20.9.13

ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူခရီးစဉ်တွင်စင်ကာပူ သမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်

စက်တင်ဘာလ ၂ဝ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ သွားရောက်မည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် စင်ကာပူနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်တာဝန်ခံ ကိုဖြိုးဇေယျာသော်က ပြောသည်။



ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူ ခရီးစဉ်တွင်လိုက်ပါမည့် လူစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဒေါက်တာတင်မာအောင် (Chief Of Staff & Personal Assistant to Chairperson)၊ ဒေါက်တာ မျိုးအောင် (ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးမင်းဦး (ဗဟို ကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) နှင့် ဦးစိုးဝင်း (Personal Aid to Gharperson) ဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စက်တင် ဘာလ ၂ဝရက်နေ့ နံနက် ၉နာရီ ရန်ကုန် လေ ဆိပ်မှ စင်ကာပူနိုင်ငံသို့ စတင်ထွက်ခွာမည် ဖြစ်ပြီး၊ စက်တင်ဘာလ ၂၄ရက်နေ့တွင် စင်ကာပူနိုင်ငံ Changin လေဆိပ်မှတဆင့် ရန်ကုန်လေဆိပ်သို့ မနက် ၁ဝနာရီ ၁၅ မိနစ် ခန့်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ကိုဖြိုးဇေယျာသော်ထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စက်တင်ဘာလ ၂ဝရက်နေ့ ညနေတွင် စင်ကာပူနိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. Grace Fuက နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး၊ စင်ကာပူနိုင်ငံ အစည်းအဝေးပွဲအား ကြိဆို သည့် ညစာစားပွဲသို့လည်း တက်ရောက်သွား မည်ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၁ရက်နေ့ တွင် စင်ကာပူ အစည်းအဝေး၏ နေ့လယ်စာ စား အပြီးတွင် အပြောင်းအလဲကြားက မြန်မာ နိုင်ငံအကြောင်းကိုပြောကြားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် စင် ကာပူ နိုင်ငံရှိ Lee Kuan Yew School Of Public Polic)သို့ သွားရောက်လည်ပတ် မည်ဖြစ်ပြီး စင်ကာပူManangement တက္ကသိုလ်တွင်လည်း Mindset in Leadership) အကြောင်းကို ပြောကြားမည်ဖြစ် ကြောင်းသိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင် စင် ကာပူ ပါလီမန်သို့ သွားရောက်လည်ပတ်မည် ဖြစ်ပြီး၊ စင်ကာပူပါလီမန်၏ ပြောရေးဆိုခွင့် ရှိသူ Madam Haliamah နှင့် တွေ့ဆုံဆွေး နွေးမည်ဖြစ်ကာ၊ စင်ကာပူနိုင်ငံသမ္မတDr. Tony Tan Keng Yan နှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်သည်။ ထို့အပြင် Mr. Lee Hsien Loong (Prime Minister Of Shingapore) Mr.Goh Chok Tong (Emeritus Semor Mininster တို့နှင့် လည်းတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်းနှင့် စင်ကာပူနိုင်ငံရှိ ITE College East နှင့် Corrupt Practices Investigation Bureau (CPIB) တို့ကိုလည်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

Messenger News Journal

0 comments:

Post a Comment