1.4.13

အဆင့်မြင့်အရာရှိများအား ဌာနလွှဲပြောင်းခြင်း၊ တာဝန်မှရပ်စဲခြင်းများ ပြုလုပ်

အစိုးရ ၀န်ကြီးဌာန အချို့မှ ညွှန်ကြားရေး မှူးချုပ်များ အပါအ၀င် အဆင့်မြင့် အရာရှိ များအား အပြောင်းအလဲ ပြုလုပ်ခြင်း၊ အငြိမ်းစား ပေးခြင်း၊ တာဝန်မှ ရပ်စဲခြင်း များအား ပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။ "မှန်ပါတယ်။ ညွှန်မှူးကနေ ဒုညွှန်ချုပ် အထိ အရာရှိ များကို ၀န်ကြီးဌာန များအတွင်းမှာ အပြောင်းအရွှေ့ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ညွှန်ချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူး ကဲ့သို့သော အဆင့်မြင့် အရာရှိကြီး တချို့ကိုလည်း အငြိမ်းစား ယူခွင့် ပြုခဲ့ပါတယ်။ ဒါတွေဟာ သမ္မတကြီး ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်အရ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်" ဟုသမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က အတည်ပြုပြော ကြားသည်။

နိုင်ငံပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် လိုက်ပါ ဆောင်ရွက် နိုင်ခြင်း မရှိသော အရာရှိ များကို အငြိမ်းစား ပေးခြင်း၊ ဌာနလွှဲပြောင်း တာဝန်ပေးခြင်း တို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်မှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။ "ညွှန်ချုပ် ကနေ ညွှန်မှူး အဆင့်ထိ ၅၀ ကျော် ၆၀ လောက်ရှိမယ်။ အတိအကျတော့ မသိရသေးဘူး။ မတ် ၂၇ ရက်ကစပြီး စာထွက်နေတာ ဆက်တိုက်လည်း အရာရှိကြီးတွေ အပြောင်းအရွှေ့လုပ်တာ။ တချို့တွေကိုပြောင်း၊ တချို့တွေကို အနားပေးတာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

0 comments:

Post a Comment