3.10.16

Brexit ဆန္ဒမဲခံယူပွဲနောက်ပိုင်း ဥရောပကကားဝယ်သူတွေ ဗြိတိန်ထုတ်ကားတွေ ၀ယ်ယူလိုမှုကျဆင်း

ဥရောပသမဂ္ဂ-အီးယူကနေ နှုတ်ထွက်ဖို့ ဗြိတိန်တို့ရဲ့ မဲခွဲဆုံးဖြတ်မှုရလဒ်ထွက်ပေါ်ပြီးနောက်ပိုင်းကတည်းက ယင်းဒေသကကားဝယ်သူတွေဟာ ဗြိတိန်ထုတ်ကားတွေဆိုရင် မ၀ယ်ချင်ကြတော့ဘဲ ရှောင်ဖယ်လိုနေပြီဖြစ်တယ်လို့ Jaguar Land Rover ကုမ္ပဏီက ထုတ်ဖော်ငြီးတွားသွားပါတယ်။
အချက်အလက်တွေအရဆိုရင် ဥရောပတိုက်က ကားဝယ်သူတစ်ချို့ဟာ ဗြိတိန်လုပ်ကားတွေအပေါ်မှာ စိတ်ဝင်စားမှုတွေ
ကုန်ခန်းသွားပြီဆိုတာ ပြသနေခဲ့တယ်လို့ ဗြိတိန်ရဲ့အကြီးဆုံးမော်တော်ကားကုမ္ပဏီ Land Rover ရဲ့ အမှုဆောင်အရာရှိချုပ် Dr Ralf Speth က ပြောပါတယ်။

“ Brexit နောက်ပိုင်းမှ ဒီလိုဖြစ်သွားတာပါ၊ သူတို့တွေဟာ ကျွန်တော်တို့ ဗြိတိန်ထုတ်ကားတွေကို မ၀ယ်ချင်ကြတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်းနဲ့ အချိန်တိုအတွင်းမှာပဲ ပြောကြားလာကြပါပြီ” လို့ ပါရီမြို့က မော်တော်ကားပြပွဲမှာ Dr Speth က ပြောဆိုငြီးတွားသွားပါတယ်။

အလားတူ အီးယူနဲ့ ကုန်သွယ်တဲ့ ကုန်တွေပေါ်မှာ အခွန်အကောက်တွေ ပြန်လည်ထားရှိမယ့် အခြေအနေကြောင့်လည်းဗြိတိန်ထုတ်ကုန်ပစ္စည်းတွေဟာ ဥရောပဖောက်သည်တွေအတွက် ပိုမိုဈေးကြီးကာ လက်လှမ်းမမီတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ၎င်းက သတိပေးသွားပါသေးတယ်။

“ ကျွန်တော်တို့ အခွန်အကောက်တွေ အများကြီးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ရှင်းပါတယ်၊ အဲဒါက ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို လျှော့ချလိုက်သလိုပါပဲ၊ အထူးသဖြင့် ဥရောပမှာပေါ့” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

# SFJ Strategy First Journal

0 comments:

Post a Comment