30.9.16

တရုတ်နိုင်ငံက မြန်မာသရက်သီးခြောက် တန်ချိန် ၃,၀၀၀ ဝယ်ယူရန် ကမ်းလှမ်း

တရုတ်နိုင်ငံ နန်နင်းမြို့ အခြေစိုက် ကုမ္ပဏီ တစ်ခုက မြန်မာနိုင်ငံမှ သရက်သီးခြောက် တန်ချိန် ၃,၀၀၀ ဝယ်ယူရန် ကမ်း လှမ်းထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း (MFVP)မှ သတင်းရရှိသည်။

တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက် အထိ ပြုလုပ်သည့် တရုတ်-အာ ဆီယံကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ သရက်သီး၊ ထောပတ်သီး၊ ကျွဲ ကောသီး၊ ဖရဲသခွားမွှေးနှင့် သစ် ကြားသီးများ သွားရောက်ပြသခဲ့ သည်။ အဆိုပါပွဲတွင် ပြသခဲ့သည့် မြန်မာ့သရက်သီးကို နန်နင်းအခြေ စိုက်တရုတ်ကုမ္ပဏီတစ်ခုက စိတ်ဝင်စားပြီး သရက်သီးခြောက်တန် ချိန် ၃,၀၀၀ ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း MFVP ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောကြားသည်။
 ‘‘သရက်သီးကတော့ အ ကြမ်းသီး ခြောက်တွေကို လိုချင် တယ်။ အကြမ်းသီးဆိုတာက ရင် ကွဲတို့ ဘာတို့ပေါ့။ စိန်တစ်လုံးတို့ လို အချောသီးမဟုတ်တဲ့ အသီး တွေ။ အဲဒီကုမ္ပဏီက သရက်သီးပေါ်ချိန် နောက်နှစ် မတ်လ လောက်မှာ လာပြီး လေ့လာဖို့ရှိ တယ်။ သူတို့နိုင်ငံက အစားအ သောက်နဲ့ပတ်သက်ပြီး စည်းကမ်းဥပဒေတွေ တင်းကျပ်နေပြီ ဆို တော့ သရက်သီးတွေကို လာ ကြည့်ပြီးမှ ဝယ်ဖို့ပေါ့’’ ဟု ဦးစိုး သန်းမင်းဒင်က ပြောကြားသည်။
 သရက်သီးခြောက်ပြုလုပ် လျှင် အလေးချိန်မှာ သုံးပုံတစ်ပုံ နှင့် လေးပုံတစ်ပုံကြား ကျန်တတ်၍သရက်သီး ခြောက်တန် ၃,၀၀၀တင်ပို့နိုင်လျှင် သရက်သီးတန်ချိန် အနည်းဆုံး တန် ၉,၀၀၀ ခန့်အထိတင်ပို့နိုင်မည့် အခွင့်အရေးဖြစ် ကြောင်း ဦးစိုးသန်းမင်းဒင်က ပြောကြားသည်။
တရုတ် - အာဆီယံ ကုန် စည်ပြပွဲတွင် သွားရောက်ပြသခဲ့၍ တရုတ်ကုမ္ပဏီ ၃၀ ခန့်က ထောပတ်သီးများလည်း ဝယ်ယူရန် စိတ်ဝင်စားနေပြီး အောက်တိုဘာအတွင်း မြန်မာနိုင်ငံသို့ လာရောက်လေ့လာဆွေးနွေးရန် ရှိကြောင်း ၎င်းက ပြောသည်။
 မြန်မာနိုင်ငံမှ သရက်သီး များကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေပြီး ယခုနှစ် သရက်သီး ရာသီအတွင်းက တရုတ်နိုင်ငံသို့ သရက်သီး တန်ချိန် ၂၅,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည် ဒိုင်မှ သတင်းရရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment