18.3.13

ရေကူးအားကစားနည်းနဲ့ သင်ဇာဝင့်ကျော်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၃ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ဒီဇင်ဘာလ အတွင်းမှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ချောင်းသာ ကမ်းခြေတို့မှာ ကျင်းပမှာဖြစ်ပြီး ကျင်းပရန်ရက် ပေါင်း၂၇ဝကျော်သာ လိုတော့တဲ့အထိ နီးကပ်လာပါပြီ။ အခုတစ်ပတ်မှာတော့ ဆီးဂိမ်းမှာ ကျင်းပမယ့် အားကစားနည်း ၃၃နည်းထဲက ရေကူး အားကစားနည်းကို အနုပညာရှင် သင်ဇာဝင့်ကျော်နဲ့ ရန်ကုန်မြို့က အမျိုး သား ရေကူးကန် မှာစီစဉ်ရိုက် ကူးဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ ဆီးဂိမ်းအပေါ် အမြင်နဲ့ ရေကူးအားကစား နည်းအကြောင်း မေးမြန်းဖြစ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဆီးဂိမ်းကို အိမ်ရှင်အဖြစ်နဲ့ ကျင်းပမှာကို ဂုဏ်ယူမိ တယ်လို့ ဆိုလာသူ သင်ဇာဝင့်ကျော်က ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ”ဆောင်ပုဒ်တစ်ခုရှိတယ်။ “မြန်မာအား ကစား ကမ္ဘာကို လွှမ်းရမည်” ဆိုတဲ့ဆောင် ပုဒ်အတိုင်း တကယ်ကို မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေချင် တယ်။ ဆီးဂိမ်းက အဲဒီလိုဖြစ်လာဖို့ အတွက် အစလို့ ထင်မိတယ်။ နောက်ပြီးတော့ ကိုယ့်နိုင်ငံက အိမ်ရှင် အဖြစ်နဲ့ စည်စည် ကားကား သိုက်သိုက် မြိုက်မြိုက် ကျင်းပမှာမို့လို့ ကိုယ့်နိုင်ငံအတွက် ဂုဏ်လည်းယူမိ တယ်”

”မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပါဝင် ယှဉ်ပြိုင်ကြမယ့် ကစားသမား တွေ အားလုံး ကိုလည်း အားပေးနေ မှာပါ”လို့ ပြောပြပါတယ်။ အနုပညာရှင် တစ်ယောက်အနေနဲ့ အားကစားနည်းတစ်ခုကို ပြည်သူတွေ စိတ်ဝင်စားစေဖို့ လှုံ့ဆော်ပေးရတဲ့ အပေါ်ကိုလည်း ”ကိုယ်က အားကစားသမား မဟုတ်ပေမယ့် ဒီဟာကိုဝိုင်းပြီး လှုံ့ဆော်ပေးရတာပဲ ဖြစ်ဖြစ် ကိုယ်တတ်နိုင်သမျှ ပါဝင် ခွင့်ရတယ်ဆိုရင် ဝမ်းသာလှပါပြီ။ ကိုယ်က အားကစားအကြောင်းကို သိပ်မသိပေမယ့် အားကစား ကို ကိုယ့်ရဲ့ အနုပညာနဲ့ပေါင်းစပ်ပြီး အများပြည်သူသိဖို့ စိတ်ဝင်စားဖို့ လှုံ့ဆော်ရမယ်ဆိုရင် ကျေနပ်သလို ဝမ်းလည်းဝမ်းသာပါတယ်”လို့ သင်ဇာဝင့်ကျော်က ဆက်ပြောပါ တယ်။

အနုပညာရှင် မဖြစ်ခင်ငယ်ငယ် တုန်းကတည်းကအားကစားကို စိတ် ဝင်စားပြီး ဘောလုံးကန်တာ၊ ရေကူးတာတို့ကို လုပ်ဖြစ်ခဲ့တယ်ဆိုတဲ့ သင်ဇင် ဝင့်ကျော်က သူ့ရဲ့ ငယ်စဉ် ဘဝကို ”ငယ်ငယ်တုန်းကနေတဲ့ ခြံကကျယ်တယ်။ အဲဒီက ကိုယ်တွေနဲ့ သက်တူရွယ်တူ ကစားဖော်၊ ကစားဖက်တွေလည်း ရှိတယ်ဆိုတော့ ဘောလုံးလည်း ကန်ဖြစ်တယ်။ နောက်ပြီး ဘေ့စ်ဘောတို့လို အားကစားတွေ လည်းလုပ်ဖြစ်တယ်။ ငယ်ငယ်ကတည်းက ရေကူးရတာကို ဝါသနာပါပြီး ရေကူးတာကို လုပ်ဖြစ်ခဲ့တယ်”လို့ ပြောပြပါတယ်။ ရေကူးအားကစားနဲ့ အမှတ်တရ တွေအကြောင်းကို ”ခုနစ်တန်း လောက်က ရေကူးပြိုင်ဖို့ဆိုပြီး ပြိုင်ပွဲ ဝင်စာရင်းထည့်ပေး လိုက် တယ်။ မီတာ ၅ဝ၊ ၁ဝဝလားတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ ပြိုင်ပွဲ ရက်နီးခါမှ နေမကောင်းဖြစ်တာ ကြောင့် မပြိုင်လိုက်ရဘူး။ စိတ် လည်းမကောင်းဘူးပေါ့။ ဒါကတော့ အခုထိ သင်ဇာ့အတွက် အမှတ်တရပါပဲ”လို့ သတိတရနဲ့ ပြောပြပါတယ်။ ရေကူးအားကစားဟာ ကျန်းမာရေးအတွက် သင့်တော်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိစေကြောင်း၊ ခန္ဓာကိုယ်အတွက် ရေကူး အားကစားနည်းဟာ အလွန်အဆင် ပြေကြောင်း ဆက်ပြောပါတယ်။

သင်ဇာဝင့်ကျော်က ဆီးဂိမ်းပြိုင်ပွဲကို ပရိသတ်အများအပြား လာရောက် အားပေးစေချင်ပြီး ပြိုင်ပွဲဝင်မယ့် အားကစားသမား တွေအတွက် အားပေးဆုတောင်း စကားကို ”ဘယ်အရာမဆို ဇွဲ မလျှော့စတမ်း ကြိုးစားရင် အောင် မြင်မှာပါ။ ကိုယ်ဆုံးဖြတ်ပြီး တဲ့အရာကို ကောင်းအောင်လုပ်ဖို့ပဲ ကြိုးစားပါတယ်။ သင်ဇာလည်း ဘဝကို ဒီလို ပဲလျှောက် လှမ်းနေတာပါ။ ရေကူး အားကစားနည်းက ကစားသမားတွေရော၊တခြားအားကစား နည်းတွေက နိုင်ငံဂုဏ်ဆောင်ကြမယ့် ကစားသမားတွေပါ ဇွဲ မလျှော့ စတမ်းကြိုးစားပြီး မြန်မာ နိုင်ငံအတွက် ရွှေတံဆိပ်အများကြီးရ မယ်လို့ မျှော်လင့်ပါတယ်၊ ယုံလည်း ယုံကြည်ပါတယ်”လို့ပြောပြခဲ့ပါတယ်။ ရေကူးပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိရေကူးကန်နဲ့ ဇေယျာသီရိ ရေကူးကန်တွေမှာ ကျင်းပပြုလုပ်မှာဖြစ် ပြီး ချီးမြှင့်မယ့် ဆုတံဆိပ် အရေ အတွက်က ရွှေ ၃၄ ခု၊ ငွေ ၃၄ ခု၊ ကြေး ၃၄ ခု စုစုပေါင်း ၁ဝ၂ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment