊ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသန်းဌေး အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေး တိုင်းဒေသကြီးပါတီကော်မတီဝင် များ၊တောင်သာမြို့နယ်ပါတီကော် မတီဝင်များနှင့်အတူ နိုင်ငံတော် သမ္မတ၏လမ်းညွှန်မှုဖြင့်စီမံဆောင် ရွက်လျက်ရှိသော တောင်သာမြို့ နယ်အတွင်းရှိ စက်ရေတွင်းများ တူးဖော်နေမှုနှင့် အနော်ရထာမင်း တည်ဆောက်ခဲ့သော တောင်သာ မြို့နယ်ဇဂျမ်းကန်မြဲကန်သို့ ယခုလ ၁၅ ရက်နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုခဲ့သည်။


ဦးအောင်သောင်းနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဇဂျမ်းကန်မြဲကန်
ရေဖြည့်သွင်းရန်အတွက် ဆောင် ရွက်နေသည့်သစ်ရိုက်ကျောက်ဖြည့်
ရေလွှဲဆည်တည်ဆောက်ခြင်းနှင့် ရေသွယ်မြောင်းဖောက်လုပ်ခြင်း လုပ်ငန်းများကိုသွားရောက်ကြည့်ရှု ပြီးနောက် အနော်ရထာမင်းတည်
ဆောက်ခဲ့သည့် ဇဂျမ်းကန်မြဲကန် ကြီး ပြုပြင်ရေးလုပ်ငန်းခွင်သို့ သွား ရောက်ကြည့်ရှုကြသည်။ ဆည်မြောင်းဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးမောင် လွင်ကဇဂျမ်းကန်မြဲ
ကန်ကြီးကို ပြုပြင်ရာတွင်သစ်ရိုက်ကျောက်ဖြည့်
ရေလွှဲဆည်တည်ဆောက်ခြင်း၊

ရေကူရေသွယ်မြောင်းဖောက်လုပ်ခြင်း၊ကန်အတွင်းမှသဲနုန်းများ
တူးဖော်ခြင်းနှင့်ကန်ပေါင်အားဖြည့်ရေပိုရေလွှဲ ပြုပြင်ခြင်းလုပ်ငန်းဆိုင်ရာဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တောင်သာမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သောင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးမြင့်တို့က ဆက် လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို အကြံပြုမှာကြားခဲ့သည်။

¤င်းကန်ကြီးမှာ မြေသားကန် အမျိုးအစားဖြစ်ပြီး ကန်ပေါင်အလျားမှာ ပေ၄၈ဝဝ၊ ကန်ပေါင်အမြင့်မှာ ၂၆ပေ၊ ရေအပြည့်ရေလှောင် ပမာဏမှာ ဧကပေ၂ဝဝရှိကြောင်း၊ မတ် ၃၁ရက်အတွင်း အပြီးသတ်ပြုပြင်တည်ဆောက်သွားမည်ဖြစ်သည်။ ဇဂျမ်းကန်မြဲကန်ကြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ကျပ်သိန်းပေါင်း ၂ဝဝဝ ကျော် အကုန်ကျခံပြီး ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ဇဂျမ်းကန်မြဲကန်ကြီး ပြန်လည်ပြုပြင်ပြီးစီးပါက ယခင်ရေဂါလန် ၁၄၆သိန်း သိုလှောင်နိုင်ရာမှ ယခုအခါ ရေဂါလန် ၄ဝ၅သိန်းထိ ပိုမိုသိုလှောင်နိုင်မည်ဖြစ်ပြီး လူနှင့်ကျွဲ၊နွား တိရစ္ဆာန်များ သောက်
သုံးရေဖူလုံပြီး ဇဂျမ်းကျေးရွာဒေသတစ်ဝိုက် ပတ်ဝန်းကျင်စိမ်း
လန်းစိုပြည်မည် ဖြစ်သည်။ တောင်သာမြို့နယ် ဇဂျမ်းကန်မြဲဝန်း
ကျင်ဒေသရှိ ကျေးလက်နေပြည်သူများမှာ နိုင်ငံတော်အစိုးရ၏ ဆောင်
ရွက်ပေးမှုကြောင့် သောက်သုံးရေများဖူလုံစွာသုံးစွဲရတော့မည်ဖြစ်၍ အထူးဝမ်းမြောက်ဝမ်းသာဖြစ် လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment