22.9.16

ပွင့်လင်းရာသီနီးကပ်လာချိန် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာနေ


ပြည်တွင်းကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပြန်လည်အသက်ဝင်လာနေပြီလို့ မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းထံကသိရပါတယ်။
ပွင့်လင်းရာသီရောက်ရှိလာတော့မှာဖြစ်တာကြောင့် ယခင်မိုးတွင်းကာလတွေမှာ ကျဆင်းသွားခဲ့တဲ့ ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းတွေ အနည်းငယ်ပြန်လည်ကောင်းမွန်လာစပြုနေပြီး အထူးသဖြင့် ရန်ကုန်-မန္တလေးနဲ့တောင်ကြီး၊မူဆယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အနည်းငယ်ပြန်လည်ကောင်းမွန်လာတယ်လို့ အသင်း တာဝန်ရှိသူကပြောပါတယ်။

“ ဇူလိုင်လတို့ သြဂုတ်လတို့လို မိုးတွင်းကာလတွေမှာ ကုန်စည်ဂိတ်တွေမှာ ကားတွေပုံနေတတ်တယ်၊ ဈေးမ ကိုက်တာနဲ့သွားလာရတာသိမ်မကောင်းတော့ ကားတွေရပ်နားထားတတ်တယ်၊ အခုလမှာတော့ ကုန်စည်စီး ဆင်းမှုက နည်းနည်းပြန်တက်လာနေပါပြီ” လို့ ယင်းတာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာ နယ်ဘက်တွေကနေ လယ်ယာထွက်ကုန်နဲ့ အခြားကုန်စည်တွေပြန်လည်တင်ပို့နေသလို ရန်ကုန် ဘက်မှလည်း လူသုံးကုန်နဲ့ဆောက်လုပ်ရေးပစ္စည်းတင်ပို့မှုတွေ ရှိနေတယ်လို့လည် သိရပါတယ်။ရန်ကုန်အခြေပြုကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအနေနဲ့ ပွင့်လင်းရာသီရောက်ရှိချိန်မှာ နေ့စဉ်ကုန်ကားအစီး ရေ ၁၆၀၀ ၀န်းကျင်မှ ၂၀၀၀လောက်အထိ ပြေးဆွဲရတယ်လို့လည်း အသင်းတာဝန်ရှိသူတွေထံကသိရပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment