30.9.16

ဝါကျွတ်တော့မည်ဖြစ်သောကြောင့် မန္တလေးတွင် အိမ်ခြံမြေအငှားဈေးကွက် စတင်လှုပ်ရှားလာပြီး ဈေးနှုန်းများ ၂၅ ရာခိုင်နှုန်းအထိမြင့်တက်လာ


မန္တလေး မြို့ အိမ်ခြံမြေဈေးကွက်အတွင်း ၀ါ ကျွတ် ကာလသို့ရောက်ရှိတော့မည် ဖြစ်သောကြောင့် အရောင်းအ၀ယ် ထက် အိမ်ငှားရမ်းမှုများ ပိုမိုသွက် လက်လှုပ်ရှားလာပြီး အငှားဈေးနှုန်း များမှာ ယခင်နှစ်က ထက် ၂၅ ရာ ခိုင်နှုန်းအထိမြင့်တက်လာကြောင်း အိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်း များမှသိရသည်။
မန္တလေးဈေးကွက်နှင့်အတူ မြန်မာနိုင်ငံအထက်ပိုင်းဈေးကွက် အနေအထား မှာ အရောင်းအ၀ယ်ဖြစ် မှုနည်းပါးနေပြီး မြို့သစ်အတွင်းပိုင်း များရှိ ငွေကျပ် သိန်း ၅၀၀ တန်အောက် မြေကွက်များသာ ရောင်းသူဝယ်သူ ရှိနေကြောင်း၊ မန္တလေးမြို့တွင် အိမ် ခြံမြေအကျိုးတော်ဆောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး က ပြောကြား သည်။ "မန္တလေးမြို့ကို လာရောက်အခြေ ချနေထိုင်တဲ့သူတွေ၊ အလုပ်လာလုပ် တဲ့သူတွေ ပိုမိုများပြားလာတာကြောင့် အငှားဈေးကွက် မှာ က ဈေးနှုန်းတွေ သိသာစွာ မြင့်တက်လာတာဖြစ်ပါ တယ်။ အထူးသဖြင့်တော့ စီးပွားရေး အတွက် ဆိုင်ခန်းတွေ၊ ဘာတွေဖွင့် ရင်း လူနေထိုင်လို့ပါရတဲ့ ဆိုင်ခန်းနေ ရာ တွေဆိုရင် အငှားအသွက်ဆုံးဖြစ်တာ ကြောင့် ငှားချင်တဲ့ သူတွေ အတွက် တော်တော်လေး ကို ရှားပါးနေတဲ့ အ နေအထားမှာ ရှိပါတယ်။ နေ ရာ နဲ့ အကျယ်အ၀န်းပေါ်မူတည်ပြီး အိမ် ငှားရမ်းခတွေက ကွာခြားမှုရှိပြီး မြန် မာ့ ရိုးရာဓလေ့ထုံးစံအရ ၀ါကျွတ်ကာလ မှသာ အိမ်အပြောင်းအရွှေ့ကိုလုပ် ကြတာမို့ လက်ရှိမှာအငှားဈေးကွက် က ပိုသွက်နေတာဖြစ်ပါတယ်။ အ ရောင်း အ၀ယ်အနေအထားမှာတော့ အရင်ကလို ငွေကျပ် သိန်းသောင်း ချီ အရောင်း အ၀ယ်ဖြစ်တာမျိုးက မရှိ သလောက်ကိုနည်းနေပြီး စက်မှု (၁) ဘက်က မြေ ကွက်တွေဆိုရင်ပိုင် ရှင် တွေက ထုတ်ရောင်းချင်နေကြပေမယ့် ၀ယ်လိုအားက မရှိသေးပါဘူး။ မြို့သစ် ဘက်နဲ့ ပုသိမ်ကြီးမြို့နယ်ဘက်မှာ သိန်းရာဂ ဏန်းလောက် ပဲ တန်ကြေး ရှိတဲ့ မြေကွက်တွေကိုတော့ အမှန် တကယ်နေရေး အတွက် လိုအပ်နေ သူတွေက ၀ယ်ယူမှုများနေပါတယ် " ဟု ၎င်း ကထပ်မံပြောသည်။ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် မြေဈေးနှုန်းများမှာ မြရည်နန္ဒာမြို့ သစ်ပိုင်း၊ လမ်း၅၀၊ ၅၁လမ်း၊ ၅၂ လမ်းဘက်တွင် လမ်းမေးတင်မြေကွက် များမှာ ငွေကျပ်သိန်း ၁၀၀၀ အထက် နှင့် လမ်းကြားကွက်များမှာ ငွေကျပ် သိန်း ၅၀၀ နှင့်ငွေကျပ်သိန်း ၁၀၀၀ ကြားအထိ ပေါက်ဈေးရှိနေကြောင်း၊ စက်မှု(၁)အနီး လမ်းမြေတင်မြေကွက် များမှာ ငွေကျပ်သိန်း ၁၀၀၀ မှ ငွေ ကျပ်သိန်း ၃၀၀၀ အထိနှင့်လမ်းကြား ကွက်များမှာ ငွေကျပ်သိန်းတစ်ထောင် ၀န်းကျင်ပေါက်ဈေးရှိနေကြောင်း ဈေး ကွက်အတွင်းမှ သိရသည်။ Credit To >>> Democracy Today

0 comments:

Post a Comment