22.9.16

ပျက်စီးမှုများကြီးမားစွာဖြစ်ပေါ်နေသည့် ချင်းပြည်နယ်လမ်းများကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်မည်



ယခု မိုးရာသီကာလက အပျက်အစီးကြီး မားစွာ ဖြစ်ပေါ်ခဲ့သည့် ချင်းပြည် နယ်အတွင်းရှိလမ်းများ ကို ကမ္ဘာ့ ဘဏ်၏ ချေးငွေအကူအညီဖြင့် လာမည့်ပွင့်လင်းရာသီတွင် ပြန်လည်ပြုပြင်၍ အဆင့်မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း
ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး၊ ဦးရွှေထီးယိုက ပြောသည်။

ကမ္ဘာ့ဘဏ်မှ အကူအညီရရှိ မည့် ငွေပမာဏမှာ အမေရိကန် ဒေါ်လာ ၁၀၅ သန်းဖြစ်ရာ ယင်းငွေ ထဲမှ ၈၅ သန်းကို ကလေး-သိုင်း ငင်း၊ သိုင်းငင်း-ဖလမ်း၊ ဖလမ်း-ဟား ခါးလမ်း၊ ဟားခါး-ဂန့်ဂေါလမ်းများ ကို အထူးထား၍ ပြုပြင် အဆင့်မြှင့် တင်သွားမည်ဖြစ်ပြီး ကျန်ငွေကို ရခိုင်ပြည်နယ်ဘက်မှ ရယူပြုပြင် သွားမည်ဖြစ်သည်။

"ကျွန်တော်တို့ လက်ရှိဆောက် လုပ်ရေးနဲ့ လက်ရှိဆောင်ရွက်နေ တဲ့ အဖွဲ့တွေ ကို ငွေအပ်ပြီး မခိုင်းပါ ဘူး။ ကမ္ဘာ့ဘဏ်အကူအညီနဲ့ တိုက် ရိုက်ကိုင် တွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပွင့်လင်းရာသီရောက် တာနဲ့ အချိန်နှင့်တစ်ပြေးညီဆောင် ရွက်သွားမှာဖြစ်ပါတယ် " ဟု ချင်း ပြည်နယ် လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီးက ပြောသည်။

ယခုပွင့်လင်းရာသီတွင် ပြုပြင် သွားမည့်လမ်းပိုင်းများမှာ အများ အား ဖြင့် မြေ လမ်းများဖြစ်နေပြီး ၎င်း လမ်းများတွင် တောင်ပြိုကျပြီး လမ်း ပျက်စီးမှုကြီးမား လျက်ရှိကြောင်း ကလေး-ဟားခါးပြေးဆွဲသည့် ချင်း တောင်တန်း ကားအသင်းမှ ကား ဒရိုင်ဘာကိုချူးငါ က ပြောသည်။

"အခုအခြေအနေကတော့ မိုး ရွာလိုက်တာနဲ့ လမ်းပြိုကျမှုဖြစ် တယ်။ စက်ယန္တရားကြီးတွေ နဲ့ လမ်း ပြန်ဖော်ပြီး ခရီးဆက်နေရ တာပါ။ လမ်းပြုပြင်မယ်ဆိုရင်လည်း မိုးပြတ် ချိန် ဆောင်းရာသီလောက်မှ ပို အဆင်ပြေမှာဖြစ်ပါတယ်။ အခု အနေနဲ့ကတော့ အခုပြင် အခုပျက် ဖြစ်နေ တယ်။ လမ်းပျက်တောင်ပြို ကျတဲ့နေရာတိုင်းမှာ သုံးလေးနာရီ
အနည်း ဆုံးစောင့်ပြီး သွားနေ ရ တယ် " ဟု ၎င်းင်းကားဒရိုင်ဘာ က ပြောသည်။

လာမည့်ပွင့်လင်းရာသီတွင် ပြုပြင်ဆောင်ရွက်သွားမည့်လမ်း ပိုင်းများတွင် ဟားခါး-ဂန့်ဂေါမိုင် ၉၀၊ ဟားခါး-ဖလမ်းမိုင် ၄၀ နှင့် ဖလမ်း-သိုင်းငင်း -ကလေး ၇၅ မိုင် တို့ဖြစ်ကြောင်း သိရသည်။




Credit To >>> Democracy Today

0 comments:

Post a Comment