28.6.13

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ Tyla မြို့ရှိ KBP Instrument Design Bureau သို့သွားရောက် လေ့လာ




တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သောချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့ သည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့တောင်ဘက် ၁၉၃ ကီလိုမီတာ အကွာTyla မြို့ရှိ KBP Instrument Design Bureau သို့ ရောက်ရှိလာရာ Deputy Chief Engineer, Andrey V. Morozov နှင့် တာဝန် ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား ပြပွဲခန်းမတွင် Deputy Chief Engineerမှ Bureau၏ သမိုင်းကြောင်းနှင့် ထုတ်လုပ်သည့် ပစ္စည်းများ အကြောင်းကို Video Projector များဖြင့်  ရှင်းလင်း တင်ပြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ခန်းမအတွင်း ခင်းကျင်းထားသော လက်နက် ပစ္စည်းများအား လှည့်လည် ကြည့်ရှုကြရာ Deputy Chief Engineer, Andrey V.Moro-zov နှင့် Head of No(8) Department, Yury Amelinတို့မှ ရှင်းလင်း တင်ပြကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူ များမှ  ပြန်လည်ရှင်းလင်း တင်ပြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား KBP Instrument Design Bureau မှ တာဝန် ရှိသူ များက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ နေ့လယ်စာ သုံးဆောင်အပြီးတွင် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်မှ KBP Instrument Design Bureau တာဝန် ရှိသူများထံ အမှတ်တရ လက်ဆောင် ပေးအပ်ပြီး KBP Instrument Design Bureau မှ ပေးအပ်သော အမှတ်တရ လက်ဆောင်အား လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။

Ref: myawady



0 comments:

Post a Comment