30.9.16

နယ်စပ်ကုန်သွယ်ရေးတွင် ယခင်နှစ်အလားတူကာလထက် အမေရိကန်ဒေါ်လာသန်း ၂၀၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့


လက် ရှိဘဏ္ဍာနှစ် စက်တင်ဘာလအထိ နယ်စပ်ကုန်သွယ်ရေးပိုင်းတွင် ယခင်နှစ်အလား တူကာလထက် အမေရိကန်ဒေါ်လာသန်း ၂၀၀ နီးပါး ပိုမိုတင်ပို့ထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် အဓိကကုန်သွယ်ရေးစခန်းဖြစ်သည့် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်း ၏ ကုန်သွယ်မှုပမာဏကျဆင်းခဲ့သော် လည်း မြ၀တီနှင့် ချင်းရွှေဟော်နယ် စပ်ကုန်သွယ်ရေးစခန်းများ၏ ကုန် သွယ်မှုပမာဏ သိသိသာသာမြင့် တက်ခဲ့သဖြင့် ယင်းကဲ့သို့ နယ်စပ် ကုန်သွယ်မှုပမာဏ မြင့်တက် ခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန ကုန်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း၏ ပြောကြားချက် အရ သိရသည်။ ဦးရန်နိုင်ထွန်းက "မူဆယ်က တော့ ဒေါ်လာသန်း ၇၀ ကျော် လောက် လျော့ သွားတယ်။ အဲဒါက လည်း နိုင်ငံတကာရဲ့ ဂက်စ်ဈေးနှုန်း ကျတဲ့အတွက် လျော့ သွားတာပါ။ နောက်တစ်ခါ မူဆယ်ကနေပို့တဲ့ ဆန်လည်းနည်းနည်းလျော့ သွားတယ်။ ဆန်လျော့သွားတယ်ဆိုပေမယ့် တ ခြားအမည်တွေ ပိုပြီးပို့နိုင် တယ်။ အထူးသဖြင့် Re Export သကြား လိုဟာမျိုးက မနှစ်ကထက်များတယ် " ဟု စက်တင်ဘာ၂၉ ရက်က ဒီမိုက ရေစီတူဒေးသတင်းစာသို့ ပြောသည်။ ယခင်နှစ်ပထမခြောက်လပတ် အလားတူကာလအတွင်း မြ၀တီ နယ် စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ပမာဏ အမေရိ ကန်ဒေါ် လာ ၂၈၀ ဒသမ ၄၀၉ သန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေ ရိကန် ဒေါ်လာ ၁၇၅ ဒသမ ၄၂၀ သန်းမှ လက်ရှိဘဏ္ဍာနှစ် အလား တူကာလတွင် မြ၀တီနယ်စပ်ကုန် သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာ ဏ အမေရိ ကန် ဒေါ် လာ ၃၉၉ ဒသမ ၁၂၆ သန်း၊ ချင်းရွှေဟော် နယ်စပ်ကုန် သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ ၂၈၇ ဒသမ ၄၈၅ သန်း အထိ မြင့် တက်ခဲ့ရာ ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ ၁၁၈ ဒသမ ၇၁၇ သန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှုပမာဏ ၁၁၂ ဒသမ ၀၆၅ သန်း တိုးတက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းမှ ယခင်နှစ် စက်တင် ဘာလအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၄၄၇ ဒသမ ၇၁၇ သန်းမှ လက်ရှိဘဏ္ဍာနှစ် အလားတူကာလအတွင်း ၂၂၁၄ ဒသမ ၇၃၂ သန်းသို့ ကျဆင်းခဲ့ခြင်း ဖြစ်ပြီး ယခင်နှစ် အလားတူကာလ ထက် ကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ ၂၃၂ ဒသမ ၉၈၅ သန်း လျော့နည်းခဲ့ခြင်းဖြစ်သည်။ Credit To >>> Democracy Today

0 comments:

Post a Comment