3.10.16

နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း IATA ကတစ်ကမ္ဘာလုံးမှာ လေယာဉ်စီးခရီးသွားတွေရဲ့ အပြုအမူတွေ ပိုမို ဆိုးရွားလာဟုဆို


ယမန်နှစ် ၂၀၁၅ ခုနှစ်တုန်းက လေယာဉ်စီးခရီးသွားတွေ လေယာဉ်ပေါ်မှာပြဿနာရှာတဲ့ဖြစ်စဉ်အရေအတွက် တော်တော်များပြားခဲ့တယ်လို့ နိုင်ငံတကာလေကြောင်းလုပ်ငန်းအသိုင်းအ၀ိုင်းက ပြောကြားပါတယ်။
ယင်းဖြစ်စဉ်တွေထဲမှာဆိုရင် ခရီးသည်အချင်းချင်းရန်ဖြစ် ထိုးကြိတ်ခြင်း၊ ခရီးသည်တွေဘက်က နှုတ်နဲ့ စော်ကားပြောဆိုတာမျိုး၊ လေယာဉ်အမှုထမ်းတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ ငြင်းဆန်တာမျိုးဖြစ်စဉ်တွေက ၁၇ ရာခိုင်နှုန်းထိတောင် မြင့်တက်ခဲ့တယ်လို့ နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း IATA က ထုတ်ပြန်ပြောကြားပါတယ်။
အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲထားမှုက ယခုလို ဖြစ်စဉ်တွေဖြစ်ပွားရတဲ့ အဓိကမူလအကြောင်းရင်းတစ်ခုဖြစ်တယ်လို့ည်း သိရပါတယ်။

ယင်းဖြစ်စဉ် ၁၁ ရာခိုင်နှုန်းလောက်မှာဆိုရင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုမျိုး ဒါမှမဟုတ်လေယာဉ်ကိုပါ ထိခိုက်ပျက်စီးစေမှုမျိုးတွေရှိခဲ့တယ်လို့ သိရပါတယ်။

ခရီးသည်တွေရဲ့ ပြဿနာရှာတဲ့ ဖြစ်စဉ်ပေါင်း ၁၀,၈၅၄ ကြောင့် ခရီးစဉ်တွေနှောင့်နှေးကြန့်ကြာတာမျိုးတွေ ရှိခဲ့တယ်လို့ IATA က ထုတ်ပြန်သွားခဲ့ပါတယ်။

အဓိကဖြစ်ပွားတဲ့ ပြဿနာတွေထဲမှာ နှုတ်အားဖြင့် စော်ကားပြောဆိုတာမျိုး၊လေယာဉ်အမှုထမ်းတွေရဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာတဲ့အပြင်အခြားလူ့အသိုင်းအ၀ိုင်းမှာ လက်သင့်ခံလို့မရတဲ့ အပြုအမှုမျိုးတွေပါ ကျူးလွန်းထားခဲ့တယ်လို့ IATA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment