3.10.16

ငါးလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၇၀၀ ခန့်ရှိ

ယခုဘဏ္ဍာနှစ်အစ ဧပြီ မှ သြဂုတ်လကုန်အထိ ပြည်ပနိုင် ငံများ၏ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ် လာ သန်း ၇၀၀ ခန့်အထိရှိကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်မှ သတင်းရရှိသည်။

ပြီးခဲ့သည့် နှစ်ကာလတူက ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရှိခဲ့ရာ ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံခန့် လျော့ကျသွားခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံသားများအား လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားပြီး လက်ရှိအထိ ကဏ္ဍငါးခု၌ ရင်းနှီးမြှုပ်နှံထားကြောင်း အထက်ပါ ကော်မရှင်၏ စာရင်းများအရ သိရသည်။

စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကန်ဒေါ်လာ သန်း ၃၃၀ကျော်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ကန် ဒေါ်လာ ၁၁၂ သန်းကျော်နှင့် အိမ် ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းများ တွင် ကန်ဒေါ်လာ သန်း ၁၀၀ တို့ ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထား ကြောင်း တွေ့ရသည်။

ထို့အပြင် မွေးမြူရေးနှင့်ရေ လုပ်ငန်းတွင် ကန်ဒေါ်လာ ၇၅ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာ ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၃၅ သန်းနှင့် အခြားဝန်ဆောင်မှုကဏ္ဍ တွင် ကန်ဒေါ်လာ ၃၇ သန်းအထိ ရင်းနှီးမြှုပ်နှံထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှာ ကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံကျော်အထိ ရှိသည်။

ယခုအစိုးရသစ် လက်ထက်ပထမဆုံးနှစ်ဖြစ်သော ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံအထိ ဝင်ရောက်မည်ဟုခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် တရုတ်၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ၄၅ နိုင်ငံ ရှိသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment